Skip to main content

ကူးတို့ပို့ဆောင်အလုပ်သမားများအတွက် လုပ်ခများနှင့် စံနှုန်းများ လျှော့ချပေးရန် Covid-19 ကို အသုံးမချနိုင်

news

သင်္ဘောသားများမှာ အခရာကျသည့် အလုပ်သမားများ ဖြစ်ကြသည် အဘယ်ကြောင့်ဆိုသော် သူတို့သည် ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များကို ဆက်လက် လည်ပတ်ပေးနေပါသည်။  ကူးတို့ပို့ဆောင်ရေးတွင် လုပ်နေသူများ အပါအဝင် သင်္ဘောသားများသည် လိုအပ်သည့် ဆေးဝါး ဖြန့်ချီပစ္စည်းများ၊ ကိရိယာ၊ ထုတ်ကုန်များနှင့် ခရီးသည်များ အပါအဝင် ကမ္ဘာ့ ကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို သယ်ယူပို့ဆောင်ပေးပါသည်။  

ဤကမ္ဘာ့ရောဂါကပ်ကြီးအတွင်း Covid-19 ကူးစက်ခံသွားနိုင်မည့် အန္တရာယ်ရှိသော်ငြားလည်း တစ်ကိုယ်ကောင်း မဆန်စွာဖြင့် အရေးပါသည့် ကုန်ပစ္စည်းများနှင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးကြောင်းအား သေချာအောင် သင်္ဘောသားများသည် ဆက်လက်၍ လုပ်ကိုင်ပေးသည်။ အခရာကျသည့် အခန်းကဏ္ဍကို သင်္ဘောသားများ လုပ်ဆောင်ပေးသော်ငြားလည်း အချို့ ကုမ္ပဏီများသည် လုပ်ငန်းကဏ္ဍ အတွင်းရှိသည့် နိုင်ငံလုံးဆိုင်ရာ စံနှုန်းများကို ထိခိုက်စေရန်အတွက် ရောဂါကပ်ကြီးအား အသုံးချနေကြပါသည်၊ လက်ရှိ သင်္ဘောသားများအား နိုင်ငံဆိုင်ရာ စည်းမျဥ်းအခြေအနေများထက် အဓိကအားဖြင့် ပိုမိုနိမ့်ကျသော အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များပေါ်အခြေခံသည့် သင်္ဘောသားများဖြင့် အစားထိုးလဲလှယ်နေခြင်း အပါအဝင်ဖြစ်ပါသည်။  

သင်္ဘောပိုင်ရှင်များ၊ မန်နေဂျာများ သို့မဟုတ် သင်္ဘောသား အလုပ်ရှာပေးသည့် အေဂျင်စီရုံးများသည် ဒေသခံ အလုပ်များ၊ ဒေသခံ အခြေအနေများ သို့မဟုတ် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် မည်သည့်အလုပ်အတွက်မဆို လုပ်ငန်းကဏ္ဍအတွင်းရှိ စီးပွားဆိုင်ရာ စံနှုန်းများ - အထူးသဖြင့် သင်္ဘောသားများ အပါအဝင် အခရာကျသည့် အလုပ်သမားများအတွက် အကာအကွယ်ပေးရမည့် မိမိတို့၏ တာဝန်ကို ရှောင်ရှားရန်အတွက် အကြောင်းရင်း တစ်ခုအဖြစ် ရောဂါကပ်ကြီးအား အသုံးမချနိုင်ပါ။  သင်္ဘောသားများ၏ နိုင်ငံသားကို မသက်ဆိုင်စေဘဲ သူတို့သည် နိုင်ငံလုံးဆိုင်ရာ ကုန်သွယ်မှု၌ သက်ဆိုင်သည့် နိုင်ငံလုံးဆိုင်ရာ သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို ခံစားထိုက်ပါသည်။  

ယူနိုက်တစ်ကင်ဒန် United Kingdom ၌ Condor Ferries, Stena Line နှင့် P&O Ferries အပါအဝင်ဖြစ်သော ကုမ္ပဏီ မျိုးစုံတို့သည် သင်္ဘောသားများအပေါ် အလုပ်ရပ်ဆိုင်းကြပြီး လုပ်ခမဲ့ ခွင့်များ သို့မဟုတ် နားနေခွင့် အကြား ရွေးရန် သင်္ဘောသားများအား အတင်းအကျပ်ပြုနေကြသည်။  ဤကိစ္စသည် သင်္ဘောသားများနှင့် သူတို့၏ အသက်မွေးမှုများအပေါ် ပြင်းထန်သော စီးပွားဆိုင်ရာ ဖိစီးမှုကို တွန်းအားပေးနေပါသည်။  ထို့ပြင် ကုမ္ပဏီများသည် ရေရှည် တည်ရှိနေလျက်ရှိသော အလုပ်သမား အလုပ်အကိုင် လုပ်ခ သဘောတူစာချုပ်များကို ထိခိုက်စေရန်အတွက် ရောဂါကပ်ကြီးအား အသုံးချနေကြသည် - ဤကိစ္စကို လုံးဝ လက်မခံနိုင်ပါ။  

ကနေဒါနိုင်ငံ၌ BC Ferries ကူးတို့ပို့ဆောင်ရေးလုပ်ငန်းသည် အလုပ်သမားများအား တရားမျှတမှု မဲ့စွာဖြင့် အလုပ်ရပ်ဆိုင်းလိုက်ရန် မိမိ၏ အလုပ်အကိုင်လုပ်ခ သဘောတူစာချုပ်ကို ဘေးဖယ်လိုက်ကာ သူတို့၏ လုပ်ငန်းလမ်းကြောင်းကို ပိုမိုနည်းပါးသည့် ဝန်ထမ်းဖြင့် လည်ပတ်နေသည်။ သင်္ဘောသားများအား ကိုယ်စားပြုနေသည့် သမဂ္ဂမှ ဖိအားပေးပြီးနောက် BC Ferries ကူးတို့ပို့ဆောင်ရေးလုပ်ငန်းသည် နောက်ပိုင်း၌ မိမိ၏ ဆုံးဖြတ်ချက် တစ်စိတ်တစ်ပိုင်းကို ပြန်လည်ဖယ်ရှားပေးသော်လည်း ကုမ္ပဏီသည် အလုပ်အကိုင်လုပ်ခ စာချုပ်ကို ဆက်လက်၍ ဥပက္ခာပြုနေသည်။

သင်္ဘောသားတွေအတွက် တရားမျှတမှုမရှိတဲ့ အလုပ်ဖြုတ်ပစ်တာတွေ ဒါမှမဟုတ် လက်ရှိ လုပ်ခတွေကို ဖြတ်ပစ်တာတွေကို Covid-19 ကြောင့် စျေးကွက်ကျဆင်းမှုအပေါ်အကြောင်းခံပြီး မလုပ်ဖို့ နိုင်ငံ အစိုးများဟာ လိုအပ်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ရမှာဖြစ်ပါတယ်။  မရှိမဖြစ် လိုအပ်တဲ့ ဖြန့်ချီပစ္စည်း ပို့ဆောင်တဲ့ အခရာကျတဲ့ ကုန်သွယ်လမ်းကြောင်းတွေမှာ ယခင်ကထက် မကြုံစဘူး ယခုအခါမှာ ပိုပြီးတော့ နိုင်ငံ့ သင်္ဘောသားတွေနဲ့ အလုပ်ခန့်ပြီးလုပ်သင့်ပါတယ်။ ဒီ ရောဂါကပ်ကြီးကို အကြောင်းပြုပြီး ကူးတို့ပို့ဆောင်ရေး လမ်းကြောင်းတွေမှာ အခြေအနေတွေကို နောက်ထပ် ပျက်ပြားအောင် အခွင့်အလမ်းအဖြစ် အသုံးချတာဟာဆိုလို့ရှိရင် အဆိုးဆုံး အချောင်သမားဝါဒဘဲ ဖြစ်ပါတယ်။” ဟု ကနေဒါနိုင်ငံ သင်္ဘောသားများ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဥက္ကဌနှင့် ITF Cabotage Taskforce ဥက္ကဌဖြစ်သူ James Given က ပြောကြားခဲ့ပါသည်။

အစိုးရ ရန်ပုံငွေ ရရှိသည့် ကုမ္ပဏီများတွင် နိုင်ငံ့ သင်္ဘောသားများအတွက် အလုပ်သေချာစေရန် တာဝန်ရှိပါသည်၊ ဤရန်ပုံငွေများမှာ အခွန်ထမ်းများ၏ ငွေကြေးများဖြစ်သောကြောင့်ဖြစ်သည်။  ထို့ပြင် နိုင်ငံ့ အစိုးရများသည် အလုပ်အကိုင်၏ လက်ရှိနှင့်တကွ ယခင် သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို ထိန်းသိမ်းထားခြင်းအပါအဝင် နားနေခွင့်သွားနေသည့် သင်္ဘောသားများ၏ လုပ်ခများကို အကာအကွယ်ပေးရမည်ဖြစ်သည့် အများပြည်သူ ရန်ပုံငွေကို လက်ခံသည့် အလုပ်ရှင်များအပေါ် စည်းကမ်းချက်များ ချမှတ်ရမည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်