Skip to main content

ITF မိသားစုသည် ရေနံတင်သင်္ဘော သင်္ဘောဝန်ထမ်းများအား အီရန်တွင် လွှတ်ပေးရန် စွမ်းဆောင်

news

တောင်ကိုးရီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သင်္ဘောသား တစ်ဒါဇင်ကျော်တို့သည်  အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့် ၎င်း၏ အီရန် အဖွဲ့ဝင်များတို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အီရန်အာဏာပိုင်များထံမှ လွတ်မြောက်လာပြီး ယခုအခါ ၎င်းတို့၏ အိမ်သို့ သွားနေကြပြီဖြစ်ပါသည်။

အီရန်နိုင်ငံ၏ တော်လှန်ရေး ကိုယ်ရံတပ်သည် တောင်ကိုးရီးယား-အလံတင် ရေနံတင်သင်္ဘော MT Hankuk Chemi ကို Hormuz ရေလက်ကြား၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။ အဆိုပါ ဖမ်းဆီးရာ၌ ထိန်းသိမ်းခံလိုက်ရသည့် သင်္ဘောသားများမှာ တောင်ကိုးရီးယား ငါးဉီး၊ မြန်မာ ၁၁ ဉီး၊ ဗီယက်နမ် နှစ်ဉီးနှင် အင်ဒိုနီးရှား နှစ်ဉီးတို့ဖြစ်ကြသည်။

ITF ကို ကိုးရီးယား သင်္ဘောသားများ သမဂ္ဂ အဖွဲ့ချုပ် (Federation of Korean Seafarers’ Union (FKSU)) က ဆက်သွယ်ခဲ့ပြီး ဖမ်းဆီးခံရသော သင်္ဘောသားများအတွက် စည်းလုံးညီညွတ်မှုနှင့် အထောက်အပံ့အတွက် ITF မိသားစုထံမှ တောင်းဆိုခြင်းဖြစ်သည်။

MT Hankuk Chemi ရေနံတင် သင်္ဘောမှ နိုင်ငံတကာ သင်္ဘောဝန်ထမ်းများသည် သယ်ယူပို့ဆောင်ရေး သမဂ္ဂများ ဝင်ရောက်စွက်ဖက်ပြီးနောက် လွတ်မြောက်ခဲ့သည် / Credit: ITF

ITF သည် ယခင်က ဒေသတွင်း သံတမန်ဆိုင်ရာ ဖြစ်ရပ်များ၌ ချောင်ပိတ်မိခံခဲ့ရသည့် သင်္ဘောသားများ၏ လွတ်မြောက်ရေးကို ဝင်ရောက်ကူညီ ကြားဝင်စေ့စပ်ပေးခဲ့သည်၊ ၂၀၁၉ ခုနှစ်၌ ဆော်ဒီအရေးဗီးယား အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည့် အီရန် အလံတင် သင်္ဘော Happiness 1 ပေါ်ရှိ သင်္ဘောသားများ အဖမ်းခံရသည့်အခါ အပါအဝင်ဖြစ်ပါသည်။

သင်္ဘော Hankuk Chemi ကိစ္စ၌ ITF အာရတ် ကမ္ဘာနှင့် အီရန် ကွန်ခြာ ညှိနှိုင်းရေးအရာရှိ Mohamed Arrachedi က ITF အဖွဲ့ဝင်ဖြစ်သည့် အီရန် ကုန်သည် ပင်လယ်ရေကြောင်း အဖွဲ့အစည်း (Iranian Merchant Mariners Syndicate (IMMS)) ကို အလျင်အမြန် ဆက်သွယ်ခဲ့ပြီး သူတို့အနေဖြင့် သင်္ဘောသားများအား ပေးနိုင်သည့် အကူအညီ တစ်ခုခုအတွက် မေတ္တာရပ်ခံခဲ့သည်။

အသည်းအသန် ကြိုးစားအားထုတ်မှုများ လုပ်ပြီးနောက် သင်္ဘောပေါ် သွားရောက်ပြီး သင်္ဘောဝန်ထမ်းများ၏ သာယာကောင်းမွန်ရေးကို စစ်ဆေးရန် အီရန် ပင်လယ်ရေကြောင်း အာဏာပိုင်များက IMMS ကို ခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် အီရန်နိုင်ငံရှိ IMMS ကိုယ်စားလှယ်တစ်ဉီးနှင့် ITF အဆက်အသွယ် တစ်ဉီးကို သင်္ဘောဝန်ထမ်းများက ၎င်းတို့၏ သာယာကောင်းမွန်ရေးကို စစ်ဆေးရန်အတွက် ကြိုဆိုခဲ့သည်။ ၎င်းတို့ကို အီရန် ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း အဖွဲ့မှ ကိုယ်စားလှယ်များက လိုက်ပါပေးခဲ့သည်။

IMMS သမဂ္ဂ အရာရှိများသည် သင်္ဘောဝန်ထမ်းများနှင့် ၎င်းတို့အနေဖြင့် ဂရုစိုက်ပေးရန် လိုအပ်သည့် ပြဿနာတစ်ခုခု ရှိမရှိ သိရှိရန်အတွက် စကားပြောဆိုခဲ့ပါသည်။ ၎င်းသူတို့သည် သင်္ဘော၏ ရိက္ခာများ၊ နေရေးထိုင်ရေး ပံ့ပိုးမှုများ နှင့် သင်္ဘောသားများအတွက် ၎င်းတို့၏ မိသားစုများနှင့် စကားပြောဆိုရန် ရရှိနေသော ဆက်သွယ်ရေး လမ်းကြောင်းများတို့ကိုလည်း စစ်ဆေးခဲ့ပါသည်။ အဓိကကျသော စိုးရိမ်ပူပန်များ မရှိကြောင်း တွေ့ရှိပြီးနောက် အဆိုပါ အရာရှိများသည် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများနှင့် အရာအရာ ညီညွတ်နေကြောင်း သေချာစေရန် သင်္ဘော၏ ဆေးဘက်ဆိုင်ရာ ပံ့ပိုးအရာများနှင့် လုပ်ခ စာရွက်စာတမ်းများကိုလည်း ပုံမှန် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ IMMS က သတင်းပို့သည်မှာ ၎င်းတို့သည် ချက်ချင်းလက်ငင်း ပြဿနာများ မတွေ့ရှိခဲ့ပါ။

IMMS နှင့် ITF ဧည့်သည်များသည် သမဂ္ဂနှင့် ITF ကိုယ်စား သင်္ဘောဝန်ထမ်းများအပေါ် စည်းလုံးညီညွတ်မှု အမှာစာများကိုလည်း ပေးကမ်းခဲ့သည်။

အဆိုပါ လာရောက်ပြီးနောက် အစည်းအဝေးတစ်ရပ်ကို Bahonar ဆိပ်ကမ်း ရုံးခန်းတွင် IMMS အဖွဲ့၊ ကိုးရီးယား သမ္မတနိုင်ငံ ကောင်စစ်ဝန် နှင့် အီရန် ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း အဖွဲ့တို့အကြား ကျင်းပပေးခဲ့သည်၊ အခြေအနေကို သုံးသပ်ရန်နှင့် သင်္ဘောဝန်ထမ်းများအား လွှတ်ပေးရန်အတွက် နောက်ထပ် အဆင့်ကို ဆွေးနွေးရန်ဖြစ်သည်။

ဤအစည်းအဝေး ကျင်းပပြီး များမကြာမီ အီစလာမ်မစ် ပြည်ထောင်စု သမ္မတ အီရန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်၊ အဆိုပါ ထုတ်ပြန်ချက်တွင် သင်္ဘောမာလိန်မှူးမှလွဲ၍ သင်္ဘောဝန်ထမ်းများအား နိုင်ငံမှ ထွက်ခွာခွင့်ပြုရန် ဖြစ်သည်။ IMMS သည် အီရန် သင်္ဘောသားများ တက်ရောက်ပေးရန် ကမ်းလှမ်းခဲ့သည် သို့မှသာ အဆိုပါ သင်္ဘောဝန်ထမ်းများသည် အလုပ်ကို လွှဲပြောင်းပေးနိုင်ပြီး အမြန်ဆုံး အိမ်ပြန်နိုင်မည်ဖြစ်သည်။

မကြာမီ သင်္ဘောဝန်ထမ်းများသည် လေယာဉ်ကွင်းသို့ ဉီးတည်သွားနေခဲ့ကြပြီး အိမ်ပြန်ရန် လမ်းခရီးပေါ် ရောက်ရှိနေကြပြီဖြစ်သည်။

ကိုးရီးယား သမဂ္ဂ FKSU နှင့် ITF တို့သည် IMMS အား MT Hankuk Chemi သင်္ဘောဝန်ထမ်းများအပေါ် စည်းလုံးညီညွတ်မှုပြသသည့်အတွက် အလွန့်အလွန် ကျေးဇူးတင်ကြပါသည်။ သမဂ္ဂများက ယုံကြည်သည်မှာ ဤရေနံတင် သင်္ဘော၏ ကိစ္စနှင့် ၎င်းတို့၏ သင်္ဘောဝန်ထမ်းများသည် ကမ္ဘာ့ထောင့်စွန်း အားလုံးမှ သင်္ဘောဝန်ထမ်းများအား ကယ်တင်ပေးရန် ITF မိသားစု၏ အားသာမှုနှင့် ကျွန်ုပ်တို့၏ အရည်အသွေးကို ပြသပါသည်၊ IMMS ကဲ့သို့ အဖွဲ့ဝင်များ၏ ဆက်တိုက် လုပ်ရပ်အတွက် ကျေးဇူးတင်ပါသည်။

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်