Skip to main content

နောက်ဆုံးသတင်း- လုပ်ခ ဖုံးကွယ်ဖုံးဖိရန် ကြိုးပမ်းရာ၌ Amin Shipping သင်္ဘောလုပ်ငန်းသည် Onda သင်္ဘောသားများအား လှည့်စား

news 17 Feb 2021

ITF အနေဖြင့် MV Onda သင်္ဘော၏ သင်္ဘောဝန်ထမ်းများ အကြောင်း သင့်အား တင်ပြပေးပြီးကတည်းကစ၍ Mohamed Amin သည် သင်္ဘောသားများအပေါ် သူ၏ ခေါင်းပုံဖြတ်မှုအား ဇောက်ချနှိပ်စက်ပုံ အသစ်ကို ကြိုးပမ်းခဲ့သည်။

ITF က သက်သေအထောက်အထား ရရှိခဲ့သည်မှာ MV Onda သင်္ဘောဝန်ထမ်းများအား ၎င်းတို့ နားမလည်သည့် ဘာသာစကားဖြင့် ရေးသားထားသည့် လုပ်ခငွေ လက်ခံရရှိကြောင်း ကြေညာချက်များကို သင်္ဘောပေါ်၌ အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းသည်။ လုပ်ခ ကြေညာချက်များကို အင်္ဂလိပ်စာဖြင့် ရေးသားထားပြီး အဆိုပါ စာရွက်စာတမ်းတွင် သင်္ဘောဝန်ထမ်းများက ၎င်းတို့၏ ရရန်ရှိသည် လုပ်ခများကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ရေးသားထားသည်။ အမှန်စင်စစ် အဆိုပါ ကုမ္ပဏီသည် လုပ်ခ ဒေါ်လာငွေ ထောင်နှင့်ချီ၍ သင်္ဘောသားများအား ပေးရန်ရှိနေသေးပါသည်။ မည်သည့် သင်္ဘောဝန်ထမ်းကမျှ အင်္ဂလိပ်လို စကားမပြောတတ်ပါ သို့မဟုတ် အင်္ဂလိပ်စာ မဖတ်တတ်ပါ၊ ထို့ကြောင့် မှားယွင်းနေသည့် ကြေညာချက်များကို လက်မှတ်ထိုးခဲ့သည်။

ကြေညာချက်များမှာ Amin Shipping အတွက် ယခုအခါ သင်္ဘောသားများအား ပေးရန်ရှိသည့် လုပ်ခငွေ ဒေါ်လာ USD$4,000 နီးပါး ပေးခြင်းကို ရှောင်ရှားရန် ကြိုးစားသည့် နည်းလမ်းတစ်ခုဖြစ်သည်၊ သို့သော် မည်သည့်အခါမျှ မပေးပါ။ သင်္ဘော Onda ကို ကမာရွန်းနိုင်ငံ ကမ်းလွန်နေရာတွင် ဆက်လက်၍ စွန့်ပစ်ထားသည်။

Amin Shipping က ကျင့်သုံးသည့် နောက်ဆုံးပေါ် လှည့်ကွက်သည် ကျန်ရှိနေသေးသည့် သင်္ဘောဝန်ထမ်း အချို့အား ရရန်ရှိသည့် လုပ်ခများအတွက် ၎င်းတို့၏ တိုက်ပွဲကို စွန့်လွှတ်ရန် တွန်းအားပေးလျက်ရှိသည်။

အာဖရိက အလယ်ပိုင်း ကမ်းလွန်ရှိ သေးငယ်သော ကျွန်းနိုင်ငံဖြစ်သည့် Sao Tome နိုင်ငံမှ သင်္ဘောသား တစ်ဉီးဖြစ်သူ Louis Veloso သည် သူ ရရန်ရှိသည့် လုပ်ခ ထက်ဝက်ဖြင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် သင်္ဘောမှ ဆင်းသွားခဲ့သည်။ ထိုသူသည် အခြား သင်္ဘောတစ်စီးပေါ် ယခု ရောက်ရှိနေပြီးဖြစ်ပါသည်။ ဆီထိုးသင်္ဘောသားသည် အပို ငွေသား အချို့ကို လက်ခံရရှိခဲ့ပြီး သင်္ဘောပေါ်မှ ဆင်းခဲ့သည်။

သင်္ဘော Onda ၏ စားဖိုမှူးနှင့် A/B တစ်ဉီးတို့သည်လည်း ၎င်းတို့၏ ရရန်ရှိသည့် လုပ်ခ အချို့ကို လက်ခံရရှိခဲ့ပြီး သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည်။ သင်္ဘော MV Onda ပေါ် တစ်နှစ်ကျော်ကျော် ရောက်ရှိနေရခြင်းနှင့် ၎င်း၏ ဆိုးရွားသော အခြေအနေများကို ကြံ့ကြံ့ခံနေရခြင်းအတွက် – အဆိုပါ စားဖိုမှူးနှင့် A/B တို့သည် ခန့်မှန်းခြေ ဒေါ်လာငွေ USD$630 နှင့် USD$820 အသီးသီး ရရှိခဲ့ကြသည်။

{"preview_thumbnail":"/sites/default/files/styles/video_embed_wysiwyg_preview/public/video_thumbnails/67tYv5DD4a8.jpg?itok=geEMtT9I","video_url":"https://youtu.be/67tYv5DD4a8","settings":{"responsive":1,"width":"854","height":"480","autoplay":0},"settings_summary":["Embedded Video (Responsive)."]}

ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းအရာရှိဖြစ်သူ Steve Trowsdale က ပြောဆိုခဲ့သည်မှာ အလွန်များများ ကြံ့ကြံ့ခံခဲ့သည့် သင်္ဘောဝန်ထမ်းတို့အား နုံချာသော အသေးအဖွဲ ပေးငွေများကို ITF အနေဖြင့် တုန်လှုပ် ခြောက်ခြားခဲ့ပါသည်။ သူသည် သင်္ဘော မှတ်တမ်းတင်ထားရာ နေရာဖြစ်သော Togo နိုင်ငံ သင်္ဘောမှတ်ပုံတင်ရုံးသို့ အတင်းအကျပ် စာရေးခိုင်းခံရသည်။ Trowsdale သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization)၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း (International Chamber of Shipping) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization) သို့ နောက်ဆုံးသတင်း မိတ္တူပေးပို့ခဲ့သည်၊ ၎င်းစာတွင် Togo နိုင်ငံအား ၎င်း၏ သင်္ဘော Onda နှင့်ပတ်သက်၍ ဆက်လက် “ငြိမ်သက်နေမှု” အတွက် သူက ရှုံ့ချခဲ့သည်။

Togolese အလံတင် နိုင်ငံသို့၊

 သင်္ဘော M/V ONDA ပေါ်ရှိ သင်္ဘောဝန်ထမ်းများအတွက် အိမ်မက်ဆိုးကြီးသည် နောက်ဆုံး၌ အဆုံးသတ်နေပုံပေါက်နေသည်၊ ပိုင်ရှင်အနေဖြင့် ၎င်း၏ တာဝန်များနှင့် ဝတ္တရားများအပေါ် ရပ်တည်ခဲ့သောကြောင့် မဟုတ်သော်လည်း သင်္ဘောဝန်ထမ်းများ အုပ်စုကွဲသွားသောကြောင့် ဖြစ်သည်။

ဤအပြစ်မဲ့သော သင်္ဘောသားများသည် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရမှု၊ ငွေကြေးဆိုင်ရာ ဆင်းရဲဒုက္ခရောက်မှု၊ လူမျိုးခွဲခြားသည့် အသုံးအနှုန်းများ၊ ခြိမ်းခြောက်မှုများကို ခံစားခဲ့ကြပြီး ပိုင်ရှင်မှ အကြောင်းပြမှု တစ်ခုပြီးတစ်ခုလုပ်နေစဉ် သင်္ဘောပေါ်၌ လူမဆန်ဆုံးသော အခြေအနေများဖြင့် နေထိုင်ရန် အတင်းအကျပ်ပြုခံခဲ့ရသည်။  ထို့ပြင် ၎င်းသူတို့၏ သန့်စင်ရေးနှင့် ၎င်းတို့၏ ချစ်ခင်ရသူများအတွက် ပံ့ပိုးပေးနိုင်ရေး အကျိုးအကြောင်းကြောင့် သူတိို့သည် သင်္ဘောပေါ်မှ ထွက်ခွာနေကြပြီဖြစ်သည်၊ သို့သော်လည်း နောက်ဆုံး အသည်းအသန် လုပ်ရပ်အဖြစ် သင်္ဘောဝန်ထမ်း နှစ်ဉီးသည် ၎င်းတို့၏ ရရန်ရှိသည့် လုပ်ခများကို ပြန်ရရန် ရဲများနှင့် ပါဝင်ပတ်သက်ခဲ့ရသည်။

ပိုင်ရှင်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် နောက်ထပ် ငွေပေးခဲ့သော်လည်း ၎င်းမှာ ပေးရန်ရှိသည့် ကြွေးကျန် အပြည့် မဟုတ်ပါ။

ကျွန်ုပ်တို့ သင့်အား ယခင်က သတင်းပေးခဲ့သကဲ့သို့ ITF သည် ပိုင်ရှင်အတူတူဖြစ်သော ဤသင်္ဘောပေါ်ရှိ အိန္ဒိယ သင်္ဘောသား အုပ်စုတစ်ခုကို ၂၀၁၈ ခုနှစ်တွင် အတိအကျ အတူတူဖြစ်သော အခြေအနေများဖြင့် ပံ့ပိုးပေးခဲ့ပြီး အဆိုပါ ကိစ္စနှစ်မျိုးလုံးတွင် အာမခံ မထားရှိထားသည့်အပြင် အတန်းအစားခွဲပေးခြင်းနှင့် စံသတ်မှတ်ချက် မရှိသော သင်္ဘောများအား မှတ်ပုံတင်ပေးခဲ့သည့် Togolese အလံတင်နိုင်ငံ၏ ထိရောက်သော အရေးယူလုပ်ဆောင်မှု နည်းပါးနေကြောင်းကိုသာ ကျွန်ုပ်တို့ မှတ်ယူနိုင်ပါသည်။

အစားထိုးပေးလိုက်သည့် သင်္ဘောဝန်ထမ်းများမှာ ယခင် သင်္ဘောနှစ်စင်း သင်္ဘောဝန်ထမ်းများကဲ့သို့ အလားတူ မနစ်နာစေရန် သေချာအောင် ကျွန်ုပ်တို့အနေဖြင့် ONDA သင်္ဘောအား ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုပါမည်။

Trowsdale က ပြောကြားခဲ့သည်မှာ Amin Shipping အနေဖြင့် Onda ၏ သင်္ဘောဝန်ထမ်းများအား ပေးရန်ရှိသည့် ကြွေးကျန် လုပ်ခများမှာ ဒေါ်လာငွေ USD$3,800 ကျော်ရှိနေပါသေးသည်။

 “အဆိုပါ ပိုင်ရှင်က ပြောကြားခဲ့သည်မှာ ဤငွေများကို လာမည့် နှစ်လ အတွင်း ပေးမည်ဖြစ်သည်။ ဟုတ်ပါသည်၊ Amin ၏ သမိုင်းကြောင်းအရ ဤသို့ပေးဆပ်ပါမည်ဆိုသည်ကို ကျွန်ုပ်တို့ မယုံကြည်ပါ။”

 “ဆယ်စုနှစ်-ကာ အလံတင်သင်္ဘော လှုံဆော်မှု၌ ကျွန်ုပ်တို့ ပြောဆိုသကဲ့သို့ ‘သိုဖွက်ရန် နေရာ မရှိပါ’ ဖြစ်ပါသည်။ သင်္ဘော MV Onda နှင့် ၎င်း၏ ပိုင်ရှင်သည် ၎င်းတို့မှာ ကျွန်ုပ်တို့ လုပ်ငန်းကဏ္ဍ၏ ဂုဏ်သတင်းအပေါ် အစွန်းအထင်းတစ်ခုအဖြစ် မရှိတော့သည့် အချိန်တိုင်အောင်နှင့် သင်္ဘောသားများ၏ သာယာကောင်းမွန်ရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မရှိတော့သည့် အချိန်တိုင်အောင် ITF စိစစ်ရေးမှူးတိုင်းနှင့် အဖွဲ့ဝင် သမဂ္ဂ၏ ပစ်မှတ်အဖြစ် ရှိနေပါလိမ့်မည်၊” သူက ပြောကြားခဲ့သည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်