Skip to main content

သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ စည်းမျဥ်းကြပ်မတ်ရေးအဖွဲ့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ နှုတ်ဆိတ်နေ

news Press Release 16 Jul 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) နှင့် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂ (Maritime Union of Australia (MUA)) တို့က ပြောကြားသည်မှာ သြစတြေးလျနိုင်ငံ ပြည်ထောင်စုအစိုးရသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ အိပ်ပျော်နေလျက်ရှိသည် – ကုန်သွယ်ရေး၊ သြစတြေးလျနိုင်ငံ၏ စီးပွားရေးနှင့် သင်္ဘောသားများ၏ အသက်များကို အန္တရာယ်နှင့်အရဲစွန့်နေရင်း အိပ်ပျော်နေပါသည်။

“ကြာသပတေးနေ့က၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်ပြီး စင်စစ်နီးပါး အပြည်ပြည်ဆိုင်ရာ ညီလာခံကို UK မှ ကျင်းပပေးနေခဲ့စဥ် သြစတြေးလျနိုင်ငံသည် ဖုန်းပင် မဆက်ခဲ့ပါ။ ပြည်ထောင်စု အစိုးရမှ ဦးဆောင်မှု မရှိသည့် သို့မဟုတ် အကြီးမားဆုံး ပင်လယ်ရေကြောင်း အကျပ်အတည်းကို ဖြေရှင်းရန် ၎င်း၏ စည်းမျဥ်း ကြပ်မတ်သည့်အဖွဲ့မှာ စိတ်ကူးယဥ်ကမ္ဘာထဲ မျော်နေသည့် နောက်ဆုံးပေါ် လက္ခဏာသာ ဖြစ်ပါသည်” ဟု ITF သမ္မတ နှင့် MUA နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူးဖြစ်သူ Paddy Crumlin က ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး အာဏာပိုင် (The Australian Maritime Safety Authority (AMSA)) က အတည်ပြုပေးခဲ့သည်မှာ မိမိတို့၏ အလုပ်ကန်ထရိုက်ကာလ ကုန်ဆုံးပြီးပြီးချင်း အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောပေါ်မှ ဆင်းရန်နှင့် အိမ်ပြန်ရရန် အခွင့်အရေးကို သင်္ဘောသားများအား ပေးအပ်ထားသည့် ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) အရ “သင်္ဘောသား အိမ်ပြန်ပို့မည့်ကိစ္စ မကျေနပ်ချက် တိုင်တန်းစာ” ၃၁ စောင် လက်ခံရရှိခဲ့ကြောင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ AMSA သည် သင်္ဘော တစ်စီးကိုသာ ဖမ်းဆီးခဲ့သည်၊ ၎င်းသင်္ဘောမှာ SKS Doyles – နော်ဝေးနိုင်ငံ အလံတင် ရေနံတင်သင်္ဘောတစ်စီး – ဖြစ်ပြီး “သင်္ဘောသား ၁၁ ဦး၏ အလုပ်ကန်ထရိုက်များမှာ သက်တမ်းကုန်ဆုံးခဲ့ပြီး” ဖြစ်ကြောင်း ၎င်းတို့က တွေ့ရှိခဲ့သည်ဟု  Crumlin  က ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံမှ လက်မှတ်ရေးထားသည့်- ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (The Maritime Labour Convention) – သည် အများဆုံး ၁၁ လ သင်္ဘောသားများ သင်္ဘောပေါ်၌ နေနိုင်ကြောင်း ပြဌာန်းထားသည်။ ကိုရိုနာဗိုင်းရတ်စ်၊ နယ်စပ်နှင့် ဖြတ်သန်းသွားမည့် ကြားနိုင်ငံ ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးသည် လေယာဥ်ခရီးစဥ်များနှင့် အခြားသော အိမ်ပြန်ရေးဆိုင်ရာ သယ်ယူပို့ဆောင်မှုတို့နှင့်အတူ ပိုမို၍ ခက်ခဲလာခဲ့သည်။

ITF နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အသိုင်းအဝိုင်းက ယုံကြည်သည်မှာ ကမ္ဘာအနှံ့ သင်္ဘောများပေါ်၌ မိမိတို့၏ အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်ပြီး အလုပ်လုပ်ကိုင်နေရင်း ချောင်ပိတ်မိခံနေရသော သင်္ဘောသား အယောက် 200,000 ကျော်ရှိသည်၊ ၎င်းတို့အထဲမှ အများအပြားမှာ နေ့စဥ် သြစတြေးလျနိုင်ငံ ဆိပ်ကမ်းများသို့ လာရောက်ကြသည်။

“ပင်ပန်းနွမ်းနယ်မှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများမှာ အဖြစ်များလာကြပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ချက် ကမ္ဘာအနှံ့ လိုအပ်ပါသည်။ သင်္ဘောလုပ်ငန်းအပေါ် လုံးဝ အားထားနေရသည့် ကျွန်းနိုင်ငံတစ်ခုအဖြစ် သြစတြေးလျနိုင်ငံသည် အထူးထင်ပေါ်သည့် အနေအထားတွင် ရှိသင့်ပြီး ပြည်ထောင်စု အစိုးရအနေဖြင့် ပါဝင်ပတ်သက်ရမည်ဖြစ်သည်” ဟု Crumlin က ပြောကြားခဲ့သည်။

“ဤအခြေအနေကို ထိန်းချုပ်ရန်နှင့် ပြည်နယ် အစိုးရများနှင့်တကွ ၎င်းတို့၏ ကျန်းမာရေး အေဂျင်စီရုံးများနှင့်အတူ သြစတြေးလျနိုင်ငံ ဆိပ်ကမ်းများ၌ အပြည်ပြည်ဆိုင်ရာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် ဘေးကင်းလုံခြုံပြီး ထိရောက်သော အိမ်ပြန်ပို့ရေးကို လုပ်ကိုင်ပေးရန် ဝန်ကြီးချုပ် Scott Morrison အတွက် အချိန်ကျရောက်ပါပြီ။”

“Morrison အနေဖြင့် AMSA ဦးဆောင်မှုကို နိုးကြားပေးရန်နှင့် ပိုမိုဆိုးရွားလာနေသည့် အကျပ်အတည်းကို အရေးပေါ် တုံ့ပြန်ပေးရန် သူတို့အား လမ်းညွှန်ပေးရန် လိုအပ်ပါသည်။ ပင်လယ်ရေကြောင်း ကဏ္ဏတစ်လျှောက်လုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိသော်လည်း ဦးဆောင်မှု မရှိ၊ အမြင် မရှိ၊ အပြည်ပြည်ဆိုင်ရာအားဖြင့် ပါဝင်လှုပ်ရှားမှု မရှိဖြစ်နေပါသည်။” Crumlin က ပြောကြားခဲ့သည်။

ITF သြစတြေးလျနိုင်ငံဆိုင်ရာ ညှိနှိုင်းရေး အရာရှိဖြစ်သူ Dean Summers က ပြောကြားခဲ့သည်မှာ AMSA သည် သင်္ဘောလုပ်ငန်း ကဏ္ဏထံသို့ စည်းမျဥ်း ကြပ်မတ်ရေးအဖွဲ့မှ သင်္ဘောပိုင်ရှင်များထံ မှားယွင်းသော အမှာစကားကို ပေးပို့နေလျက်ရှိသည်၊ အဆိုပါ မှားယွင်သော အမှာစကားမှာ ၎င်းအနေဖြင့် သင်္ဘောဝန်ထမ်း အလုပ်ကန်ထရိုက်များနှင့်ပတ်သက်၍ သက်တမ်းတိုးမှုများကို လက်ခံမည်ဖြစ်ကြောင်း၊ သင်္ဘောသားများ၏ အလုပ်ကို ၁၄ လ အထိ လက်ခံကြောင်းဖြစ်သည်၊ ထိုကဲ့သို့ လုပ်လျှင်ပင် သြစတြေးလျနိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) ကို ဖောက်ဖျက်ရာရောက်မည်ဖြစ်ပါသည်။

သြစတြေးလျနိုင်ငံ စည်းမျဥ်းကြပ်မတ်ရေးအဖွဲ့မှ ရေးဆွဲထားသည့် စည်းမျဥ်းများမှာ ပျောက်ကွယ်သွားပြီး လုပ်ငန်းကဏ္ဏမှာ နေ့စဥ် ပိုမိုဆိုးရွားလာလျက်ရှိသော အကျပ်အတည်းအတွင်း ကျရောက်နေပါသည်။ CEO Mick Kinley အား ပြန်လည်ခန့်အပ်ပြီးနောက် ချက်ချင်းဆိုသလို AMSA က ကြေညာခဲ့သည်မှာ သူတို့သည် အကယ်၍ ပိုင်ရှင်များက နောက်နောင် အိမ်ပြန်ပို့ပေးရန် ကတိပြုလျှင် အလုပ်ကန်ထရိုက် တိုးမြှင့်မှုကို ၁၄ လ အထိ လက်ခံမည်ဟု ကြေညာခဲ့သည်။ ၎င်းကို လက်မခံနိုင်ပါ၊ဟု Summers က ပြောကြားခဲ့သည်။

“AMSA ၏ ပြောင်းလွယ်ပြင်လွယ် ရှိမှုမှာ အကန့်အသတ်မရှိပုံပေါက်ပြီး ယခုသော် ၁၄ လ ကျော်နေခြင်းကို Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးအား အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနေကြသည်။ ၎င်းသည် သြစတြေးလျနိုင်ငံအား သင်္ဘောများကို မိမိ၏ အလံဖြင့် မှတ်ပုံတင်ခံပြီး သင်္ဘောဝန်ထမ်းများကို သင်္ဘောပေါ်၌ ၁၇ လ အထိ ထားရှိပြီး အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုကို ဦးညွတ်ခဲ့သည့် ပနားမားနိုင်ငံ ကဲ့သို့နိုင်ငံများအဖြစ် အတန်းအစားတူ ထားရှိရာရောက်သည်၊ဟု Summers က ပြောကြားခဲ့သည်။

Summers ကပြောသည်မှာ ITF သည် သင်္ဘောမာလိန်မှူးများ၊ အင်ဂျင်နီယာချုပ်များနှင့် သင်္ဘောဝန်ထမ်းများထံမှ မိမိတို့၏ သင်္ဘောမှာ ဘေးမကင်းကြောင်း၊ သင်္ဘောဝန်ထမ်းများမှာ ဘရမ်းဘတာ အခြေအနေအထိ ပင်ပန်းနွမ်းနယ်နေကြောင်းနှင့် မတော်တဆဖြစ်ရပ်များ ဖြစ်လုဆဲဆဲဖြစ်နေကြောင်း စောဒကတက်နေပြီး အကူအညီတောင်းခံမှုများဖြင့် ပြည့်လျှံလျက်ရှိပါသည်။

ကြာသပတေးနေ့က၊ UK ညီလာခံ၌ US, the UK, Denmark, Germany, Saudi Arabia နှင့် UAE အပါအဝင် နိုင်ငံ ၁၃ နိုင်ငံသည် ကမ္ဘာတစ်ဝန်း သင်္ဘောသားများအတွက် ဘေးကင်းလုံခြုံသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန် အချက် ၇-ချက်ပါ လုပ်ငန်းအစီအစဥ်ကို သဘောတူညီခဲ့ပါသည်၊ လေကြောင်းလုပ်ငန်း ကဏ္ဏပါဝင်လျက် အလုပ်ဖိစီးခံနေရသော သင်္ဘောသား အယောက် 200,000 ကျော်ကို အိမ်ပြန်ပို့ရန်ဖြစ်ပါသည်။

Summers က ရိုးစင်းစွာ မေးမြန်းသည်မှာ သြစတြေးလျနိုင်ငံ မည်သည့်နေရာ၌ ရှိနေခဲ့ပါသလဲဖြစ်ပါသည်။


မီဒီယာ အဆက်အသွယ်- media@itf.org.uk |+44 20 7940 9282

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်