Skip to main content

#ကုန်စည်ကုန်တင်နေရာချထားရေးမှာ ဆိပ်ကမ်းအလုပ်သမားများ၏ အလုပ်ဖြစ်သည်- ITF ဆိပ်ကမ်းအလုပ်သမားများ၏ ဥပဒေ အပိုဒ်ငယ် အာဏာတည်လာ

news 06 Jan 2020

ITF “ဆိပ်ကမ်းအလုပ်သမားများ၏ ဥပဒေအပိုဒ်ငယ်” သည် ကနေဒါနိုင်ငံနှင့် ဥရောပတွင် ယခုအခါ အာဏာတည်သည်။  အများအခေါ်အဝေါဖြစ်သည့် ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်နှင့် ပတ်သက်၍ အမြောက်အမြား ပြောဆိုခဲ့ကြသော်လည်း ၎င်းမှာ ဘာကို အတိအကျ ဆိုလိုကြောင်းနှင့် ITF အဖွဲ့ဝင် ဆိပ်ကမ်း အလုပ်သမားများ၏ သမဂ္ဂများအတွက် ဘာကိုဆိုလိုကြောင်း ပြန်လည်သုံးသပ်ထိုက်ပါသည်။  

လက်ဦးအစမှ စတင်ပြောကြပါစို့-

  1. ITF မူဝါဒအရ၊ မိမိတို့နိုင်ငံ၌ အကျိုးခံစားခွင့်အားဖြင့် ပိုင်ဆိုင်ကြသည့် အလံလွင့်ထူရာ သင်္ဘောများနှင့်ပတ်သက်သည့် ITF သဘောတူစာချုပ်အဖြစ် လူသိများသော စာချုပ်ကို ပင်လယ်ရေကြောင်း သင်္ဘောသားများ၏ အဖွဲ့ဝင်များတွင် လက်မှတ်ထိုးရန် အခွင့်အရေးရှိသည်။ ITF အလုပ်အကိုင် သဘောတူ စာချုပ်များအဖြစ် အတည်ပြုရန်အလို့ငှါ ဤအလုပ်အကိုင် သဘောတူ စာချုပ်များသည် သင်္ဘောပေါ်၌ အလုပ်လုပ်ကိုင်လျက်ရှိသော ပင်လယ်ရေကြောင်း သင်္ဘောသားများကို အကျုံးဝင်ထားရမည့်အပြင် အချို့သော အခြေခံစည်းမျဉ်းများကို စောင့်ထိန်းထားရမည်ဖြစ်သည်။
  2. ဤသဘောတူစာချုပ်များကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers Council (IMEC)) မှ သင်္ဘောလုပ်ငန်း ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းထားကြသည်။  ITF အဖွဲ့ဝင်များနှင့် ITF အတွင်းရေးမှူးရုံးကို ဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖြစ် ဖွဲ့စည်းထားသည်။  အတူတကွအားဖြင့် ITF ကော်မတီနှင့် IMEC တို့သည် လူသိများသည့် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးညှိနှိုင်ရေး နှီးနှော်ပွဲ (International Bargaining Forum (IBF)) အဖြစ် ဆွေးနွေးညှိနှိုင်းကြသည်။   ITF ကော်မတီသည် မိမိ၏ ဆွေးနွေးညှိနှိုင်ရေးဆိုင်ရာ ဦးတည်ချက်ကို ပင်လယ်ရေကြောင်း သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂများ၏ အဖွဲ့ဝင်တို့ထံမှ ရယူထားသည်။  
  3. ဆိပ်ကမ်းအလုပ်သမားများအတွက် ကုန်စည်ကုန်တင်နေရာချထားရေး (lashing) ပြန်ရရန်  ITF လှုံ့ဆော်မှု ငါး-နှစ်ကြာပြီးနောက် 2018 ခုနှစ် ဖေဖေါ်ဝါရီလ 19-22 ရက်နေ့တွင်  ITF နှင့် တွဲဖက် ဆွေးနွေးညှိနှိုင်ရေး အုပ်စု (Joint Negotiating Group (JNG)) တို့သည် IBF စာချုပ်အသစ်၏ သတ်မှတ်ချက်များကို အတည်ပြုခဲ့သည်၊ ၎င်းစာချုပ်တွင် ကုန်စည်ကုန်တင်နေရာချထားရေး (lashing) ပြန်ရရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် တကွ ဆိပ်ကမ်းများ၌ အခြားသော ကုန်စည် ကိုင်တွယ်ရေး ဝန်ဆောင်မှုများ (cargo handling services) အတွက် ဆိပ်ကမ်း အလုပ်သမားများ၏ အခွင့်အရေးကို ရှင်းလင်းထားသည့် ပြန်လည်မွှမ်းမံထားသော ဆိပ်ကမ်း အလုပ်သမားများ၏ အခွင့်အရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ် ပါဝင်ပါသည်။
  4. ပြန်လည်မွှမ်းမံပြင်ဆင်ထားသည့် ဥပဒေ အပိုဒ်ငယ်မှာ ဥရောပနှင့် ကနေဒါနိုင်ငံမှလွဲ၍  2018 ခုနှစ် ဖေဖေါ်ဝါရီလ၌ ကမ္ဘာတစ်ဝန်း အာဏာသက်ရောက်ခဲ့သည်။  ဥပဒေ အပိုဒ်ငယ်အသစ်မှာ အဆိုပါ စီရင်ပိုင်ခွင့်နယ်များ၌ 2020 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့တွင် ဆိပ်ကမ်းကုန်တင်ဆိပ် လုပ်ငန်းလည်ပတ်သူများ (terminal operators) ၊ သင်္ဘောလုပ်ငန်း ကုမ္ပဏီများ (shipping companies) နှင့် အထူးသဖြင့် ရေယာဉ်ငယ်ဖြင့် ကုန်စည်သယ်ဆောင်ပေးသည့် ဝန်ဆောင်မှုများ (feeder services) တို့အား လိုအပ်သော ပြင်ဆင်ကိုက်ညှိမှုများကို လုပ်စေခြင်းအားဖြင့် အာဏာတည်မည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။   

အလွန်ကြာကြာ စောင့်ဆိုင်းပြီးနောက် သက္ကရာဇ် 2020 ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။
 
ထို့ကြောင့် ဥပဒေအပိုဒ်ငယ်က အမှန်တကယ် ဘာဆိုလိုသည်ကို ကြည့်ကြပါစို့-

ဆိပ်ကမ်းတစ်ခု၌  ITF အဖွဲ့ဝင် သမဂ္ဂ၏ အသင်းဝင်များဖြစ်ကြသည့် ဆိပ်ကမ်းအလုပ်သမားများက ကုန်စည် ကိုင်တွယ်လုပ်ဆောင်ရေး ဝန်ဆောင်မှုများ (cargo handling services) ကို လုပ်ဆောင်ပေးနေသည့် ကုန်တင်ဆိပ် တစ်ခုတွင်ဖြစ်စေ သို့မဟုတ် ရေယာဉ်တစ်စီးပေါ်သို့ဖြစ်စေ ကုမ္ပဏီက အမြဲခန့်ထားသည့် သို့မဟုတ် ယာယီခန့်ထားသည့် သင်္ဘောပေါ်ရှိ မည်သည့် ပင်လယ်ရေကြောင်းသင်္ဘောသားမျှ သို့မဟုတ် တစ်စုံတစ်ယောက်ကမျှ ကုန်စည် ကိုင်တွယ်လုပ်ဆောင်ရေး ဝန်ဆောင်မှုများ (cargo handling services) ကို မလုပ်ဆောင်ရ။ ကျွမ်းကျင်သည့် ဆိပ်ကမ်းအလုပ်သမားများအား လုံလောက်သည့် အရေအတွက် မရရှိနိုင်သည့်ကိစ္စ၌ သင်္ဘော၏ သင်္ဘောသားများသည် ကုန်တင်မှုကို လုပ်ဆောင်နိုင်သည်၊ သို့သော် ITF ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂ သို့မဟုတ် သက်ဆိုင်ရာ ITF သမဂ္ဂများ၏ ကြိုတင် ခွင့်ပြုချက် ရှိရမည်- တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်သည့် သင်္ဘောသားများသည် အဆိုပါ တာဝန်များကို ထမ်းဆောင်ပေးရန် ဆန္ဒပြုရမည်-ဖြစ်ပြီး အဆိုပါ သင်္ဘောသားများမှာ အဆိုပါအလုပ်အတွက် ကျွမ်းကျင်ရမည့်အပြင် အဆိုပါသူတို့အား ထိုက်သင့်သလို လုပ်ခပေးရမည်ဖြစ်သည်။ ဤအပိုဒ်ငယ်၏ ရည်ရွယ်ချက်အတွက် “ကုန်စည် ကိုင်တွယ်လုပ်ဆောင်ရေး ဝန်ဆောင်မှုများ” တွင် ကန့်သတ်ထားသည် မဟုတ်သော်လည်း ပါဝင်သည်မှာ ကုန်တင် (loading)၊ ကုန်ချ (unloading)၊ ကုန်စည်ကုန်တင်နေရာချထားခြင်း (lashing)၊ ကုန်စည်ကုန်တင်နေရာချထားခြင်းမှ ဖြေပေးခြင်း (unlashing) ၊ စိစစ်ခြင်း (checking) နှင့် လက်ခံခြင်း (receiving) တို့ ပါဝင်သည်။”

ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်သည် ITF CBAs (ကမ္ဘာတစ်ဝန်း အယောက် 15,000 နီးပါး) အရ အကျုံးဝင်သည့် အားလုံးသော သင်္ဘောများ သင်္ဘောသားများနှင့် ကုန်စည်ကုန်တင်နေရာချထားရေး တောင်းဆိုနေသည့် သို့မဟုတ် ပြန်လည်တောင်းဆိုနေသည့် ကမ္ဘာတစ်ဝန်းရှိ ITF Dockers’ အဖွဲ့ဝင်များတို့နှင့် သက်ဆိုင်သည်။
 
အဆိုပါ အပိုဒ်ငယ်သည် အရေးကြီးသည်၊ ကျွန်ုပ်တို့၏ လက်ရှိ ဆက်သွယ်ရေး အသုံးအနှုန်းအပေါ် ခက်ခက်ခဲခဲ-အောင်မြင်လာသည့် တိုးတက်မှုဖြစ်သည်၊ ITF Dockers’ အဖွဲ့ဝင်များ၏ တောင်းဆိုမှုကြောင့် ညှိနှိုင်းခဲ့ရသည် — ထို့ပြင် မှန်ကန် တရားမျှတသည်။

အဆိုပါ အပိုဒ်ငယ်သည် ဤအန္တရာယ်ရှိသည့် အလုပ်ကို ထမ်းဆောင်နေသည့် လေ့ကျင့်ခံထားရသော၊ အတွေ့အကြုံရင့်ကျက်သော ဆိပ်ကမ်းအလုပ်သမားများ၏ အရေးကြီးပုံကို အသိအမှတ်ပြုထားသည်။ ဥပဒေအပိုဒ်ငယ်သည် အထူးသဖြင့် ဥရောပ၌ ရေယာဉ်ငယ်ဖြင့် ကုန်စည်ပို့ဆောင်ရေးများ (feeder services) ဖြင့် ကုန်စည်ကုန်တင်နေရာချထားရေး (lashing) ထမ်းဆောင်နေရသည့် ပင်ပန်းခံနေရသော သင်္ဘောသားများ၏ အခက်အခဲကို အဆုံးသတ်ပေးမည်ဖြစ်ပါသည်။  ၎င်းသည် သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများအား ခေါင်းပုံဖြတ်ရန် ဆက်လက် ကြိုးပမ်းနေသည့် အချို့သော သင်္ဘောပိုင်ရှင်များ ကျက်စားသည့် ပတ်ဝန်းကျင်တစ်ခုရှိ  သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ နှစ်ဖက်လုံးအတွက် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။  

ကျွန်ုပ်တို့အနေဖြင့် အလိုအလျောက်လုပ် စက်ကိရိယာ တပ်ဆင်ရေး၏ မရေရာ မသေချာသော အနာဂတ်နှင့် လုပ်ပိုင်ခွင့်အတွက် ဆက်လက်ရုန်းကန်နေမှုဆီသို့ လျှောက်လှမ်းနေသည့်အလျောက် ကျွန်ုပ်တို့ ကျယ်လောင်စွာ အတိအလင်းကြေညာသည်မှာ ကုန်စည်ကုန်တင်နေရာချထားရေးမှာ ဆိပ်ကမ်းအလုပ်သမားများ၏ အလုပ်ဖြစ်သည်။ ကုန်စည်ကုန်တင်နေရာချထားရေး တောင်းဆိုရန် ကျွန်ုပ်တို့၏ သက်ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ လှုံ့ဆော်မှုများတွင် အချို့အခက်အခဲများကို ကျွန်ုပ်တို့ မျှော်လင့်သော်လည်း ITF နှင့် ၎င်း၏အဖွဲ့ဝင်များမှာ ဤအခက်အခဲကို ရင်ဆိုင်ရန်တာဝန်ယူထားသည် —  အောင်မြင်မှုမှလွဲ၍ မည်သည့် ရလဒ်ကိုမျှ လက်မခံနိုင်ပါ။
 
အဆိုပါ အလုပ်ကို ဥရောပ၌ ဆိပ်ကမ်းအလုပ်သမားများ အဖွဲ့ဝင်တို့ စတင်လုပ်နေပြီးဖြစ်သည်၊ ထို့ပြင် ကနေဒါနိုင်ငံ မွန်ထရီရယ် ဆိပ်ကမ်း၌  ဥပဒေအပိုဒ်ငယ် အကောင်အထည်ဖော်ရေးအား ITF  စိစစ်ရေးမှူး၏ ထောက်ခံပေးခြင်းအားဖြင့် အဆိုပါအလုပ် စတင်လုပ်နေပြီးဖြစ်သည်။
 
အကယ်၍ သင် ဆိပ်ကမ်းအလုပ်သမားများ၏ အလုပ်ကို သင်္ဘောသားများ လုပ်နေသည်ကို မြင်တွေ့လျှင် သို့မဟုတ် သင်္ဘောတစ်စီး ကုန်စည်ကုန်တင်နေရာချထားမှုကို ဖြေခြင်း (unlashed) အားဖြင့် ရောက်ရှိလာလျှင် သင်၏ သမဂ္ဂ ကိုယ်စားလှယ်များနှင့် ဒေသခံ ITF စိစစ်ရေးမှူးတို့အား အသိပေးပါ၊ စိစစ်ရေးမှူးတိုင်းကို ပြဿနာအား ဖြေရှင်းပေးရန်နှင့် ဆိပ်ကမ်းအလုပ်သမားများ၏ ကုန်စည်ကုန်တင်နေရာချထားရေး လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးရန် လေ့ကျင့်ပေးထားပါသည်။
 
အတူတကွအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလုပ်၊ ကျွန်ုပ်တို့၏ ဆိပ်ကမ်းများနှင့် ကမ္ဘာ၏ ကုန်စည်တို့ကို ဆက်လက်တည်မြဲထားပေးစေပါမည်။ ဆိပ်ကမ်းအလုပ်သမားများသည် လေးလံသော ပင့်မခြင်းကို ကမ္ဘာတစ်ဝန်းလုပ်နေပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်