Skip to main content

ITF နှင့် ICS တို့သည် Covid-19 ကပ်ဘေးကြီး အတောအတွင်း ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍကို ဆက်လက် ရှင်သန်ပေးစေရန် တောင်းဆိုလိုက်သည်

news 23 Mar 2020

ITF နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS)) တို့သည် အတူပူးတွဲ၍  အိတ်ဖွင့် စာ တစ်စောင်ကို ရေးသား၍ ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီရုံးများသို့ ပေးပို့လိုက်သည်၊ ဤသို့သော အလွန်ဆန်းပြားသည့် ကပ်ဘေးကြီးအတွင်း သင်္ဘောသားများ၏ အခရာကျသော အခန်းကဏ္ဍကို အသိအမှတ်ပြုပေးရန် ၎င်းတို့အား တောင်းဆိုလိုက်ပါသည်။

အဆိုပါ စာက ဆိုလိုသည်မှာ နိုင်ငံသားကို မသက်ဆိုင်စေဘဲ အားလုံးသော သင်္ဘောသားများကို ‘အဓိက အလုပ်သမားများ’ အဖြစ် ဆက်ဆံပေးရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် သင်္ဘောသားများ ပါဝင်ဆောင်ရွက်ရသည့် အခရာကျသော အခန်းကဏ္ဍကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအနေဖြင့် သိရှိစေရန်ကို သေချာစေရန် ထည့်သွင်းသင့်သည်ဖြစ်ပါသည်။

ထပ်ဆင့်၍ ITF နှင့် ICS တို့က တောင်းဆိုသည်မှာ-

  • ဤအကြောင်းအရာခေါင်းစဥ်ကို သင့်တော်သော အဆင့်-မြင့် အစည်းအဝေးများ၌ အရေးပေါ်ထည့်သွင်းပေးရန်
  • အမျိုးသား အစိုးရများအနေဖြင့် သုံးပွင့်ဆိုင် အစည်းအဝေးများကို ခေါ်ယူရန်ဖြစ်သည်၊ သင်္ဘောသားများအနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ချက်ချင်း ဖြေရှင်းချက်များ ရှာဖွေပေးရန်ဖြစ်သည်၊ အထူးသဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် သင်္ဘောသားများ၏ သွားလာမှုများဖြစ်သည်။

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပူးတွဲထုတ်ပြန်သည့်စာကို ကြိုဆိုခဲ့ပါသည်-  “အစိုးရများ၊ အလုပ်သမားများ သမဂ္ဂများနှင့် လူမှုရေးဆိုင်ရာ ဖက်စပ်လုပ်ကိုင်သူများသည် အတူတကွ ပူးပေါင်းရန်လိုအပ်ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်ချက်များကို သဘောတူရန် လိုအပ်ပါသည်၊ သင်္ဘောသားများမှာ သူတို့၏ ကျန်းမာရေးနှင့် သူတို့နှင့်ထိတွေ့နေသည့် အားလုံးသော ပင်လယ်ရေကြောင်း အလုပ်သမားများ၏ ကျန်းမာရေးကို အကာအကွယ်ပေးရန် အလို့ငှါ သင်္ဘောသားများမှာ အကာအကွယ်ပေးခံရကြောင်း သေချာစေရန်ဖြစ်ပါသည်။

“အစိုးရများအနေဖြင့် သင်္ဘောသားများ၏ သင်္ဘောများမှ အသွားအပြန် သွားလာမှုကို အထောက်အကူပြုမည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန်လည်း လိုအပ်ပါသည်၊ သို့မှသာ သူတို့အနေဖြင့် အလုပ်သို့ လာရောက်ရန် ကြိုးစားသည့် အခါနှင့် ကုန်စည်များ သယ်ဆောင်ပေးရန် လုပ်ဆောင်သည့်အခါ မတော်တလျော် သက်ရောက်မှု ခံစားရမည် မဟုတ်ပါ”။

ICS သည် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ သင်္ဘောပိုင်ရှင်များ၏ အသင်းအဖွဲ့များနှင့် ကမ္ဘာ့ ကုန်သည် သင်္ဘောလုပ်ငန်း တန်ချိန်၏ 80 ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပါသည်။  

ပူးတွဲထုတ်ပြန်စာ၏ စာကိုယ်အပြည့်အစုံမှာ-

တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရး လုပ်ငန်းကဏ္ဍမှ ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီရုံးများသို့ ပူးတွဲအိတ်ဖွင့်ပေးစာ

COVID-19 ကပ်ဘေးကြီး အတောအတွင်း ကမ္ဘာ့ ကုန်သွယ်ရေး ချောမွေ့စွာ လည်ပတ်နေစေရန် သင်္ဘောဝန်ထမ်းများ အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးခြင်း

သို့-
ညွှန်ကြားရေးမှုးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း

အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကုသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း
အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကုသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ
ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့။  

COVID-19 ကမ္ဘာအနှံ့ပျံ့နှံ့မှု ဖြစ်ပွားနေစဥ် အားလုံးသော အစိုးရများအနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ ကုန်သွယ်မှုကို ကမ္ဘာအနှံ့ ဆိပ်ကမ်းများတွင် ကုန်သွယ်မှုဆိုင်ရာ သင်္ဘောများကို ဆက်လက် ခွင့်ပြုပေးခြင်းအားဖြင့် နှင့်တကွ သင်္ဘောများ၏ သင်္ဘောဝန်ထမ်းများ အသွားအလာနှင့် သင်္ဘောသား အပြောင်းအလဲလုပ်ရေး မြန်ဆန်မှုကို ပံ့ပိုးပေးခြင်းအားဖြင့် ဆက်လက် ချောမွေ့အောင် ထားရှိရန်သည် အခရာကျလှပါသည်။

ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ သင်္ဘောပိုင်ရှင်များ၏ အသင်းအဖွဲ့များနှင့် ကမ္ဘာ့ ကုန်သည် သင်္ဘောလုပ်ငန်း တန်ချိန်၏ 80% ကျော်ကို ကိုယ်စားပြုသည့်  အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber Shipping (ICS)) နှင့် ကမ္ဘာ့ အပြည်ပြည်ဆိုင်ရာအားဖြင့် ကုန်သွယ်မှုဆိုင်ရာ သင်္ဘောများကို လုပ်ငန်းလည်ပတ်ပေးသည့် ခန့်မှန်းခြေ သင်္ဘောသား နှစ်သန်းကိုယ်စား ပြောဆိုပေးနေသည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) တို့ကိုယ်စား စာရေးနေပါသည်။

COVID-19 ကမ္ဘာအနှံ့ပျံ့နှံ့နေစဥ် 90% ရာခိုင်နှုန်းသော ကမ္ဘာ့ကုန်သွယ်မှုကို ကုန်သွယ်မှုဆိုင်ရာ သင်္ဘောလုပ်ငန်းက သယ်ယူပို့ဆောင်ပေးကြောင်း အပြည့်အဝ နားလည်ရန် အရေးကြီးပါသည်၊ ၎င်းသင်္ဘောလုပ်ငန်းသည် ကမ္ဘာ့ အစားအစာ၊ လောင်စာနှင့် ကုန်ကြမ်းများအပြင် ထုတ်ကုန်ပစ္စည်းများနှင့် အပိုပစ္စည်းများ – စူပါမားကက်များတွင် ရောင်းချသော အခရာကျသည့် ဆေးဝါးပစ္စည်း ဖြန့်ချီမှုများနှင့် အများအပြား ထုတ်ကုန်များ၊ ထုတ်လုပ်ရေး၌ များစွာသော အလုပ်များကို ထိန်းထားရန်အတွက် (ရှုပ်ထွေးသည့် ဖြန့်ချီရေးဆိုင်ရာ ကွင်းဆက်များကြောင့်) – မရှိလျှင် ခေတ်သစ် လူ့လောကမှာ မရပ်တည်နိုင်တော့မည့် လိုအပ်သည့် အရာပစ္စည်းများကို သယ်ဆောင်ပေးပါသည်။   

တစ်ကမ္ဘာလုံးဆိုင်ရာ ဘေးကပ်ကြီး၏ ဤအချိန်ကာလ၌ ကုန်စည်ဖြန့်ချီရေးကွင်းဆက်များနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့်တကွ သယ်ယူပို့ဆောင်ရေး စီးဆင်းမှုကို ဆက်လက်ဖွင့်ထားပေးရန် ယခင့်ယခင်ကထက် ပိုမို၍ အရေးကြီးပါသည်။  

အထူးသဖြင့် ဆိုလိုသည်မှာ ကုန်သွယ်မှုဆိုင်ရာ သင်္ဘောများ ဆိုက်ကပ်ရန်အတွက်နှင့်  ဖြစ်နိုင်သမျှ အခက်အခဲ အနည်းငယ်ဖြင့် သင်္ဘော၏ သင်္ဘောဝန်ထမ်းများ အပြောင်းအလဲလုပ်ရေးများနှင့် သွားလာမှုတို့ကို ပံ့ပိုးပေးခြင်းတို့အားဖြင့် ကမ္ဘာ့ဆိပ်ကမ်းများကို ဖွင့်ထားပေးစေခြင်းကိုဆိုလိုပါသည်။  

လစဥ်လတိုင်း အယောက် 100,000 ခန့်သော သင်္ဘောသားများမှာ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စည်းမျဥ်းများ၊ အာဏာသက်ရောက်လျက်ရှိသော ဘေးကင်းလုံခြုံသည့် အလုပ်လုပ်ကိုင်ရာ အချိန်နာရီများနှင့် သင်္ဘောဝန်ထမ်းများ၏ လူမှုဖူလုံရေးတို့နှင့်အညီ သူတို့လုပ်ကိုင်နေသော သင်္ဘောများမှ အပြောင်းအလဲလုပ်ရန် လိုအပ်ပါသည် သို့မှသာ သူတို့အနေဖြင့် ကမ္ဘာ့ ကုန်သွယ်မှုကို ဘေးကင်းစွာဖြင့် ဆက်လက်၍ သယ်ယူပို့ဆောင် ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ့ ကျွမ်းကျင်သော ကုန်သည် သင်္ဘောသားများအတွက် ကမ္ဘာ့ ပင်လယ်ရေကြောင်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ လုပ်ငန်းလည်ပတ်မှုကို ထိန်းထားပေးနိုင်ရန်အလို့ငှါ သင်္ဘောများသို့ အလုပ်လုပ်ရန် တက်ရောက်သည့်အခါ သို့မဟုတ် သင်္ဘောများမှ ထွက်ခွာသည့်အခါ နိုင်ငံတစ်ခုခု၏ ခရီးသွား ပိတ်ပင်မှုများမှ ထိုက်သင့်သလို ခြွင်းချက်များ ခွင့်ပြုပေးရန် အခရာကျသည့်လိုအပ်ချက်ကို အထင်းသားပေါ်လွင်အောင်တင်ပြလိုပါသည်။

ကမ္ဘာအနှံ့ရောဂါပျံ့နှံ့နေစဥ်အတွင်း သူတို့၏ အခရာကျသည့် အခန်းကဏ္ဍနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အကြံပြုသည်မှာ နိုင်ငံသားကို မသက်ဆိုင်စေဘဲ တတ်ကျွမ်းသူ သင်္ဘောသားများကို မည်သည်သို့သော အခြား အပြည်ပြည်ဆိုင်ရာ ‘အဓိက အလုပ်သမားများ’ အဖြစ် လေယာဥ်ဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာအတတ်ပညာရှင်များနည်းတူကဲ့သို့ ဆက်ဆံပေးသင့် ပါသည်။ သို့ပါ၍ သူတို့အတွက် အထူးသုံးသပ်ချက်များဖြင့် သုံးသပ်ပေးသင့်ပြီး၊ အရေးပေါ် ကျန်းမာရေး သတ်မှတ်ပြဌာန်းလုပ်ထုံးများ လိုက်နာရန်လိုအပ်ကြောင်းနှင့် မသက်ဆိုင်စေဘဲ သူတို့ သူတို့၏သင်္ဘောများသို့ အဝင် အထွက် လုပ်သည့်အခါ လက်တွေ့အကျိုးမျှော်ဝါဒီနှင့်တကွ နားလည်မှုဖြင့် လုပ်ဆောင်ပေးသင့်ကြောင်းဖြစ်ပါသည်။  

ထို့ကြောင့် ကျွန်ုပ်တို့သည် ဤပြဿနာ၏ အခရာကျသည့် အရေးကြီးပုံအား သင့် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများကို မီးမောင်းထိုးပြရန် သင့် အဖွဲ့အစည်းများအား တောင်းဆိုပါသည်။  

အရေးပေါ်ကိစ္စတစ်ခုအဖြစ်၊ ကျွန်ုပ်တို့ တောင်းဆိုသည်မှာ ဤအကြောင်းအရာခေါင်းစဥ်ကို ထိုက်သင့်သော အဆင့်မြင့် အစည်းအဝေးများ၏ အစည်းအဝေးအစီအစဥ်တွင် ထည့်သွင်းပေးရန်နှင့် သင့် အဖွဲ့အစည်းများ၏ အဖွဲ့ဝင် နိုင်ငံများရှိ နိုင်ငံ့ အာဏာပိုင်များအား သူတို့၏နိုင်ငံ သင်္ဘောပိုင်ရှင်များ အဖွဲ့နှင့် သူတို့နိုင်ငံ သင်္ဘောသားများ သမဂ္ဂတို့နှင့် ချက်ချင်း လက်တွဲလုပ်ဆောင်ပေးရန် တိုက်တွန်းပေးသင့်သည်၊ ဤကြီးလေးသော ပြဿနာကို လျင်လျင်မြန်မြန် ဖြေရှင်းချက်များ ရှာဖွေရန်ဖြစ်ပါသည်၊ ထိုမှမဟုတ်လျှင် COVID-19 ကမ္ဘာအနှံ့ရောဂါပျံ့နှံ့မှုအား ကိုင်တွယ်ဖြေရှင်းရန် တစ်ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကို တားဆီးရာရောက်မည့် အန္တရာယ်ရှိသည်။  

ရိုးသားစွာဖြင့်၊
_____________________________
Guy Platten, အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ အတွင်းရေးမှူးချုပ်  
_____________________________
Stephen Cotton, အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်