Skip to main content

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

news 23 May 2024

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင် ထည့်သွင်းလိုက်သည်။

“မှောင်ခို သင်္ဘော” သယ်ယူပို့ဆောင်ရေးဖြင့် အပြင်းအထန် ဆက်နွှယ်နေသည့် သင်္ဘော မှတ်ပုံတင် နှစ်ခုဖြစ်သည့် – Gabon နှင့် Eswatini – နိုင်ငံများကို ITF ၏ သင်္ဘော အလံငှါးများ ( Flags of Convenience (FOC) ) စာရင်းတွင် လတ်တလော ထည့်သွင်းလိုက်သည်။ 

ဤသို့စာရင်းထည့်သွင်းခြင်းကို ၇၆ နှစ်ကြာမြင့်နေသည့် စာရင်းမှ တွန်ဂါနိုင်ငံကို ဖယ်ရှားလိုက်ပြီးနောက် ထည့်သွင်းခြင်းဖြစ်၍ လက်ရှိစာရင်းအရ သင်္ဘောအလံငှါး (FOCs) အရေအတွက် ၄၃ နိုင်ငံ ရှိပါသည်။

 “အဆိပ်အတောက်သင့်နေတဲ့ လုပ်ငန်းကဏ္ဍပဲဖြစ်ပါတယ် – စည်းမျဥ်း မရှိ၊ ကြီးကြပ်မှု မရှိ၊ တာဝန်ခံမှု မရှိတဲ့ နိုင်ငံတွေမှာ သင်္ဘော မှတ်ပုံတင်နေတာဖြစ်ပါတယ်။ သင်္ဘောသားတွေကို ခေါင်းပုံဖြတ်တာတွေနဲ့ စွန့်ပစ်တာတွေကို ခွင့်ပြုနေကြပါတယ်။  

"ရည်မှန်းချက်ကတော့ သင်္ဘောပိုင်ရှင်တွေအတွက် အကောင်းဆုံး လုပ်ကိုင်ပုံ၊ အန္တရာယ် အနိမ့်ဆုံးလျော့ချဖို့နဲ့ တာဝန်ခံခြင်းဆိုင်ရာ စည်းမျဥ်းတွေကတစ်ဆင့် ကြပ်ကြပ်မတ်မတ်လုပ်ကိုင်တာတွေကို လိုက်နာစရာမလိုအပ်ပဲ အမြတ်ငွေ ရဖို့အတွက်ကိုပဲ ဖန်တီးပေးကြတာဖြစ်ပါတယ်၊” ဟု ITF ဥက္ကဌဖြစ်သူ Paddy Crumlin ကပြောကြားလိုက်သည်။

သင်္ဘောကုမ္ပဏီများသည် ပိုင်ဆိုင်မှုကို လျှို့ဝှက်ထားရန်၊ အခွန်ထမ်းဆောင်မှုတာဝန်ကို လျော့ကျစေရန်၊ လုပ်ခနည်း လုပ်သားများကို ခန့်အပ်နိုင်စေရန် သို့မဟုတ် လုံခြုံရေးဆိုင်ရာ စံနှုန်းများကို ရှောင်ကွင်းစေရန် စည်းမျဥ်းစည်းကမ်း နိမ့်ကျသော နိုင်ငံများတွင် သင်္ဘောများကို များသောအားဖြင့် မှတ်ပုံတင်ကြပါသည် – သင်္ဘောသားများအဖို့ အဆိုပါ သင်္ဘောများပေါ်၌ အလုပ်လုပ်စေရန်အတွက် အကြီးအကျယ် သက်ရောက်မှုရှိစေခြင်းဖြစ်ပါသည်။

ကမ္ဘာ့ သင်္ဘောများ၏ ၅၀ ရာခိုင်နှုန်းကို အဆိုပါ သင်္ဘော အလံငှါး နိုင်ငံများတွင် မှတ်ပုံတင်ထားကြသည်။ ထိပ်ဆုံး အလံငှါး နိုင်ငံ ၃ နိုင်ငံဖြစ်သောပနားမား၊ လိုင်ဘေးရီးယားနှင့် မာရှယ်ကျွန်းစုနိုင်ငံ – ၌တွင်သာ ကမ္ဘာ့သင်္ဘောအုပ်စု၏ ၄၀ ရာခိုင်နှုန်း ကျော် ရှိပါသည်။

အလံငှါး သင်္ဘောကို မိမိ၏ ပိုင်ရှင်အစစ်အမှန် နိုင်ငံ မဟုတ်သော အခြားနိုင်ငံ၏ အလံကို လွှင့်ထူထားသည့် သင်္ဘောအဖြစ် ITF က အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ဤလုပ်ကိုင်ပုံနည်းလမ်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေရှိနေလျက်ပင် ကျင့်သုံးကြသည်ပင်လယ်ပြင် ဥပဒေနှင့်ပတ်သက်သည့် ကမ္ဘာ့ကုလသမဂ္ဂ စာချုပ် (United Nations Convention on the Law of the Sea) – က သင်္ဘောနှင့် အလံနိုင်ငံ အကြားတွင် "စစ်မှန်သော အဆက်အစပ်” ရှိရမည်ဟု ပြဌာန်းထားပါသည်။

David Heindel, ITF ၏ သင်္ဘောသားများ ဌာန ဥက္ကဌက ပြောလိုက်သည်မှာ၊ “အလံငှါး စနစ် တစ်ရပ်လုံးဟာ ရည်ရွယ်ချက်အရ ရှုပ်ထွေးလှပါတယ်။ အလံငှါး နိုင်ငံတွေမှာ သင်္ဘောတွေကို မှတ်ပုံတင်ရခြင်းရဲ့ အကြောင်းရင်းတွေဟာ အခွန်ရှောင်ရှားဖို့၊ လုံခြုံရေးဆိုင်ရာ စည်းမျဥ်းတွေကို ရှောင်ရှားဖို့နဲ့ အလုပ်သမား စံနှုန်းတွေနဲ့ လူ့အခွင့်အရေးတွေကို ရှောင်ကွင်းသွားဖို့ဖြစ်ကြပါတယ်။

"သင်္ဘောနဲ့ သင်္ဘော မှတ်ပုံတင် အကြားမှာ စစ်မှန်တဲ့ အဆက်အစပ်ဟာဆိုရင် ပိုင်ရှင်အစစ်အမှန် ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ပုံမှန် နိုင်ငံ့ မှတ်ပုံတင်တွေထက် ပိုမိုနိမ့်ကျတဲ့ စံနှုန်းတွေကို သုံးနေတဲ့ စီးပွားလုပ်ငန်းအဖြစ် အလံငှါး မှတ်ပုံတင်တွေကို ခွင့်ပြုဖို့ မသင့်ပါဘူး။ အဲ့ဒါတွေကို ရပ်ဆိုင်းပစ်ဖို့ မလုပ်မချင်း သင်္ဘောသားတွေရဲ့ အခွင့်အရေးတွေကို အရေးယူအပြစ်ပေးခြင်း မခံရပဲ ဆက်လက်ပြီး ဖိနှိပ် နှောင့်ယှက်နေပါဦးမယ်။”

စီးပွားရေးပိတ်ဆို့ထားသည့် ရေနံများ သယ်ယူပို့ဆောင်ပေးနေသည့် “မှောင်ရိပ်” သို့မဟုတ် “မှောင်ခို သင်္ဘောများ” အဖြစ် Gabon နှင့် Eswatini နိုင်ငံနှစ်နိုင်ငံလုံး၏ မှတ်ပုံတင်များက တိုးမြှင့်လုပ်ဆောင်နေသည်ဟု ယုံကြည်ရပါသည်။ ယူကရိန်းနိုင်ငံကို ရုရှား နယ်ချဲ့စစ် စတင်ဆင်နွဲပြီးနောက် အပြည်ပြည်ဆိုင်ရာ စီးပွားပိတ်ဆို့မှု အသက်ဝင်လာပြီးကတည်းကစ၍ Gabon နိုင်ငံမှတ်ပုံတင်မှာ ပို၍လျင်မြန်စွာ တိုးမြှင့်လာလျက်ရှိပါသည်။

ပြီးပြီ

 

မှတ်ချက်

  • ITF ၏ သင်္ဘော အလံငှါး စာရင်းကို ဤတွင် တွင် တွေ့ရှိနိုင်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ITF ၏ လှုံ့ဆော်မှု အချက်အလက် ပိုမိုသိရှိလိုပါက – ၁၉၄၈ ခုနှစ်တွင် အော်စလိုနိုင်ငံ၌ ပထမဦးဆုံးအကြိမ် လှုံ့ဆော်မှု – ကို ဤတွင် တွင်ကြည့်ရှုပါ။
  • ၂၀၂၃ ခုနှစ် ကုန်ဆုံးပိုင်းလောက်တွင် ကမ္ဘောဒီးယားနိုင်ငံကို သင်္ဘော အလံငှါး (FOC) စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ဆမ်မရီးနိုးနိုင်ငံကို စာရင်းထဲထည့်သွင်းခဲ့သည်။
  • အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သင်္ဘောများသည် အပြည်ပြည်ဆိုင်ရာရေပိုင်နက်တွင် များသောအားဖြင့် မောင်းနှင်သွားလာသည့်တိုင် နိုင်ငံတစ်ခုတည်းတွင် မှတ်ပုံတင်ရမည်၊ ပင်လယ်ပြင်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ စာချုပ် က သင်္ဘောနှင့် အလံနိုင်ငံအကြားတွင် စစ်မှန်သော အဆက်အစပ်ရှိရမည်ဟု ပြဌာန်းထားသည်။ အဖြစ်မှန်တွင် သင်္ဘောများနှင့် အလံများအကြားတွင် “စစ်မှန်သော အဆက်အစပ်မှာ များသောအားဖြင့် တည်ရှိမှု ပျက်ကွက်ကြသည်။
  •  ‘အလံငှါးသင်္ဘောတစ်စီးမှာ ပိုင်ဆိုင်သည့်နိုင်ငံ မဟုတ်သော နိုင်ငံ၏ အလံကို လွှင့်ထူထားသည့် သင်္ဘောတစ်စီးဖြစ်ပါသည် တစ်ချိန်တည်းမှာပင် အဆိုပါ အလံနိုင်ငံမှ သတ်မှတ်ထားသော စည်းမျဥ်းများကို လက်ခံကျင့်သုံးနေခြင်းဖြစ်သည်။ ဤစနစ်၏ အစပြုရာဇစ်မြစ်အရင်းခံမှာ ၁၉၂၀ ခုနှစ်တွင် တားမြစ်ချက်များကို ရှောင်ကွင်းရန်အတွက် အမေရိကန် ပြည်ထောင်စု သင်္ဘောလိုင်းက (United America Line) ပနားမားအလံကို စတင်သုံးစွဲလာရာမှ စတင်ခဲ့ပါသည်။
  • အလံငှါးသည့်နိုင်ငံများသည် မိမိ၏ ကိုယ်ပိုင် သင်္ဘောလုပ်ငန်းကဏ္ဍ မရှိပဲ ငွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် သင်္ဘောမှတ်ပုံတင်တစ်ခုကို ထူထောင်နိုင်ပြီး သင်္ဘောသားများ၏ လုံခြုံရေးနှင့် ဖူလုံရေးအတွက် နိမ့်ကျသော စံနှုန်းများထားရှိခြင်းအပြင် စစ်မှန်သော အလံနိုင်ငံ၏ တာဝန်များကို လိုက်နာရန် များသောအားဖြင့် ပျက်ကွက်ခြင်းဖြင့် သင်္ဘောပိုင်ရှင်များအား မှတ်ပုံတင်ကြေးတောင်းခံကြပါသည်။  ပိုင်ရှင်အစစ် (အကျိုးခံစားသော ပိုင်ရှင်ဟု ITF က ခေါ်ဝေါ်သည့်) သည် ၎င်းတို့၏ မည်သူမည်ဝါဖြစ်ခြင်းကို ဖုံးကွယ်ထားရခြင်းကို ခံစားကြရပြီး သင်္ဘောသားများ၏ နေထိုင်ရာနိုင်ငံအပေါ် မည်သည့် ကန့်သတ်ချက်မျှ သတ်မှတ်ထားမှု မရှိခြင်း အပါအဝင်ဖြစ်နိုင်သည့် အလံနိုင်ငံ၏ နိမ့်ကျညံ့ဖျင်းသော စည်းမျဥ်းကြီးကြပ်ရေးဆိုင်ရာ စံနှုန်းများကို များသောအားဖြင့် လက်ခံကျင့်သုံးခြင်းကို ခံစားကြပါသည်။ ဖြစ်ရပ်အများအပြားတွင် ဤအလံများကို သက်ဆိုင်ရာ နိုင်ငံမှအလံကိုပင် လွှင့်ထူခြင်း မရှိကြပါ။
  • Eswatini နိုင်ငံ၏ မှတ်ပုံတင်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ဆီးရီးယားနိုင်ငံအား ပံ့ပိုးပေးခြင်းကို ပိတ်ဆို့အရေးယူထားသည့် သင်္ဘောသုံးစီးကို – နောက်ပိုင်း၌ Eswatini နိုင်ငံက မှတ်ပုံတင်ပေးထားသည်ဟု အခိုင်အမာဆိုသည်။
  • တွမ်ဂါနိုင်ငံကို သင်္ဘော အလံငှါး (FOC) စာရင်းမှ ဖယ်ရှားပေးခဲ့သည်၊ ၎င်း၏ သင်္ဘော ၁၈ စီးအနက် အများစုကို တွန်ဂါနိုင်ငံက ပိုင်ဆိုင်ပြီး ကျန်ရှိသော သင်္ဘောအများစုမှာ ပြေးဆွဲခြင်း လုံးဝ မရှိတော့သောကြောင့်ဖြစ်ပါသည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်