Skip to main content

သပိတ်မှောက်ရန် အခွင့်အရေးသည် အခြေခံ လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်

news Press Release 22 Oct 2019

2019 ခုနှစ် အောက်တိုဘာလ 16-17 ရက်နေ့တို့တွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကနေဒါနိုင်ငံ၊ မွန်ထရီရယ် ဆိပ်ကမ်း၌ သပိတ်မှောက်ရန် အခွင့်အရေးနှင့်ပတ်သက်၍ ကနေဒါနိုင်ငံ လုပ်ငန်းကဏ္ဍ အလုပ်သမား ဆက်ဆံရေး ဘုတ်အဖွဲ့ (Canadian Industrial Labor Relations Board (CIRB)) ကကြားနာသည့် ကြားနာမှုတစ်ရပ်ကို တက်ရောက်ခဲ့ပါသည်။

CUPE 375 နှင့် ILA 1657 ဖြစ်သည့် ITF ဆိပ်ကမ်းအလုပ်သမားများ အဖွဲ့ဝင်တို့အပေါ် မွန်ထရီရယ် အလုပ်ရှင်များ အသင်း (Montreal Employers Association (MEA)) က စွဲဆိုခဲ့သော အမှုသည် လုပ်ငန်းကဏ္ဍဆိုင်ရာ တရားဝင် တရားစွဲဆိုရန် ဆိပ်ကမ်းအလုပ်သမားများ၏ အခွင့်အရေးကို ချိုးဖောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ITF ဥက္ကဌ Paddy Crumlin နှင့်တကွ ver.di (Germany), International Longshoremen’s Association (USA), International Longshore and Warehouse Union Canada, 3F (Denmark), Swedish Transport Workers’ Union (Sweden) နှင့်  ITF Dockers’ Section စသည့်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များသည် ဤအရေးပါလှသော အမှုတွင် ကျွန်ုပ်တို့၏ ကနေဒါနိုင်ငံ ညီအစ်မများနှင့် ညီအစ်ကိုများအတွက် ထောက်ခံမှုနှင့် စည်းလုံးညီညွှတ်မှုကို ပြသရန် ကြားနာမှုကို တက်ရောက်ခဲ့ပါသည်။ 

{"preview_thumbnail":"/sites/default/files/styles/video_embed_wysiwyg_preview/public/video_thumbnails/dg_uq6YoMtc.jpg?itok=-EYEJIhm","video_url":"https://youtu.be/dg_uq6YoMtc","settings":{"responsive":1,"width":"854","height":"480","autoplay":0},"settings_summary":["Embedded Video (Responsive)."]}

ITF ၏ ခိုင်မာတောင့်တင်းပြီး ကွဲပြားခြားနားကျယ်ပြန့်သော ကိုယ်စားလှယ်အဖွဲ့သည် ဤအမှု၏ အရေးပါမှုကို မီးမောင်းထိုးပြပါသည်၊ ကနေဒါနိုင်ငံရှိ ဆိပ်ကမ်းအလုပ်သမားများအတွက်သာမကဘဲ ကမ္ဘာတစ်ဝန်း အလုပ်သမား အားလုံးအတွက်ဖြစ်ကြောင်း ဖြစ်ပါသည်။

MEA သည် ဆိပ်ကမ်းအလုပ်သမားများ၏ သပိတ်မှောက်ရန် အခြေခံ အခွင့်အရေးကို ၎င်းတို့၏ အလုပ်မှာ မဖြစ်မနေလုပ်ရမည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အကယ်၍ ဆိပ်ကမ်းအလုပ်သမားများ သပိတ်မှောက်ပါက အများပြည်သူ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အန္တရာယ်ကျရောက်နိုင်သည်ဟု အကြောင်းပြချက်ပေးခြင်းအားဖြင့် အခွင့်အရေးကို ချိနဲ့ရန်နှင့် ကန့်သတ်ရန် ကြိုးစားနေခြင်းဖြစ်ပါသည်။ 

ဤကိစ္စသည် ဒေါသထွက်စရာ နောက်တစ်ခုဖြစ်ပြီး သပိတ်မှောက်ရန် အခွင့်အရေးဖြစ်သည့် အလုပ်သမားများ၏ အခြေခံ အခွင့်အရေးအပေါ် အခြေအမြစ်မရှိသော တိုက်ခိုက်မှုဖြစ်သည်။

ရှေ့နေ Marie Christine Morin က ကိုယ်စားပြုသည့် CUPE 375 နှင့် ရှေ့နေ Ron Pink က ကိုယ်စားပြုသည့် ILA 1657 တို့သည် MEA ၏ စွပ်စွဲမှုများအပေါ် ဆန့်ကျင်သည့်တင်းမာသော လျှောက်လဲချက်များ တင်ပြခဲ့ပြီး ၎င်းတို့၏ အမှန်တကယ် စိုးရိမ်မှုမှာ ၎င်းတို့၏ စီးပွားလုပ်ငန်းအပေါ် သပိတ်မှောက်မှုက ဖြစ်ပေါ်စေမည်ဖြစ်သည့် ငွေကြေးဆိုင်ရာ သက်ရောက်မှု ဖြစ်သည်ဟု သာဓကထင်ရှားစေခဲ့ပါသည်။

ITF အလုပ်အမှုဆောင်ဘုတ်အဖွဲ့သည် CUPE 375, ILA 1657 နှင့် အားလုံးသော ကနေဒါနိုင်ငံ ဆိပ်ကမ်း အလုပ်သမားများအား ဤအမှုကို ဖြေရှင်းရန်နှင့် အခြေခံလူ့အခွင့်အရေးဖြစ်သည့် သပိတ်မှောက်ရန်အခွင့်အရေးကို အကာအကွယ်ပေးရန်အတွက် ထောက်ခံရာ၌ လိုအပ်သည့် အားလုံးသော အရင်းအမြစ်များကို ပေးကမ်းမည်ဟု ကတိပြုပါသည် - 2017 ခုနှစ် မတ်လ 9 ရက်နေ့၌ ငြိမ်းချမ်းစွာ စုဝေးရန်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းရန် လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ယခင် ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ Mr. Maina Kiai က ရှင်းလင်းစွာနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ပြောကြားခဲ့သည့်အတိုင်း ဖြစ်ပါသည်။

သပိတ်မှောက်ရန် အခွင့်အရေးသည် အသင်းအဖွဲ့ ဖွဲ့စည်းရန်အခွင့်အရေး၏ ကိုယ်ပိုင် ကြောင်းကျိုးဆက်စပ်သော အခြေခံ အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါသည်။ ၎င်းသည် သာနာပြီးအဆင်ပြေသော လုပ်ငန်းခွင်အခြေအနေအပေါ် အခွင့်အရေး၊ အပြင် သိက္ခာရှိရှိနှင့် ခြိမ်းခြောက်မှုနှင့်တကွ နှိပ်စက်ညှဉ်းပန်းခြင်းအတွက် ကြောက်ရွံ့ခြင်းမရှိစေဘဲ အလုပ်လုပ်ရန် အခွင့်အရေးတို့အပါအဝင် လုပ်ငန်းခွင်၌ မိမိတို့၏ အခွင့်အရေးများကို စုပေါင်း၍ ရဲရဲတင်းတင်းပြောဆိုရန် ကမ္ဘာတစ်ဝန်းရှိ သန်းချီသော အမျိုးသမီး အမျိုးသားများအတွက် အရေးပါသည်။  ထို့ပြင် အစိုးရ၏ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်းသည့် ဆန္ဒပြလုပ်ရပ်နှင့် မကောင်းသော အလုပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပေါ် ဆန့်ကျင်သည့် ဆန္ဒပြလုပ်ရပ်သည် အခြေခံ ပြည်သူ့အခွင့်အရေးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်၊ ၎င်းသည် အလုပ်သမား အစည်းအရုံး အခွင့်အရေးများကို အဓိပ္ပါယ်ရှိရှိ ကျင့်သုံးရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဤအခွင့်အရေးအားဖြင့် ၎င်းသူတို့အား ကုမ္ပဏီများနှင့်အစိုးရများတို့နှင့် ပိုမို၍ တန်းတူစွာဖြင့် ဆက်ဆံပြောဆိုစေပြီး အဖွဲ့ဝင်နိုင်ငံများတွင် ဤအခွင့်အရေးကို အကာအကွယ်ပေးရန် လိုက်လုပ်ရမည့်တာဝန် (positive obligation) ရှိပြီး ဤအခွင့်အရေးအား ကျင့်သုံးမှုကို ဝင်ရောက်မစွက်ဖက်ရန်အတွက် ရှောင်ကြဉ်ရမည့်တာဝန် (negative obligation) ရှိသည်။

ထို့ပြင် သပိတ်မှောက်ရန် အခွင့်အရေးအား အကာအကွယ်ပေးခြင်းသည် နိုင်ငံများအတွက် မိမိတို့၏ တရားဝင် တာဝန်များကို ရိုးရိုးလေး ထမ်းဆောင်ခြင်းသာ မဟုတ်ပါ။  ၎င်းသည် ရေရှည်တည်တံ့ခိုင်မြဲနေမည့် ဒီမိုကရေစီကျကျနှင့် သာနာညီမျှသော လူ့ဘောင်အဖွဲ့အစည်းများကို သူတို့အနေဖြင့် ဖန်တီးပေးရမည့်အကြောင်းလည်းဖြစ်သည်။  ကဏ္ဍတစ်ခုတည်း၌ လုပ်ပိုင်ခွင့်အာဏာကို စုစည်းထားခြင်း အစိုးရတွင်ဖြစ်စေ သို့မဟုတ် စီးပွားလုပ်ငန်းတွင်ဖြစ်စေ သည် ဒီမိုကရေစီစနစ် ပျက်သုဉ်းမှုသို့ မလွဲဧကန် ဦးတည်မည်ဖြစ်သည့်အပြင် အားလုံးသော နောက်ဆက်တွဲ ပြဿနာများနှင့်အတူ တန်းတူမရှိမှု တိုးမြင့်ခြင်းနှင့် အမြတ်အစွန်းတိုးချဲ့ခြင်းဆီသို့ မလွဲဧကန် ဦးတည်မည်ဖြစ်သည်။  သပိတ်မှောက်ရန် အခွင့်အရေးသည် ဤလုပ်ပိုင်ခွင့်အာဏာ စုစည်းထားမှုအပေါ် စိစစ်မှုတစ်ရပ်ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာအဆင့်နှင့် အတန်းအစားမျိုးစုံ အဆင့်များ၌ သပိတ်မှောက်ရန် အခွင့်အရေးကို ပျက်သုဉ်းစေရန်လုပ်သည့် အားထုတ်မှု အမျိုးမျိုးအား ကျွန်ုပ် ရှုတ်ချပါသည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်