Skip to main content

ကမ္ဘာ့ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၌ စွန်းထင်းနေသည့် အမည်းစက် - အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်း ကုမ္ပဏီ (Middle East Marine) သင်္ဘောများပေါ် ဆိုးဝါးသည့် အခြေအနေကြုံနေရသော သင်္ဘောသားများ

news Press Release 03 May 2024

တွေ့ခဲ့ဖူးသမျှ အစဥ်လိုက်ဖြစ်ပေါ်နေသော စွန့်ပစ်မှု အဆိုးဝါးဆုံးတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်း အယ်လ်အယ်လ်စီ (Middle East Marine LLC) ကုမ္ပဏီအား သင်္ဘောသား အယောက် ၁၀၀ ကျော်အပေါ် ၎င်း၏ စနစ်တကျ ဖိနှိပ်မှုနှင့် လျစ်လျူရှုမှုကြောင့် အပြင်းအထန် ရှုတ်ချလိုက်ပါသည်။  

ယနေ့တွင် ITF သည် ယူနိုက်တစ် အာရပ် အင်းမရိတ် အစိုးရနှင့် ပလောနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များအပေါ် သင်္ဘောသားများ၏ ဒုက္ခခံစားနေရမှုများကို အဆုံးသတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဥပဒေနှင့် လူ့အခွင့်အရေး ဥပဒေများကို လေးစားပေးရန် တောင်းဆိုလိုက်ပါသည်။ 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ကတည်းကစ၍ ITF သည် ဘင်္ဂလာဒေ့ရ်၊ အိန္ဒိယ၊ မော်ဒိုက်နှင့် သိရိလင်္ဂါ နိုင်ငံများရှိ သင်္ဘောအစီးရေ ၁၈ စီးတွင် စွန့်ပစ်မှု ၁၇ ခုကျော်ကို စွန့်ပစ်ခဲ့ကြောင်း သတင်းပို့ခဲ့သည်။ 

အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံများမှ သင်္ဘောသားများကို ဆိုးဝါးသော အခြေအနေများဖြင့် ထားပစ်ခဲ့ကြသည်၊ ရေမသန့်သော သောက်သုံးရေ၊ အစားအစာ မလုံလောက်မှု၊ နိုင်ငံကူးလက်မှတ်များနှင့် ဆေးဝါးများအား သိမ်းဆည်းထားခြင်းနှင့် နာမကျန်းဖြစ်နေသော သင်္ဘောသားများအား ဆေးရုံမပို့ခြင်းနှင့် လုပ်ခ မပေးခြင်းတို့အပါအဝင်ဖြစ်ပါသည်။ လူသားနှင့် အလုပ်သမား အခွင့်အရေးများအား ဖိနှိပ်သည်ဟု မှတ်ယူရမည့် လုပ်ရပ်များဖြစ်ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံမှ သင်္ဘောသားတစ်ဦးက ပြောလိုက်သည်- ကျနော့် လုပ်ခတွေကို မပေးတာ သုံးလ ကျော်နေပါပြီ – သို့သော်လည်း ခုနှစ်လလောက်ကြာအောင် လုပ်ခ မရသေးတဲ့ သင်္ဘောသား တစ်ချို့လည်း ရှိပါသေးတယ်။ ကုမ္ပဏီဟာ စားနပ်ရိက္ခာနှင့် သောက်ရေသန့် မပေးပါ - တစ်ခါတစ်ရံ ကျနော်တို့ အသက်ရှင်ဖို့အတွက် ငါးဖမ်းစားခဲ့ရပါတယ်။ သင်္ဘောသားတွေဟာ စိတ်ကျစိတ်ဒဏ်ခံစားနေရပြီး မိသားစုတွေဟာ အသက်ရှင်ဖို့အတွက် အကြွေးတင်နေကြပါတယ်။” 

အိန္ဒိယနိုင်ငံမှ အခြား သင်္ဘောသားတစ်ဦးက ITF ကိုပြောသည်မှာ - ကုမ္ပဏီက ကျနော်တို့ကို ဒီလို ဆက်ဆံတာကြောင့် ကျနော့်ရဲ့ စိတ်အခြေအနေဟာ မကောင်းပါဘူး။” 

အပြည်ပြည်ဆိုင်ရာ ဥပဒေအရ – Maritime Labour Convention, 2006, as amended – သင်္ဘောသားများကို အနည်းဆုံး တစ်လတစ်ခါ လုပ်ခပေးရမည်ဖြစ်ပါသည်။ သင်္ဘောသားများအား လုပ်ခ နှစ်လ သို့မဟုတ် ပို၍ကြာအောင် မပေးခြင်း သို့မဟုတ် သင်္ဘောသားများအား အစားအစာ၊ ရေနှင့် လောင်စာ လုံလုံလောက်လောက် မပေးခြင်းကို စွန့်ပစ်ထားခြင်းဟု မှတ်ယူရမည်ဖြစ်သည်၊ ၎င်းကို အာမခံကုမ္ပဏီများနှင့် သင်္ဘောအလံတင်နိုင်ငံ - သင်္ဘောကို မှတ်ပုံတင်ထားသည့်နိုင်ငံ - ဤကိစ္စ၌ ပလောနိုင်ငံတို့က အရေးယူရမည် ဖြစ်သည်။  

သင်္ဘောသားများနှင့် ၎င်းတို့၏ မိသားစုများ ကြုံတွေ့နေရသည့် အရေးပေါ် အခြေအနေများရှိနေသည့်တိုင် ပလောနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များထံမှ တုံ့ပြန်ချက် တစ်ခုမျှ ITF အနေဖြင့် မရရှိပါ။ 

“သင်္ဘောသားများ၏ အသက်များမှာ ကုမ္ပဏီတွေအတွက် ဓါးစာခံတွေ မဟုတ်ပါ၊” ဟု Steve Trowsdale, ITF's စိစစ်ရေးရုံးချုပ် ညှိနှိုင်းရေးအရာရှိက ပြောလိုက်ပါသည်။ အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်း ကုမ္ပဏီ (Middle East Marine) ရဲ့ လက်မခံနိုင်လောက်အောင် ညံ့ဖျင်းလွန်းတဲ့ စီးပွားလုပ်ငန်းနဲ့ လွန်လွန်းတဲ့ စွန့်ပစ်မှုတွေကြောင့် သင်္ဘောသားတွေအပေါ် ထိခိုက်မှုတွေအတွက် ကျနော်တို့ အလွန့်အလွန် စိုးရိမ်ပူပန်မိပါတယ်။ 

ယူအေအီးနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဟာ အရေးယူမခံရဘဲ ဒီလို ပြုမူနိုင်တာကို နားလည်ဖို့ အတော်ခက်ပါတယ်။ အရှေ့အလယ်ပိုင်း ပင်လယ်ရေကြောင်း ကုမ္ပဏီ (Middle East Marine) ဟာ ကမ္ဘာ့ ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍအပေါ်မှာ အမည်းစွန်းနေပါပြီ။”

“ခုလို ခေါင်းပုံဖြတ်တာ၊ အန္တရာယ်များတဲ့ အလုပ်အကိုင် အခြေအနေတွေနဲ့ အကန့်အသတ်ရှိတဲ့ အခွင့်အရေးတွေကို ကြုံနေရတဲ့ သင်္ဘောသားတွေကို မြင်တွေ့ရတာဟာ အံ့သြတုန်လှုပ်မိပါတယ်။ လုပ်ခ မရ၊ မတန်မရာ နေရေးထိုင်ရေး အခြေအနေတွေ၊ ဥပဒေ အကာအကွယ် နည်းပါးမှုတွေ၊ အပြင် သွားလာလှုပ်ရှားခွင့် ကန့်သတ်ချက်တွေဟာ ခေတ်သစ်ကျွန်ပြုမှုရဲ့ အဆက်အနွယ်တွေပါပဲ၊” ဟု Sandra Bernal, ITF ၏ အာရှ ပစိဖိတ် ဒေသ ကွန်ရက် ညှိနှိုင်းရေးအရာရှိက ပြောလိုက်ပါသည်။  

ပြီးပြီ 

 

မှတ်ချက် 

  • အာရှပစိဖိတ် ဒေသ ကွန်ရက် ညှိနှိုင်းရေး အရာရှိများဖြစ်သူ ITစိစစ်ရေးမှူးများဖြစ်သည့် Paul Farzon နှင့် Sandra Bernal တို့သည် သင်္ဘောသားများအား ကူညီပေးရန်အတွက် မျက်နှာချင်းဆိုင် လူတွေ့ဆွေးနွေးပေးနိုင်ပါသည်။ စိစဥ်ရန် Jessica Summers  ဆိုသူကို ဖုန်း +44 7702 259 612 or media@itf.org.uk ဖြင့်ဆက်သွယ်ပါ။   

  

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 150 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။  

 

မီဒီယာ အဆက်အသွယ်Jessica Summers +44 7702 259 612 media@itf.org.uk 

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်