Skip to main content

Maersk သည် ရောဂါကပ်ဘေးကြီးကြောင့် အမွှမ်းတင်ခံခဲ့ရသော်လည်း သမဂ္ဂများက အလုပ်သမား စံနှုန်းများကို လိုက်နာရန် တိုက်တွန်း

news 24 Mar 2021

ကမ္ဘာ့ အကြီးမားဆုံး ကုန်စည်သေတ္တာတင် သင်္ဘောကုမ္ပဏီအား အလုပ်သမားများသည် ယမန်နှစ်အတွက် အစီရင်ခံစာကို ယခု ပေးအပ်ခဲ့သည်- တိုးတက်မှုအတွက် မျှော်လင့်ချက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ယနေ့ ကိုပင်ဟဂင်မြို့၌ လက်တစ်ဆုပ်စာ တက်ရောက်သူများဖြင့် ကျင်းပလျက်ရှိသည့် AP Møller-Mærsk’s နှစ်ပတ်လည် အစည်းအဝေးသို့ ၎င်း၏ နှစ်ပတ်လည် ထုတ်ပြန်ချက်ကို တင်ပြခဲ့သည်။ အစုရှယ်ယာဝင်သူ အများစုမှာ အစည်းအဝေးအား ဗီဒီယိုမှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။

ကမ္ဘာတစ်ဝန်း အလုပ်သမား ထောင်ပေါင်း ဆယ်စုများစွာ ရှိသည့် Maersk ကို ကိုယ်စားပြုသည့် သမဂ္ဂများ အဖွဲ့ဝင်ထားသည့် ITF က ပြောကြားခဲ့သည်မှာ အဆိုပါ ကုမ္ပဏီအား ချီးမြှောက်သင့်သည်၊ အစိုးရများ၏ နယ်စပ်၊ ခရီးသွားနှင့် ကူးပြောင်းသွားလာရေး ကန့်သတ်ချက်များကြောင့် ‘သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း’ လက်ရှိ အခက်အခဲများကို ကျော်လွှားပြီး ၎င်းသည် ၎င်း၏သင်္ဘောများပေါ်၌ သင်္ဘောဝန်ထမ်း အပြောင်းအလဲကို ပုံမှန် လုပ်ပေးခဲ့သည့် ၎င်း၏ ကြိုးပမ်းမှုများအတွက် ချီးမြှောက်သင့်သည်ဟု ဆိုပါသည်။

“သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဍကို ဦးဆောင်ရာ၌ Maersk သည် ထူးထူးခြားခြား ဆောင်ရွက်ပေးခဲ့ပါသည်၊” ဟု ITF ပင်လယ်ရေကြောင်း ညှိနှိုင်းရေး အရာရှိ Jacqueline Smith က ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့တွင် အချို့ သင်္ဘော စင်းလုံးငှါးသူများနှင့် ဂရုစိုက်မှုနည်းပါးသည့် သင်္ဘောလုပ်ငန်း ကုမ္ပဏီအချို့တို့ တာဝန်ကို ပခုံးပြောင်းလွဲချခြင်းနှင့် သင်္ဘောသားများ၏ ဒုက္ခခံစားနေရခြင်းကို အဆုံးသတ်ပေးရန် ငြင်းဆိုခြင်းတို့ဖြင့်  အခက်အခဲ ကမ္ဘာကြီးလောက် ရှိခဲ့စဉ် AP Møller-Mærsk သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲ ပုံမှန် လုပ်နိုင်ကြောင်း တိုးမြှင့်လုပ်ခဲ့ပြီး ပြသခဲ့ပါသည်။”

ITF သည် Maersk နှင့်အတူ ယမန်နှစ် Covid-နှင့်ဆက်စပ်သည့် ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအပြင် ဝန်ဆောင်ခ ပြဿနာများနှင့်ပတ်သက်၍ ကမ္ဘာအနှံ့ လုပ်ကိုင်ခဲ့ကြောင်း Smith က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့နှင့် Maersk ဆက်တိုက်တည်ရှိနေဆဲ ဆက်ဆံရေးမှာ ကျွန်ုပ်တို့ အကောင်းဆုံး ဖြစ်နေစေရန် တစ်ဦးကို တစ်ဦး တွန်းအားပေးနေသည့် ကျွန်ုပ်တို့၏ အကြောင်းပင် ဖြစ်ပါသည်။ Maersk အနေဖြင့် သင်္ဘောလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးတွင် ၎င်းတို့၏ ဒေသခံ လုပ်ကိုင်ပုံမှာ ၎င်းတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်များနှင့် ကိုက်ညီမှု မရှိခဲ့သည့် နယ်ပယ်များကို ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့နှင့်အတူ လုပ်ကိုင်ခြင်းအားဖြင့် ပို၍ပင် တောင့်တင်း ခိုင်မာသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူ ဖြစ်လာနိုင်သည်ဟု ကျွန်ုပ်တို့ သိပါသည်။”

ယမန်နှစ်၌ မဲလ်ဘုန်းမြို့တွင် ICSTI’s Victoria International Container Terminal (VICT) နှင့် ဆက်သွယ် လုပ်ကိုင်စဉ် Maersk သည် အသိမှတ်ပြုခံရသည့် တာဝန်ခံသော စီးပွားလုပ်ငန်း လုပ်ကိုင်သူအဖြစ် အလုပ်သမားများ အကြား ၎င်း၏ ကျော်ကြားဂုဏ်သတင်းကို အကြီးအကျယ် အန္တရာယ်နှင့်အရဲစွန့်ခဲ့ပါသည်ဟု Smith က ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ၏ အလုပ်အကိုင်လုပ်ခ စာချုပ် ဖောက်ဖျက်မှုအတွက် သမဂ္ဂများက ‘ဆိပ်ကမ်းအငှါး’ ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီးနောက်မှာပင် အငြင်းပွားလျက်ရှိသည့် ဆိပ်ခံတံတား ကုမ္ပဏီနှင့် ဧရာမ သင်္ဘောလုပ်ငန်းကြီးသည် အဘယ်ကြောင့် ဆက်လက် စီးပွားလုပ်ကိုင်နေကြောင်း Smith က မေးခွန်း ထုတ်ခဲ့ပါသည်။

“Maersk တွင် သမားရိုးကျအားဖြင့် ကောင်းမွန်သော မူဝါဒများ စာရွက်စာတမ်းပေါ်တွင် ရှိပြီး ၎င်း၏ ကုန်ဖြန့်ချီသူများအတွက် ၎င်းက ချမှတ်ထားသည့် မျှော်လင့်ချက်များ ရှိပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့ အံသြခဲ့ရသည်မှာ သြစတြေးလျနိုင်ငံ၏ လူတွင်ကျယ်အကျဆုံး သမဂ္ဂ-ဆန့်ကျင်သည့် ကုန်တင်သေတ္တာ ဆိပ်ခံတံတားတွင် အလုပ်အကိုင်လုပ်ခ စာချုပ်နှင့်ပတ်သက်လာသည့်အခါ ကုမ္ပဏီတွင် အားနည်းချက် ဖြစ်ခဲ့ပုံ ရပါသည်။”

“Maersk သည် အလုပ်အကိုင်လုပ်ခ စာချုပ်အတွက် UN Global Compact နှင့် ၎င်း၏ ထောက်ခံမှုရရှိရန် အဖွဲ့ဝင်ခဲ့သည်။ အလုပ်သမားများအား ၎င်းစာချုပ်အရ တိုက်ရိုက် အလုပ်ခန့်သည်ဖြစ်စေ သို့မဟုတ် မခန့်သည် ဖြစ်စေ Maersk အနေဖြင့် ၎င်း၏ ဖြန့်ချီမှု ကွင်းဆက်တစ်လျှောက်လုံးတွင် အလားတူ တာဝန်ကိုယူရန်အတွက် ကျွန်ုပ်တို့ မြင်တွေ့ရန် လိုအပ်ပါသည်။”

“Maersk အနေဖြင့် ဆိပ်ခံတံတားနှင့် ၎င်း၏ မိခင် ကုမ္ပဏီဖြစ်သည့် ICTSI က အလုပ်သမားများနှင့် ကျွန်ပ်တို့၏ အခွင့်အရေးများအပေါ် ရန်လိုမှုကို အဆုံးသတ်သွားသည့်တိုင် မိမိ၏ တန်ဖိုးရှိရာများကို ထိန်းသိမ်းရန်နှင့် VICT ကို ရှောင်ရှားရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ကျွန်ုပ်တို့သည် လာမည့် ရက်သတ္တပတ် အပတ်များတွင် Maersk ၏ ဦးဆောင်မှုနှင့်ဆက်နွယ်သည့် ပြဿနာကို တင်ပြသွားပါမည်၊” ဟု Smith က ပြောကြားခဲ့သည်။

 

ဆက်ဆိုင်ရာများ AP Møller-Mærsk’s နှစ်ပတ်လည် အစည်းအဝေးသို့ ITF ၏ ထုတ်ပြန်ချက်

ဓါတ်ပုံများ Jacqueline Smith ၏မျက်နှာဓါတ်ပုံ ဤနေရာ၌ ရရှိနိုင်သည်

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

မီဒီယာ အဆက်အသွယ်- media@itf.org.uk         +44 20 7940 9282

Danish ဘာသာစကားဖြင့် ဤထုတ်ပြန်ချက်ကို တောင်းဆိုလျှင် ရရှိနိုင်ပါသည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်