Skip to main content

သင်္ဘော MV Onda ပေါ်ရှိ လုပ်ခ ခိုးမှု၊ အတုလုပ်မှုနှင့် သင်္ဘောဝန်ထမ်းများအား မတရား နှိပ်စက်မှု - Amin Shipping ၏ နောက်ထပ်တစ်ဖန် လုပ်ရပ်

news 18 Feb 2021

Luis Alberto Veloso သည် Togo-အလံတင် သင်္ဘော MV Onda ပေါ်ရှိ စွန့်ပစ်ခံထားရသည့် သင်္ဘောသားများ အနက် တစ်ဉီးဖြစ်သည်၊ လုပ်ခ မရရှိသည်မှာ တစ်နှစ် ရှိပြီးဖြစ်သည်။ သင်္ဘောသားများအား လုပ်ခ မပေးသည့် သမိုင်းကြောင်းရှိသည့် ကုမ္ပဏီဖြစ်သော Amin Shipping သည် Cameroon နိုင်ငံ၊ Douala ဆိပ်ကမ်း၌ သင်္ဘောနှင့် ၎င်း၏ သင်္ဘောဝန်ထမ်းများကို စွန့်ပစ်ထားခဲ့သည်။

“ကျွန်တော် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဒီသင်္ဘောပေါ်မှာ အလုပ်လုပ်နေလျက် ရှိပါတယ်၊” ဟု အဆိုပါ သင်္ဘောသားက ဗီဒီယိုဖြင့် ပြောပါသည်။ “Niger နိုင်ငံသို့ ခရီးစဉ် ထွက်ခွာလာပြီးနောက် တစ်လစာ လစာငွေရလို့ ကျွန်တော်တို့ ကံကောင်းခဲ့ရပါတယ်။ ပြီးတော့၊ ယခုထိ ကျွန်တော်တို့ ဘာလစာမျှ မရရှိတော့ပါ။

လက်ဘနွမ်နိုင်ငံရှိ သင်္ဘောကုမ္ပဏီ Amin Shipping Company ၏ ပိုင်ရှင်ဖြစ်သူ Mohamed Amin က သင်္ဘောဝန်ထမ်းများအား လုပ်ခ ပေးနေပါသည်ဟု တင်ပြပါသည်။

သင်္ဘောဝန်ထမ်း ခုနှစ်ဉီးအနက် လေးဉီးသည် လုပ်ခ လက်ခံရရှိကြောင်း စာရွက်များပေါ်ရှိ လက်မှတ်များမှာ အတုလုပ်ထားသည်ဟု စွပ်စွဲပါသည်။ ထို့နောက် သူတို့က ပြောသည်မှာ အရာရှိချုပ်သည် နှိပ်စက်ခဲ့သည်။

“ကျွန်တော်တို့အား လူမျိုးခွဲခြားဆက်ဆံသည့် အသုံးနှုန်းများဖြင့် ဆက်ဆံသည် - ‘f’g black people’” ဟု အာဖရိက သင်္ဘောသား တစ်ဉီးက သင်္ဘောဝန်ထမ်း အချို့အပေါ် အသုံးအနှုန်းဖြစ်ကြောင်း ပြောခဲ့ပြီး အရာရှိ၏ ယုတ်ညံ့မှု အထောက်အထားကို ဓါတ်ပုံဖြင့် ပြသပေးသည်။

ကဗျည်းစာတမ်း- သင်္ဘော MV Onda ပေါ်ရှိ သင်္ဘောဝန်ထမ်းများကို အသက်ရှင်ရန်အတွက် ထင်းမီးဖြင့် ငါးချက်ရန်နှင့် မိုးရေကို ခံသောက်ရန် အတင်းအကျပ် လုပ်ခံရသည် | Credit: ITF

“သင်္ဘောပိုင်ရှင်တွင် ကျွန်ုပ်တို့၏ လခငွေများကို ပေးရန် ရည်ရွယ်ချက် မရှိပါ၊” သူက ရေးသားခဲ့သည်၊ သူ့အိမ်၌ အိမ်လခကို မပေးနိုင်ခဲ့ပါဟု ထပ်ဆင့်ဖြည်းစွက်ပြောခဲ့သည်။ “ကျွန်ုပ်တို့သည် ပင်ပန်းနေပြီး။ ကျွန်ုပ်တို့တွင် ဖုန်းခေါ်ရန်ပင် ငွေထည့်ထားခြင်း မရှိပါ။

သင်္ဘောဝန်ထမ်းများသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အဖွဲ့အချုပ် (International Transport Workers’ Federation (ITF)) ထံမှ အကူအညီ တောင်းဆိုခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် လေးလ အတွင်း သင်္ဘောပိုင်ရှင်နှင့် အဆက်အသွယ်စာပေးစာယူအားလုံးမှာ အရေးမပါကြောင်း ထင်ရှားခဲ့သည်။

သမဂ္ဂ ကိုယ်စားလှယ်များသည် သင်္ဘောပေါ် တက်ရောက်ခဲ့ပြီး ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) ၏ ချိုးဖောက်မှုများကို အတည်ပြုခဲ့သည်။ သင်္ဘောသားများသည် အသက်ရှင်ရန် အတွက် သင်္ဘောကုန်းပတ်ပေါ်တွင် ထင်းမီးဖြင့် ငါးချက်ပြုတ်နေခဲ့ကြပြီး မိုးရေခံသောက်နေကြရသည်။ ITF သည် ဝင်ရောက်စွက်ဖက်ခဲ့ပြီး သင်္ဘောဝန်ထမ်းများအား အရေးပေါ် ရိက္ခာများ နှစ်ကြိမ် ပေးအပ်ရန် လုပ်ပေးခဲ့သည်။

ကဗျည်းစာတမ်း- သင်္ဘော MV Onda ပေါ်တွင် ရိက္ခာများမှာ နည်းလာပြီဖြစ်ပါသည်။ ITF သည် ဝင်ရောက်စွက်ဖက်ခဲ့ပြီး သင်္ဘောဝန်ထမ်းများအား အရေးပေါ် ရိက္ခာများ နှစ်ကြိမ် ပေးအပ်ရန် လုပ်ပေးခဲ့သည်။ | Credit: ITF

“ပိုင်ရှင်သည် အမျိုးမျိုးသော အကြောင်းပြချက် အားလုံးကို ဆက်လက် လုပ်နေပြီး အလံတင် နိုင်ငံသည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်နေပါသည်၊” ITF စိစစ်ရေးမှူးချုပ်ရုံး ညှိနှိုင်းအရာရှိဖြစ်သူ Steve Trowsdale က ပြောကြားသည်။ “သူ ကျွန်ုပ်တို့အား ဆက်လက်၍ လှည့်စားနေပါသည်။”

Amin က စာရေးသားခဲ့သည်မှာ သူသည် စီးပွားရေး အကျပ်အတည်းနှင့်တကွ Covid-19 ကြောင့် လက်ဘနွမ်နိုင်ငံမှ ငွေလွှဲရန် မဆောင်ရွက်နိုင်ခဲ့ပါဟုဆိုသည်။

“ဒီမှာရှိတဲ့ ခင်ဗျားတို့ရဲ့ လူတွေက ကျွန်တော်တို့ သင်္ဘောကို အစားအစာ၊ ရေနှင့် ဆီ ပေးနေတာ ဟုတ်မဟုတ် သိပါတယ်” (“Ur people here knows if we are providing vsl [vessel] with food and water and gaz oil”) ဟု Amin က ဇန်နဝါရီလတွင် ITF သို့ စာရေးသားခဲ့ခြင်းဖြစ်သည်၊ လုပ်ခခိုးမှုနှင့် အတုလုပ်မှုကို ငြင်းဆိုရင်း ရေးသားခဲ့သည်။

“တမန်နေ့ မတိုင်မီနေ့ရက်မှာ သင်္ဘောသားတွေကို ငွေအချို့ ထုတ်ပေးခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ၁၀ ရက်တုံးက ပေးခဲ့သလို ပေးပါတယ်” (“Before yesterday advanced the crew with some cash as we did also last 10 days”) ဟု သူသည် ITF သို့ အီးမေးလ်မှတစ်ဆင့် ရေးသားခဲ့သည်။ “ထို့ကြောင့် သင်တို့ရဲ့ သတင်းတွေကို ပြန်ဆန်းသစ်ဖို့လိုပါတယ်” (“Soo guess u have to refresh ur information”)

Trowsdale က စိုးရိမ်ပူပန်သည်မှာ Amin သည် သင်္ဘော ပြုပြင်မှုများအတွက် ငွေပေးချေနေပြီး သံသယဖြစ်မိသည်မှာ ပိုင်ရှင်သည် သင်္ဘောကို ပြုပြင်နေသည် ထို့ကြောင့် သူ့အနေဖြင့် သင်္ဘောကို ရွှေ့နိုင်ပြီး ရောင်းစားနိုင်မည်ဖြစ်သည်။

သင်္ဘော MV Onda ပေါ်ရှိ Veloso နှင့်တကွ အခြား သင်္ဘောသားများ ထွက်ခွာသွားကြသည်။ သုံးဉီးမှာ ဒေသအတွင်း နေထိုင်ကြသည် သို့သော်လည်း သူတို့သည် သင်္ဘောပေါ်မှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူတို့ရရန်ရှိသည့် လုပ်ခ ပြန်ရရန် အခွင့်အလမ်းမှာ လုံးဝ မရှိကြောင်း သိရှိပါသည်။ Amin သည် အဆိုပါ သင်္ဘောသား လေးဉီးအား $1600 ပေးခဲ့သော်လည်း သူတို့ ရရန်လုပ်ခများ ကျန်ရှိနေပါသေးသည်။

သင်္ဘောပိုင်ရှင်နှင့် စာပေးစာယူ ဆက်သွယ်ရာ၌ သင်္ဘောသားများအား လုပ်ခနှင့် ရိက္ခာများ ပေးခဲ့သည့် အထောက်အထားကို Togo မှတ်ပုံတင်က တောင်းဆိုခဲ့သည်။ သူတို့သည် ပိုင်ရှင်များ၏ သင်္ဘော အာမခံနှင့် အတန်းအစား အတုလုပ်မှုအပေါ် တာဝန်ယူစေရန် တောင်းဆိုခဲ့သည်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း သို့ သင်္ဘောဝန်ထမ်းများအား စွန့်ပစ်မှုအတွက် ITF မှ တိုင်တန်းခြင်းနှင့်အတူတကွ ဖြစ်ပါသည်။ သို့သော်လည်း အလံတင် နိုင်ငံသည် ၎င်း၏ စက်တင်ဘာလ ၂၅ ရက်နေ့ ကတိကဝတ်အလျှောက် သင်္ဘောအား ၎င်း၏ မှတ်ပုံတင်မှ ဆိုင်းငံ့ရန် သို့မဟုတ် ထုတ်ဖယ်ရန် မလုပ်ရသေးပါ။

Trowsdale က ပြောသည်မှာ Togolese မှတ်ပုံတင်သည် မိမိ၏ အလုပ်ကိုလုပ်ရန် ပျက်ကွက်ခဲ့သည်။

“ဤသင်္ဘောသည် အာမခံလုပ်ထားခြင်း မရှိ၊ အတန်းအစား မရှိဘဲ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြေးဆွဲသွားလာခဲ့သည်၊ သူတို့ အဘယ်ကြောင့် ဤကိစ္စကို အရေးမယူခဲ့သနည်း၊ ၎င်းအပြင် သူတို့သည် အဘယ်ကြောင့် သင်္ဘောပေါ်ရှိ သင်္ဘောသားများအား ပံ့ပိုးပေးရန် အရေးမယူခဲ့သနည်း။” Trowsdale က မေးပါသည်။

သူက ပြောကြားခဲ့သည်မှာ MV Onda ၏ အတုအယောင် စာရွက်စာတမ်းများကို ITF က ဉီးစွာ ဖော်ထုတ်ရန်အတွက် ထားခဲ့သည်ဟုဆိုသည်။ သင်္ဘော၏ စာရွက်စာတမ်းများက ၎င်း၏ P&I အာမခံသူများအနေဖြင့် လက်ဘနွမ်နိုင်ငံရှိ Al-Bahrain Insurance ကုမ္ပဏီဟု ဖော်ပြပါရှိသော်လည်း သင်္ဘောမှာ ၂၀၁၆ ခုနှစ်ကတည်းကစ၍ အာမခံ လုပ်ထားခြင်း မရှိဟု သူတို့က အတည်ပြုပေးခဲ့သည်။ သင်္ဘော စာရွက်စာတမ်းက ၎င်း၏ အတန်းအစားခွဲခြားခြင်းကို International Naval Surveys Bureau ဟု ဖော်ပြထားသော်လည်း ၎င်းမှာလည်း မဟုတ်ပါ။

ကဗျည်းစာတမ်း- သင်္ဘော MV Onda ပေါ်ရှိ သင်္ဘောဝန်ထမ်းများမှာ အသက်ရှင်ရန်အတွက် သံချေးတက်နေသော သင်္ဘောကုန်းဘတ်ပေါ်တွင် မိုးရေခံရန် လိုအပ်ခဲ့သည်။ | Credit: ITF

Amin က တင်ပြသည်မှာ သင်္ဘောပေါ်၌ မည်သည့် သင်္ဘောသားမျှ မရှိပါ၊ အောင်လက်မှတ်များနှင့် သင်္ဘောသား စာအုပ်များ မရှိသော အစောင့်များသာ ရှိသည်ဟုဆိုသည်။ သို့သော်လည်း အဖြစ်မှန်မှာ အဆိုပါ သင်္ဘောဝန်ထမ်း လေးဉီးသည် အရည်အချင်းမီသည့် သင်္ဘောသားများဖြစ်ကြောင်း ITF က အတည်ပြုခဲ့သည်။

ခေါင်းပုံဖြတ်မှု လက်ရှိကိစ္စမှာ MV Onda ပေါ်အလုပ်လုပ်နေလျက်ရှိသော သင်္ဘောသားများအပေါ် ပထမအကြိမ် မဟုတ်ပါ၊ သင်္ဘောပိုင်ရှင်အား သင်္ဘောဝန်ထမ်း မတရားနှိပ်စက်မှုအတွက် တိုင်တန်းခဲ့ရသည်။ ၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် သင်္ဘော Onda ပေါ်ရှိ အိန္ဒိယ သင်္ဘောဝန်ထမ်းများက ပြောကြားခဲ့သည်မှာ သူတို့သည် လုပ်ခပေးရန်နှင့် ရိက္ခာများ ချပေးရန် ငြင်းဆိုခံခဲ့ရသည်။ သင်္ဘောသား တစ်ဉီးဖြစ်သူ Mohammed Jubeen Khan က မီဒီယာ အားပြောကြားခဲ့သည်မှာ Amin သည် သူတို့အား ၁၈ လ ၎င်းတို့၏ လစာငွေပေးရန် ငြင်းဆိုခဲ့သည်။ Veloso ကဲ့သို့ပင် Khan ၏ သင်္ဘောဝန်ထမ်းများသည် အသက်ရှင်ရန်အတွက် မိုးရေခံရန် အတင်းအကျပ်ပြုခံခဲ့ရသည်။ သူတို့က သူတို့၏ လုပ်ခ မရရှိဘဲ သင်္ဘောပေါ်မှ ဆင်းရန် ငြင်းဆိုခဲ့သည့်အခါ Amin သည် သူတို့အား ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။

နောက်ထပ်တစ်ဖန် MV Onda ပေါ်ရှိ သင်္ဘောဝန်ထမ်းများသည် Amin Shipping ကုမ္ပဏီကို ဆန့်ကျင်၍ ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်