Skip to main content

ဥရောပ ကော်မရှင် အဖွဲ့သို့ ပင်လယ်ခရီးတိုသွား ကုန်တင်သင်္ဘော အလတ်စား လုပ်ငန်း လည်ပတ်သူများက တင်သွင်းသည့် မကျေနပ်ချက်တိုင်တန်းစာနှင့်ပတ်သက်၍ ITF ထုတ်ပြန်ချက်

news Press Release 12 Jun 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) [နှင့် ၎င်း၏အဖွဲ့ဝင်များ] သည် ဥရောပ ကော်မရှင် အဖွဲ့၏ ပြိုင်ဆိုင်မှုအတွက် ညွှန်ကြားရေးမှူးချုပ်ထံ ပင်လယ်ခရီးတိုသွား ကုန်တင်သင်္ဘောအလတ်စား လုပ်ငန်း လည်ပတ်သူများက တင်သွင်းခဲ့သည့် မကျေနပ်ချက်တိုင်တန်းလွှာအကြောင်း သတင်းမီဒီယာမှတစ်ဆင့် ကြားသိခဲ့ရသည်။

မကျေနပ်ချက်မှာ အိုင်ဘီအက်ဖ်၏ အစုလိုက် အလုပ်အကိုင် လုပ်ခ သဘောတူစာချုပ် (IBF Collective Bargaining Agreement) ရှိ သင်္ဘောသား-မဟုတ်သူများ၏ အလုပ် စာပိုဒ် (Non-Seafarers’ Work Clause (NSWC)) နှင့်ဆက်စပ်နေသည်။ ဤစာပိုဒ်အားဖြင့် သင်္ဘောသားများအား အန္တရာယ်များသော ကုန်စည် ကိုင်တွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ထမ်းဆောင်ရန် တာဝန်ရှိခြင်းမှ အကာအကွယ်ပေးထားသည်။

သဘောတူညီချက်ကို သင်္ဘောသားများအား ကိုယ်စားပြုသော ITF နှင့် သင်္ဘောပိုင်ရှင်များကို ကိုယ်စားပြုသော ပူးတွဲညှိနှိုင်းရေး အုပ်စု (Joint Negotiating Group (JNG)) တို့အကြား သဘောအလျောက်ညှိနှိုင်းခဲ့ပြီး သဘောတူညီခဲ့သည်။ ဤစာပိုဒ်ကို သဘောရိုးဖြင့် ညှိနှိုင်းခဲ့ပြီး ITF က မျှော်လင့်ချက်ထားရှိသည်မှာ သင်္ဘောသားများအား အလုပ်ခန့်သည့်သူတို့သည် ဤစာပိုဒ်ကို စာချုပ်တစ်ခုလုံးအား လိုက်နာရန် မျှော်လင့်ထားသကဲ့သို့ အတူတူ လိုက်နာရပါမည်။

သင့်တော်သော အလုပ်နှင့် အနားယူချိန်များကို လိုက်နာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်းတို့ကို ပံ့ပိုးပေးခြင်းအားဖြင့်နှင့် ဤအန္တရာယ်ရှိသော အလုပ်တာဝန်ကို အဆိုပါ အလုပ်အတွက် သီးခြား လေ့ကျင့်ခံထားရသည့် အလုပ်သမားများက လုပ်ကိုင်စေခြင်းအားဖြင့်  သင်္ဘောများပေါ်၌ အလုပ် လုပ်ကိုင်လျက်ရှိသော သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးကို ပိုမိုကောင်းအောင်လုပ်ရန်အတွက် NSWC သည် ရည်မှန်းထားပါသည်။

သင်္ဘောသား မဟုတ်သူများ၏ အလုပ် စာပိုဒ် (Non-Seafarers’ Work Clause) သည် EU ပြိုင်ဆိုင်မှု ဥပဒေကို မဖောက်ဖျက်ပါ။

The ITF, FNV Havens, Nautilus NL နှင့် ver.di တို့သည် မကြာသေးမီက အဆိုပါ စာပိုဒ်ကို အာဏာတည်စေရန် တရားစွဲဆိုမှုများ တင်လျှောက်ခဲ့ပါသည်။ တိုင်တန်းချက်မျာ ဤအမှုအခင်းများအပေါ် နည်းဗျူဟာကျသော ပြန်လှန်တုံ့ပြန်မှုဖြစ်ပုံရပြီး NSWC ကို လိုက်နာရန်အား ရှောင်ကြဥ်ရန် ရှာဖွေပုံရသည်။

မကျေနပ်ချက် တိုင်တန်းသူများသည် လက်ရှိ၌ မကျေနပ်ချက်ကို ITF အား ဝေမျှပြောဆိုရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ITF အနေဖြင့် ပိုမို အသေးစိတ်ကျကျ မထုတ်ပြန်နိုင်ပါ။

ဆက်သွယ်ရန်-
ITF Maritime Communications Manager
mccourt_rory@itf.org.uk
+44 20 7940 9282

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်