Skip to main content

အလံအငှါး နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရတ်စ် ရောဂါကပ်ဘေးအတောအတွင်း သင်္ဘောသားများနှင့် ခရီးသည်များ၏ ကျန်းမာရေးကို ကာကွယ်ပေးရမည်

news 20 Mar 2020

ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍတစ်လျှောက် မြန်မြန်ဆန်ဆန်နှင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသည့် Covid-19 ၏ သက်ရောက်မှုသည် အထူးသဖြင့် ကမ္ဘာလှည့် အပျော်စီး သင်္ဘော လုပ်ငန်းကဏ္ဍတွင် တစ်ကမ္ဘာလုံးအနှံ့ ရောဂါဖြစ်ပွားမှု ဖြစ်ကတည်းကစ၍ ကမ္ဘာတစ်ဝန်း ခေါင်းကြီးပိုင်းသတင်းဖြစ်ခဲ့သည်။

Diamond Princess အပျော်စီးသင်္ဘောကို ဂျပန်နိုင်ငံတွင် ဖေဖေါ်ဝါရီလက ယိုကိုဟားမား ဆိပ်ကမ်းတွင် အထိအတွေ့ကင်းမဲ့စွာဖြင့် အထီးကျန်လုပ်ထားခဲ့သည်၊ ၎င်းမှာ အပြည်ပြည်ဆိုင်ရာ ခေါင်းကြီးပိုင်းသတင်းအဖြစ် လွှမ်းမိုးလျက်ဖြစ်သည်။ လွန်ခဲ့သည့် အပတ်က Grand Princess အပျော်စီး သင်္ဘောကို ခရီးသည်နှင့် သင်္ဘောဝန်ထမ်း အချို့ Covid 19 စစ်ဆေးခဲ့ပြီး ရောဂါရှိခဲ့ကြောင်း ခန့်မှန်းပြောဆိုမှုဖြစ်ပွားနေစဥ် ကာလီဖိုးနီးယားတွင် ဆိုက်ကပ်ရန် ခွင့်ပြုချက်အား ငြင်းပယ်ခဲ့ပြီးနောက် ခေါင်းကြီးပိုင်းသတင်းများ ပြန့်လွှင့်နေလျက် ရှိခဲ့သည်။

ဤအပတ်၌ ကိုရိုနာဗိုင်းရတ်စ် ဖြစ်ပွားနေလျက်ရှိသည့် Braemar သင်္ဘောသည် ကရီးဘီးယန်း ဆိပ်ကမ်း အမြောက်အမြားမှ ငြင်းပယ်ခံခဲ့ရပြီးနောက် တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းပြန့်နှံ့ခဲ့ပြီး ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းတို့အား သင်္ဘောပေါ်မှ သယ်ဆောင်သွားခွင့်ပြုရန် ကျူးဘားနိုင်ငံက သဘောတူခဲ့သည့် အချိန်ထိ တစ်နေရာရာကို ရှာဖွေခြင်းအားဖြင့် ရက်ပေါင်းများစွာ အချိန်ကြာညောင်းခဲ့ပါသည်။ Fred Olsen Cruise Lines က အတည်ပြုခဲ့သည်မှာ Braemar အပျော်စီးသင်္ဘောသည် ဟာဗားနားနိုင်ငံ ကမ်းလွန် တစ်နေရာ ခန့်မှန်းခြေ ငါးမိုင် အကွာ၌ ကျောက်ချနေခဲ့သည်၊ ၎င်းနေရာတွင် ဗြိတိသျှ ဧည့်သည်တော်များနှင့် သင်္ဘောဝန်ထမ်းတို့ကိုသာ- အခြားနိုင်ငံသားများ မဟုတ်- သင်္ဘောပေါ်မှ စင်းလုံးငှါး လေယာဥ်ဖြင့် သယ်ဆောင်သွားမည်ကို စောင့်ဆိုင်း နေလျက်ရှိသည်။  ကျန်ရှိသော ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများမှာ သတင်းပို့ထားချက်အရ ကြားညှပ် နေလျက်သား ရှိနေသေးပါသည်။  

ယခုသော် ဝက်ဘ်ဆိုက် Guardian က သတင်းပို့နေသည်မှာ Covid-19 ကမ္ဘာအနှံ့ရောဂါ ပျံ့နှံ့မှုကို တုံ့ပြန်သော အနေဖြင့် အပျော်စီးသင်္ဘော ဆိုက်ကပ်ခြင်းကို ချီလီနိုင်ငံက တားမြစ်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံသား ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင် အယောက် ၁၀၀ ကျော်တို့မှာ  ချီလီနိုင်ငံ ကမ်းလွန်တစ်နေရာ Roald Amundsen သင်္ဘောပေါ်တွင် ချောင်ပိတ်မိခံနေရသည်။

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ Dave Heindel က ယနေ့တွင် လူသားချင်းဆိုင်ရာ ဘေးကပ်ကာလ အတွင်း သင်္ဘောသားများနှင့် ခရီးသည်များ၏ ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ပေးရန် အလံငှါးနိုင်ငံများ၏ ပျက်ကွက်မှုကို အထင်သားမြင်သာစေရန် ဆော်သြလိုက်ပါသည်။

Grand Princess သင်္ဘောနှင့် Braemar သင်္ဘောတို့၏ ကိစ္စတွင် ဘာမူးဒါးနိုင်ငံနှင့် ဘဟားမားနိုင်ငံတို့၏ အစိုးရများ၏ ပျက်ကွက်မှုအပေါ် မိမိတို့၏ အာဏာပိုင်စိုးသည့်သင်္ဘာများအတွက် အခက်အခဲကို ဖြေရှင်းပေးရန် မိမိတို့၏ တာဝန်ကို လက်မခံသည့်အတွက် အာရုံစိုက်ပေးရန် လိုအပ်ကြောင်း တောင်းဆိုပါသည်၊ ဟု Heindel က ပြောကြားခဲ့သည်။

ဤကိစ္စတစ်ခုချင်းတွင် သံတမန်ရေးအရ အပြန်အလှန်ပြောဆိုပြီးနောက်၊ အမေရိကန်ပြည်ထောင်စုနှင့် ကျူးဘားနိုင်ငံ အစိုးရသည် အခက်အခဲကို ဖြေရှင်းရန်အတွက် အပျော်စီးသင်္ဘောကုမ္ပဏီနှင့်တိုက်ရိုက် လုပ်ကိုင်ပေးလျက်ရှိပါသည်။ သို့သော်လည်း ဤသင်္ဘောပေါ် လုပ်ကိုင်နေသည့် သင်္ဘောသားများကို ကူညီရန် အလံအငှါးနိုင်ငံ အစိုးရများ၏ တာဝန်နှင့် စောင့်ရှောက်ရမည့်တာဝန်တို့ကို နည်းနည်း သို့မဟုတ် လုံးဝ မပြောကြပါ။ ဟု Heindel က ဖြည့်စွက် ပြောကြားလိုက်သည်။

အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရ၊ သင်္ဘောဝန်ထမ်းများနှင့် ခရီးသည်တို့ အပြင် သက်ရောက်နိုင်ဖွယ်ရှိသော ကျယ်ပြန့်သည့် အများပြည်သူတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေး အတွက် တာဝန်သည် အလံအငှါးနိုင်ငံ အစိုးရများအပေါ် ကျရောက်ပါသည်။   အလံအငှါး နိုင်ငံများအနေဖြင့် သေချာအောင်လုပ်ရလိမ့်မည်မှာ မိမိတို့၏ အလံကို တင်ထားသော သင်္ဘောများ၏ ပိုင်ရှင် ကုမ္ပဏီများသည် နိုင်ငံအငှါးတင် နိုင်ငံများက အဆိုပါ သင်္ဘောများအပေါ် ပိုင်စိုးသည့် အချုပ်အခြာအာဏာရှိခြင်းကြောင့် နိုင်ငံလုံးဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာရန်ဖြစ်ပါသည်။

အလံအငှါးတင်နိုင်ငံများသည် အဆိုပါ သင်္ဘောများ အပေါ် အချုပ်အခြာအာဏာရှိသော်လည်း ကိုရိုနာဗိုင်းရတ်စ် အဖြစ်ခံရသည့် အပျော်စီးသင်္ဘောများအတွက် တာဝန်မှာ ဆိပ်ကမ်းနိုင်ငံများ၊ ခရီးသည်များနှင့် သင်္ဘော ဝန်ထမ်းတို့၏ နိုင်ငံ အစိုးရများ သို့မဟုတ် တတိယနိုင်ငံတစ်နိုင်ငံပင်လျှင်တို့အပေါ် ကျရောက်လျက်ရှိပါသည်။  ဥပမာအားဖြင့်ဆိုရသော်၊ Braemar  သင်္ဘောကို မိမိ၏ ကိုယ်ပိုင်နယ်မြေတွင်ပင် ဆိုက်ကပ်ရန် ငြင်းပယ်ခံခဲ့ရသည်၊ ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများကို သင်္ဘောပေါ်မှ သယ်ဆောင်သွားရန်အတွက် အစိုးရက ခွင့်ပြုပြီးနောက် ကျူးဘားနိုင်ငံသို့ သင်္ဘောကို ပို့ခဲ့ရသည်၊ ဟု Heindel က ပြောကြားခဲ့သည်။  

ဤကိစ္စမှာ စိတ်ပျက်စရာနှင့် မဖြစ်သင့်သည့်ကိစ္စ သက်သက်သာ ဖြစ်ပါသည်။ အကယ်၍ အလံအငှါးတင်ခြင်းဆိုင်ရာ စနစ်ကို ယခုလက်ရှိအတိုင်း ကမ္ဘာက ဆက်လက် လက်ခံနေလျှင် ၎င်း၏ ပျက်ကွက်မှုများကို ထောက်ပြသင့်ပါသည်။  အလုပ်သမားများအား အကာအကွယ်ပေးရန်နှင့်တကွ Covid-19 ဗိုင်းရတ်စ် ကူးစက်မှုကို တွန်းလှန်ရန်အတွက် လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ တာဝန်နှင့်ကိုက်ညီမည့် အရေးယူဆောင်ရွက်မှုများကို ပြဌာန်းပေးရန်အတွက် အလံအငှါးနိုင်ငံများ၏ မူဝါဒရေးရာ အားနည်းမှုများနှင့် စွမ်းဆောင်ရည် ညံ့ဖျင်းမှုနှင့်ပတ်သက်၍ ကမ္ဘာအနေဖြင့် စိုးရိမ်ပူပန်သင့်သည်၊ ဟု သူက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများကို ကိုယ်စားပြုသည့် ITF နှင့် ကျွန်ုပ်တို့၏ ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့ဝင်များသည် အလံငှါးနိုင်ငံများအား သင်္ဘောများပေါ်ရှိ အားလုံးသော အလုပ်သမားများနှင့် ခရီးသည်တို့၏ ကျန်းမာရေးနှင့် သာယာဝပြောရေးအတွက် အထူးသဖြင့် တစ်ကြိမ်လျှင် လပေါင်းများစွာ သင်္ဘောပေါ် နေထိုင်ပြီး အလုပ်လုပ်ရသည့် သင်္ဘောသားများအတွက် တာဝန်ယူရန်နှင့် စီစဥ်ပေးရန် တိုက်တွန်းခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ ကျန်းမာရေးကို အကာအကွယ်ပေးခြင်းသည် ကျွန်ုပ်တို့၏ ပထမ ဦးစားပေးမှု ဖြစ်ပါသည်။ ITF သည် သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်းများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ ခရီးသည်များနှင့်အတူ ၎င်းတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက် ဆက်လက်၍ ကိုယ်စားပြု ဆောင်ရွက်ပေးမည်ဖြစ်ပြီး COVID-19 ၏ အန္တရာယ် အလားအလာတစ်ခုခုမှ သူတို့ အကာအကွယ်ပေးရသည့် အပြင် သူတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အပေါ် အလံငှါးနိုင်ငံများမှာ မိမိ၏ စောင့်ရှောက်ရမည့် တာဝန်ကို လိုက်နာဆောင်ရွက်နေကြောင်း သေချာအောင်လုပ်ရန်လည်း ဖြစ်ပါသည်၊ ဟု Heindel က ပြောကြားခဲ့သည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်