Skip to main content

သင်္ဘောသားများအတွက် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည်သွတ်သွင်းမှုကို ITF ကြိုဆို

news Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers Federation (ITF)) သည်  သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး အာဏာပိုင် (Australian Maritime Safety Authority (AMSA)) ၏ ဤအပတ် ကြေငြာချက် ကိုကြိုဆိုပါသည်၊  ၎င်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၏ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (International Labour Organisations Maritime Labour Convention (MLC)) က ချမှတ်ထားသည့် အများဆုံး ၁၁ လ ကာလထက်ကျော်လွန်၍ သင်္ဘောသားများအား သင်္ဘောပေါ်ထားရှိရန်အတွက် ယာယီ ကင်းလွတ်ခွင့်များကို အဆုံးသတ်ပါလိမ့်မည်ဖြစ်ပါသည်။

ITF သင်္ဘောသားများနှင့် ကုန်းပိုင်း လမ်းကြောင်းပြ ဌာနခွဲ ညှိနှိုင်းရေးအရာရှိဖြစ်သူ Fabrizio Barcellona က ပြောကြားခဲ့သည်မှာ ကမ္ဘာကြီးသည် Covid-19 ရောဂါကပ်ဘေးကြီးကို ရှစ်လကျော်ကြာ ရင်ဆိုင်ဖြေရှင်းနေလျက်ရှိသည့်အလျှောက် စည်းမျဉ်းကြပ်မတ်သူများနှင့် လုပ်ငန်းကဏ္ဍတို့သည် သင်္ဘောသားများ၏ အခွင့်အရေးများနှင့် ကောင်းကျိုးကို ပြန်လည်၍ လေးစားပေးရန် လိုအပ်ခဲ့ပါသည်။

 သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လူသားချင်းစာနာထောက်ထားရမည့် အကျပ်အတည်းကို ဆက်လက် လျစ်လျူရှုထားရန်နှင့် သင်္ဘောသားများ၏ အိမ်ပြန်ရန် အခွင့်အရေး၊ ထိုက်သင့်သော ဆေးကုသရန်အခွင့်အရေး သို့မဟုတ် သင်္ဘောပေါ်ရှိ မောပန်းနေပြီဖြစ်သည့် သင်္ဘောဝန်ထမ်းများကို လူသစ်အစားထိုးပေးရန် အခွင့်ရေးတို့ကို ဆက်လက်ငြင်းဆိုရန်တို့မှာ လက်မခံနိုင်ပါ။ ကျွန်ုပ်တို့သည် Vega Dream သင်္ဘောတွင် ပေါ်ပေါက်နေသကဲ့သို့သော အခြေအနေများကို သည်းမခံသင့်ပါ၊ သည်းမခံနိုင်ပါ၊ ၎င်းတွင် AMSA သည် ဤသင်္ဘောကို သင်္ဘောပေါ်၌ အရေးပေါ် ဆေးကုသမှု လိုအပ်နေသည့် ရောဂါကူးစက်ခံနေရသော သင်္ဘောဝန်ထမ်းများ ရှိနေလျက် သြစတြေးလျနိုင်ငံ ရေပိုင်နက်မှ ထွက်ခွာခွင့်ပြုခဲ့သည်။

 ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးများသည် မိမိတို့၏ အလုပ်ကို ပြန်လည်လုပ်ရန်နှင့် သင်္ဘောသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းပေးရန် လိုအပ်ပါသည်၊ ဟု Barcellona က ပြောကြားခဲ့သည်။

 အပြည်ပြည်ဆိုင်ရာအားဖြင့် ခွင့်ပြုထားသည့် အများဆုံး ၁၁ လ ကျော်၍ သင်္ဘောပေါ်တွင် သင်္ဘောဝန်ထမ်းများကို ထားရှိရန် သင်္ဘောပိုင်ရှင်များအတွက် ကင်းလွတ်ခွင့်များကို AMSA က အဆုံးသတ်လိုက်သည့် ဆုံးဖြတ်ချက်အား ကျွန်ုပ်တို့ ကြိုဆိုပါသည်။ သို့သော်လည်း ၎င်းသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ကူညီဖြေရှင်းရန်နှင့် ကမ္ဘာ့ သင်္ဘောလုပ်ငန်းကဏ္ဍအတွက် ရှင်းလင်းသော မျှော်လင့်ချက်များကို သတ်မှတ်ရန်အတွက် ဆိပ်ကမ်းနိုင်ငံများကလုပ်သည့် ကျွန်ုပ်တို့ လိုအပ်သည့် လုပ်ရပ်၏ အစပိုင်းသာ ဖြစ်ပါသည်။

 ဤ မလိုလားအပ်သည့် ကင်းလွတ်ခွင့်သည် နောက်ထပ် သုံးလ ဆက်လက် ရှိနေမည်ကို ကျွန်ုပ်တို့ စိတ်ပျက်နေစဉ် သင်္ဘောသားများ၏ ကောင်းကျိုးကို ထိခိုက်ပြီး ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်သည့် ဤကဲ့သို့သော ကင်းလွတ်ခွင့်များဖြင့် ဆက်လက်ရှိနေရန် မတည်တံ့နိုင် ဟု သြစတြေးလျနိုင်ငံ ဆိပ်ကမ်း နိုင်ငံ ထိန်းချုပ်ရေး၏ အသိရှိမှုကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။

Barcellona ကပြောကြားခဲ့သည်မှာ သြစတြေးလျနိုင်ငံအနေဖြင့် သင်္ဘောသားများနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ဗဟိုအေဂျင်စီရုံးများနှင့် ပြည်နယ်အစိုးရများတို့အကြား ပိုမိုကောင်းမွန်စွာ ပူးပေါင်းညှိနှိုင်းရန် လိုအပ်ခဲ့ပါသည်၊ သင်္ဘောသားများအား လေဆိပ်များမှ သင်္ဘောများသို့ အသွားအပြန် လုံခြုံစွာနှင့် ကျင်လည်စွာ သွားလာစေရန် အစိမ်းရောင် ယာဥ်ကြောလမ်းများ သွတ်သွင်းပေးခြင်းအားဖြင့် ဖြစ်ပါသည်။ မြောက်မြားစွာသော အခြား အစိုးရများအတွက်လည်း အလားတူဖြစ်ပါသည်၊ ဟု သူက ပြောကြားခဲ့သည်။

 သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ရှစ်လ ပြည့်ပြီးနောက်၊ အစိုးရများသည် အလုပ်ကန်ထရိုက်-သက်တမ်းကျော်နေသည့် သင်္ဘောသားများရှိနေသည့် သင်္ဘောများ၊ နယ်စပ် ပိတ်ပင်ကန့်သတ်ချက်များ၊ မဖြစ်နိုင်သော Q စည်းမျဉ်းများ၊ နှင့် အပြည်ပြည်ဆိုင်ရာ လေယာဥ်ခရီးစဉ်များ နည်းပါးမှုသို့ ဉီးတည်မည့် အခြေခံ အခက်အခဲများကို ဖြေရှင်းပေးရမည်။  

 သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးရန်အတွက် ပူးပေါင်းစွာဖြင့် အတူလုပ်ကိုင်ရန် အစိုးရများက ကျွန်ုပ်တို့နှင့် လုပ်ငန်းကဏ္ဍအတွင်းရှိ အခြားသူများထံ ကမ်းလှမ်းဆက်သွယ်ခြင်းကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။ ဖြေရှင်းချက်များ ရှိပါသည်၊ သို့သော်လည်း အစိုးရများအနေဖြင့် ၎င်းတို့ကို လက်ခံကျင့်သုံးရန် လိုအပ်ပါသည်၊ ဟု Barcellona က နိဂုံးချုပ်ပြောကြားခဲ့ပါသည်။


 

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အာရှ-ပစိဖိတ် လတ်တလော သတင်း-

  • သင်္ဘောဝန်ထမ်းများ သင်္ဘောပေါ်တွင် ၁၂ လ ထက်ကျော်လွန်ပြီးရှိနေသည့်တိုင် တရုတ်နိုင်ငံသို့ ထွက်ခွာရန် ကျောက်မီးသွေး သယ်ဆောင်ထားသည့် သင်္ဘောများအား မိမိတို့၏ ဆိပ်ကမ်းများမှ ထွက်ခွာရန် ခွင့်ပြုနေသည့်  AMSA အပေါ် ITF အပြစ်ရှာပုံ သင်္ဘောသားများသည် ယခုအခါ သံတမန်ရေးဆိုင်ရာ မတိုးသာမဆုတ်သာ အခြေအနေအတွင်း ချောင်ပိတ်မိခံနေရသည်။
  • ဖိလစ်ပိုင်နိုင်ငံမှ သင်္ဘောသားများ (Covid-free) ကိုဗစ်-ကင်းနေစေရန် စီမံချက်တစ်ရပ်ကို သမဂ္ဂများနှင့် အလုပ်ရှင်များ ဖက်စပ်လုပ်ကိုင်

 

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်