Skip to main content

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

news 16 May 2024

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုအတွက် ရန်ပုံငွေကို ထည့်သွင်းကြေညာထားသည့် သြစတြေးလျနိုင်ငံ အစိုးရ ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ကြိုဆိုလိုက်ပါသည်။ 

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသည့် သင်္ဘောအုပ်စုသည် ၂၀၂၂ ခုနှစ် သြစတြေးလျနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲအတွင်း အချက်အခြာကျသည့် ရွေးကောက်ပွဲ ကတိကဝတ်တစ်ရပ်ဖြစ်ခဲ့ပြီး သြစတြေးလျနိုင်ငံကဲ့သို့ အဓိကကျသည့် ကျွန်းနိုင်ငံ စီးပွားရေးအတွက် သင်္ဘောလုပ်ငန်းနှင့် ကုန်စည်တင်ပို့မှုလုပ်ငန်း၏ အရေးကြီးပုံကို အလေးထား၍တင်ပြထားပါသည်။

နည်းဗျူဟာကျသော သင်္ဘောအုပ်စု တည်ထောင်ရေးအတွက် ၂၀၂၄-၂၅ ခုနှစ်မှစတင်၍ လာမည့် ငါးနှစ်ကာလအတွင်း ဒေါ်လာငွေ ၂၁.၇ သန်းကျော် ရင်းနှီးမြှုပ်နှံသွားပါမည်၊ အဆိုပါ တည်ထောင်ရေးအရ လိုအပ်သောအချိန်အခါ၌ အစိုးရအတွက် ရယူအသုံးချနိုင်သည့်သင်္ဘော သုံးစီး ပါဝင်သော ကနဦး အစမ်းအစီအစဥ်မှတစ်ဆင့် တည်ထောင်သွားမည်ဖြစ်ပါသည်။

ကနဦး အစမ်းအစီအစဉ် အသုံးချခြင်းကို ဤနှစ် ကုန်ဆုံးပိုင်းလောက်တွင် ပထမအသုတ် သင်္ဘောများဖြင့် အလျင်အမြန် လုပ်ငန်းလည်ပတ်ရန် မျှော်လင့်ခြင်းဖြင့် ဖွင့်လှစ်သွားပါမည်။ 

"ဝန်ကြီးချုပ် အဲလ်ဘနိစီရဲ့ ယခုလို ကြေညာလိုက်တဲ့ ကတိကဝတ်ဟာဆိုရင် ကမ္ဘာ့ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွေရဲ့ ကြံ့ကြံ့ခံမှု၊ နိုင်ငံ့အချုပ်အခြာတည်မြဲမှုနဲ့ ကာကွယ်ရေး စွမ်းအားတွေရဲ့ အရေးကြီးပုံတွေအပြင် ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးအပေါ် အားထားနေရတဲ့ သြစတြေးလျနိုင်ငံလို နိုင်ငံတွေအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးရဲ့ စီးပွားရေး အရေးကြီးပုံနဲ့ လူမှုရေးအရေးကြီးပုံတွေအကြောင်း သြစတြေးလျနိုင်ငံရဲ့နားလည်မှုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။” ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ စတီဗင်ကော့တွန်က ပြောကြားလိုက်ပါသည်။

"ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဘေးကြီး ဆိုက်ကပ်ချိန်မှာ ကမ္ဘာတစ်ဝန်း အစိုးရတွေဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေရဲ့ အဓိက အခက်အခဲစိန်ခေါ်မှုတွေကို ဖြေရှင်းပေးကြရပါတယ်၊ ဒီအခက်အခဲတွေကတော့ ဆိပ်ကမ်း ပြည့်ကျပ်နေမှု၊ အလုပ်သမား နည်းပါးမှုတွေ၊ အပြင် ဆိပ်ကမ်းကြီးတွေမှာ ပြည်တွင်း ကုန်သွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး တည်တံ့မြဲနေဖို့အတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေလို အရာတွေပဲဖြစ်ကြပါတယ်။ စျေးကွက် ယိုယွင်းလာတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုကို ကမ္ဘာ့ကပ်ဘေးကြီးက ထင်ဟပ်ပြသခဲ့ပါတယ်အဲ့ဒါကတော့ ပရမ်းပတာဖြစ်တာကလွဲလို့ အခြား မရှိနိုင်ပါဘူး။

"နိုင်ငံအတော်များများမှာ ပြည်တွင်းကပိုင်ဆိုင်ပြီး ပြေးဆွဲနေတဲ့ သင်္ဘောအုပ်စုတွေဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက် စွမ်းဆောင်ရည်ကို ဖြည့်ဆည်းလုပ်ကိုင်ပေးနိုင်ပြီး ပြည်တွင်းအလံတင် သင်္ဘောတွေကတစ်ဆင့် ကုန်စည်တွေကို ပို့ဆောင်ပေးနိုင်ကြပါတယ်။ ဒီလိုနည်းဗျူဟာကျတဲ့ စွမ်းဆောင်ရည်ကြောင့် လုပ်ငန်းကဏ္ဍဟာဆိုရင် ကုန်းပိုင်းဝေးလံတဲ့ နေရာမှာရှိတဲ့ ဆိပ်ကမ်းငယ်လေးတွေဆီ ကုန်စည်တွေကို ပို့ဆောင်ပေးဖို့ သင်္ဘောတွေကို အသုံးပြုခွင့်ရပါတယ်၊ ဒါမှမဟုတ် မီးရထား၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဆုံးခန်းတိုင်နေရာတွေဆီရောက်ဖို့ ကုန်စည်တွေကို ပို့ရာမှာ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါကြောင့် ဆိပ်ကမ်းကြီးတွေနဲ့ အခြေခံ အဆောက်အအုံတွေအပေါ် ဖိစီးမှုအတိုင်းအတာတွေဟာ သိသိသာသာ ကျဆင်းခဲ့ပြီး ဒီနိုင်ငံတွေမှာ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ကြီးကြီးမားမား လုပ်နိုင်ကြပါတယ်၊ဟု ကော့တွန် (Cotton) က ရှင်းပြခဲ့သည်။ 

၂၀၂၄ ခုနှစ် သြစတြေးလျနိုင်ငံ ရသုံးခန့်မှန်းခြေငွေစာရင်းသည် သြစတြေးလျနိုင်ငံ စီးပွားရေးအတွက် ရှုပ်ထွေးပြီး မရေရာ မသေချာသော ကမ္ဘာ့ စီးပွားရေးခန့်မှန်းချက်အပေါ် သီးသီးခြားခြား အာရုံစူးစိုက်ထားသည့်အပြင် ဒေသတွင်း တင်းမာမှု တိုးမြှင့်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ကမ္ဘာ့သင်္ဘောလုပ်ငန်းဝန်ဆောင်မှုများကို သြစတြေးလျနိုင်ငံ၏ ရယူသုံးစွဲရေးအပေါ် ထပ်ဆင့် အနှောင့်အယှက် ဖြစ်နိုင်ခြေရှိကြောင်း စူးစမ်းလေ့လာကြပါသည်။ 

သင်္ဘောလုပ်ငန်းသည် သြစတြေးလျနိုင်ငံ၏ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ကောင်းမွန်ဖူလုံမှုအပေါ် အခရာကျပါသည်၊ သြစတြေးလျနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု ထုထည်အားဖြင့် 99% ရှိပြီး ငွေတန်ဖိုးအားဖြင့် 79% ရှိပါသည်။ သို့သော်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အထိ သြစတြေးလျ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် လည်ပတ်နေသည့် ကမ်းရိုးတန်းရေကြောင်းကုန်သွယ်ရေး (သြစတြေးလျနိုင်ငံ သင်္ဘောလုပ်ငန်း ပြန်လည်နိုးကြားခြင်း) အက်ဥပဒေ ၂၀၁၂ ခုနှစ် (Coastal Trading (Revitalising Australian Shipping) Act 2012) အရ အထွေထွေ လိုင်စင်ကိုင်ဆောင်ထားသည့် အများဆုံး ကုန်တန်ချိန် ၂၀၀၀ ကျော် ကုန်တင်နိုင်ပြီး သင်္ဘောဝန်ထမ်းခန့်အပ်ကာ သြစတြေးလျနိုင်ငံအလံတင် သင်္ဘော ၁၁ စီးသာရှိပါသည်။ ၎င်းမှာ ၂၀၂၁ ခုနှစ်အတွင်း သြစတြေးလျမှ အသွားအပြန် အခေါက်ရေ ၂၃၀၉ ခေါက် ပြေးဆွဲခဲ့သည့် နိုင်ငံရပ်ခြား အလံတင် သင်္ဘော ၅၀၄ စီးနှင့်နှိုင်းယှဥ်လျှင် သိသိသာသာ ကွာခြားလျက်ရှိပါသည်။ 

သြစတြေးလျနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင် (renewable energy) အပေါ် တိုးမြှင့်၍ မှီခိုလာသည့်အလျှောက် စွမ်းအင် ပို့ကုန် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များနှင့် ပြည်တွင်း စွမ်းအင် ဖြန့်ချီရေး ဆက်လက် ပြောင်းလဲလာခြင်းကြောင့် နည်းဗျူဟာကျသော သြစတြေးလျန်း သင်္ဘောအုပ်စုမှ သင်္ဘောများ ပို၍ပို၍ အရေးကြီးလာပါမည်။ ၎င်းတွင်ပါဝင်လာမည်မှာ အခရာကျသော ဓါတ်သတ္တုများ ဆန်းသစ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ ပြန်ပြည့်မြဲ ဟိုက်ဒရိုဂျင်၊ ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှုအနည်းဆုံးဖြစ်သော သတ္တုများ၊ နှင့် ကာဗွန်နည်းပါးသည့် လောင်စာအရည်တို့၏ ပြည်ပတင်ပို့ခြင်း ပါဝင်သည့်အပြင် ကမ္ဘာ့အနှံ့သို့ ပြည်ပပို့ဆောင်ရေးအတွက် ကာဗွန်ကင်းရှင်းသော စွမ်းအင် အခြေအခံအဆောက်အအုံ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းကဏ္ဍအသစ်ကို ပံ့ပိုးပေးခြင်းလည်း ပါဝင်ပါသည်။ 

၎င်းသည် အရေးပေါ် ပဋိပက္ခဖြစ်ချိန်အတွင်း တပ်ဖွဲ့များအား အကြီးအကျယ် သယ်ယူပို့ဆောင်ပေးခြင်း၊ မရှိမဖြစ်လိုအပ်သည့် သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်နှင့် သြစတြေးလျကမ်းခြေတစ်လျှောက် နည်းဗျူဟာအရ စိုးရိမ်ရသော အခရာကျသည့် နေရာများတွင် ပင်လယ်ရေကြောင်း လုံခြုံရေးတို့နှင့်အတူ ကာကွယ်ရေး စွမ်းရည်ကိုလည်း တောင့်တင်းခိုင်ခံ့ပေးပါမည်။ 

"နည်းဗျူဟာကျတဲ့ သင်္ဘောအုပ်စု တည်ထောင်ခြင်းဟာ နိုင်ငံတော် လုံခြုံရေး အစီအမံ တစ်ရပ် ဖြစ်ပါတယ်၊ သြစတြေးလျနိုင်ငံရဲ့ နည်းဗျူဟာကျတဲ့ နည်းလမ်းကို တိုးချဲ့ဖို့ အဲလ်ဘနိစီ အစိုးရရဲ့ လုပ်ဆောင်နေဆဲ အခြား စီမံချက်တွေကို ပံ့ပိုးပေးပြီး ဖြည့်ဆည်းပေးပါတယ်၊ဟု ကနေဒါ သင်္ဘောသားများ သမဂ္ဂ နှင့် အိုင်တီဖက်ဖ် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတပ်ဖွဲ့ ဥက္ကဌဖြစ်သူ ခရစ် ဂီဗင်က ပြောကြားလိုက်သည်။ 

"သြစတြေးလျနိုင်ငံဟာ သူတို့ရဲ့ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေမှာ နိုင်ငံရပ်ခြား သင်္ဘောပိုင်ဆိုင်မှု လုံးဝ နီးပါး လွှမ်းမိုးနေခြင်းကို တန်ပြန်ဖို့စွမ်းရည်တွေနဲ့ ကာကွယ်ရေးကိစ္စမှာ တပ်ဖွဲ့တွေကို ရေကြောင်း သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေနဲ့ ပင်လယ်ရေလမ်းကာကွယ်ရေး အတွက် စွမ်းရည်တွေရှိဖို့အတွက် ပြည်တွင်း သင်္ဘောလုပ်ငန်း စွမ်းဆောင်ရည် အဆင့် တစ်ဆင့် လိုအပ်ပါတယ်။ နည်းဗျူဟာကျတဲ့ သင်္ဘောအုပ်စုဟာ ဝေးလံခေါင်းပါးပြီး ပထဝီအနေအထားအရ ကွဲပြားခြားနားကျယ်ပြန့်တဲ့ လူ့မှုအသိုက်အဝန်းတွေဆီ ကုန်စည်ပို့ဆောင်ပေးဖို့ ပထဝီအနေအထား အခက်အခဲစိန်ခေါ်မှုတွေကို ဖြေရှင်းပေးပါမယ်၊ စက်မှုကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဝေးလံခေါင်းပါးနေရာတွေကို ဖြေရှင်းပေးပါမယ်၊ ပြီးတော့ သြစတြေးလျနိုင်ငံရဲ့ သင်္ဘောသား လုပ်သားထု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အခြေခံအဆင့် ပြည်တွင်း သင်္ဘော စွမ်းဆောင်ရည်ကို လုပ်ဆောင်ပေးပါ လိမ့်မယ်၊ဟု ဂီဗင်က ဖြည့်စွက်ပြောဆိုလိုက်သည်။

ရသုံးခန့်မှန်းခြေ ငွေစာရင်း ကြေညာချက်ကြောင့် နည်းဗျူဟာကျသည့် သင်္ဘောအုပ်စု လုပ်ငန်းတပ်ဖွဲ့ ၏ အစီအစဥ်ရေးဆွဲရေး အဆင့်များနှင့် အစီရင်ခံခြင်းအဆင့်များကို အသေအချာ ဆောင်ရွက်ရမည်၊ လုပ်ငန်းတပ်ဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးနှင့် အလုပ်သမား ကိုယ်စားလှယ်များကို အတူတကွ စုစည်းပေးခဲ့ပါသည်၊ သြစတြေးလျန်း သင်္ဘောလုပ်ငန်း ကဏ္ဍအား ပြန်လည်နိုးထစေပြီး တိုးချဲ့ပေးမည့် အခြေခံကို ပုံသွင်ပေးမည့် အစိုးရ စီစဥ်ထားသော သင်္ဘောသားခန့်အပ်ကာ သြစတြေးလျန်း အလံတင် သင်္ဘော ၁၂ စီး ပါဝင်သည့် သင်္ဘောအုပ်စု၏ ဖွဲ့စည်းပုံ၊ ဆောက်လုပ်ပုံနှင့် စွမ်းဆောင်ရည်နှင့်စပ်လျဥ်း၍ အကြံပေးရန်အတွက် MUA ကို ကိုယ်စားပြုပေးမည့် ပဲဒီခရမ်လင် (Paddy Crumlin) အပါအဝင်ဖြစ်ပါသည်။

အဆိုပါ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ကမ်းရိုးတန်းရေကြောင်းကုန်သွယ်ရေး (သြစတြေးလျနိုင်ငံ သင်္ဘောလုပ်ငန်း ပြန်လည်နိုးကြားခြင်း) အက်ဥပဒေ ၂၀၁၂ ခုနှစ် (Coastal Trading (Revitalising Australian Shipping) Act 2012) နှင့် သင်္ဘောလုပ်ငန်း မှတ်ပုံတင်ရေး အက်ဥပဒေ ၁၉၈၁ (Shipping Registration Act 1981) အား ပြန်လည်သုံးသပ်ရေး အတွက်လည်း ဒေါ်လာ ၄.၇ သန်း သတ်မှတ်ပေးထားပါမည်၊ ၎င်းမှာ ဤနှစ်ကုန်ဆုံးပိုင်းလောက်တွင် စတင်လိမ့်မည် ဖြစ်သည့်အပြင် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဏ အလုပ်အကိုင်လုပ်ခ စာချုပ် အစီအစဥ် အေ လုပ်ခများနှင့်အညီ ဖြစ်မဖြစ် စောင့်ကြပ်ကြည့်ရှုပေးရန် Fair Work Ombudsman အတွက် ကနဦး စမ်းသတ်အစီအစဉ်အဖြစ် ဒေါ်လာ ၂.၇ သန်း ပါဝင်ပါသည်။

သြစတြေးလျနိုင်ငံ အစိုးရ နည်းဗျူဟာကျသော သင်္ဘောအုပ်စု လုပ်ငန်းတပ်ဖွဲ့ ၏ ဖော်ထုတ်ထားသော အဓိက လိုအပ်ချက်များ- 

သြစတြေးလျနိုင်ငံ၏ စီးပွားရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လုံခြုံမှုအပေါ် မရှိမဖြစ် လိုအပ်မှုအဖြစ် လုပ်ငန်းတပ်ဖွဲ့၏ ဖော်ထုတ်ထားသော နည်းဗျူဟာကျသော လိုအပ်ချက်များမှာ - 

  1. သြစတြေးလျ ရေနံချက်စက်ရုံများမှ သို့မဟုတ် သွင်းကုန် ဆိပ်ကမ်းများမှ သန့်စင်ပြီးသားရေနံကို သြစတြေးလျန်း သုံးစွဲသူများသို့ သြစတြေးလျ မြောက်ပိုင်းဒေသရှိ နယ်ဒေသနှင့် ဝေးလံခေါင်းပါး ဆိပ်ကမ်းများသို့ အပါအဝင်- ကမ်းရိုးတန်း သယ်ယူပို့ဆောင်ပေးခြင်း 
  2. သဘာဝဘေးဒဏ် သို့မဟုတ် အခြား ပြတ်လပ်မှုကြောင့် သြစတြေးလျ နယ်ဒေသများ သို့မဟုတ် ပစိဖိတ် အိမ်နီးချင်းဒေသများတွင် အဓိကကျသည့် ကုန်စည် ဖြန့်ချီရေးအပေါ် ထိခိုက်မှုဖြစ်ပွားသည့် သီးသီးခြားခြား ကုန်တင် (ကိုယ်တိုင် ကုန်တင်/ကုန်ချ) စီမံချက်များ ဆောင်ရွက်ခြင်း 
  3. သြစတြေးလျ မြောက်ပိုင်းဒေသသို့ ယာဥ်များ၊ ကိရိယာပစ္စည်း၊ နှင့် စတိုးပစ္စည်းများ တင်ပို့ပေးခြင်းမှတစ်ဆင့် ကာကွယ်ရေးတပ်ဖြန့်ထားခြင်း သို့မဟုတ် စစ်သည်အင်အား စုဆောင်းခြင်း ပံ့ပိုးရန် စွမ်းရည်ကို မြှင့်တင်ပေးခြင်း  
  4. အချိန်တိုကာလ ကုန်တင်သေတ္တာ ပြတ်လပ်မှု အနည်းအကျဥ်းများကို ဖြေရှင်းပေးရန်အတွက် သြစတြေးလျ ဆိပ်ကမ်းများအကြား ကုန်တင်သေတ္တာ ကမ်းရိုးတန်း သယ်ယူပို့ဆောင်ပေးခြင်း
  5. ပြည်တွင်းအရနှင့် အပြည်ပြည်ဆိုင်ရာအရအားဖြင့် အကြီးစား ကုန်တင်သေတ္တာကြီးများ ရွေ့လျားပေးခြင်း ၊ နှင့် 
  6. ပြည်တွင်း စက်မှုလုပ်ငန်းအတွက် အခရာကျသည့် ခြောက်သွေ့ပြီး အရည်မဟုတ်သော ကုန်များအား ပို့ဆောင်ပေးမည့် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ပေးခြင်း

ဓါတ်ပုံ- REUTERS/David Gray

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်