Skip to main content

ခေတ်သစ် ကျွန်ပြုမှုနှင့် ပစ်ပယ်ခံရခြင်းဖြစ်သော ဆိုးဝါးသော ဖြစ်ရပ်များဖြစ်ပြီးနောက် အီရန်နှင့်ဆီးရီးယားနိုင်ငံများမှ သင်္ဘောသားများ အိမ်ပြန်ခဲ့ကြ

news

ITF အနေဖြင့် ဤနှစ်များအတွင်း ကြုံတွေ့ခဲ့ရသည့် အဆိုးဝါးဆုံး လူသားကျွန်ပြုမှု ဖြစ်ရပ်နှစ်ခုအနက် တစ်ခုတွင် အီရန်နိုင်ငံ အလံထူထားသည့်  MV Borhan 3 သင်္ဘောပေါ်၌ ပါကစ္စတန် သင်္ဘောသား သုံးဦးသည် ဒေါ်လာငွေ တစ်ပြားတစ်ချပ်မျှ မရရှိဘဲ 22 လ အလုပ်လုပ်ခဲ့ကြရသည်။
 
တိကျရှင်းလင်းပြတ်သားသော ခေတ်သစ် ကျွန်ပြုမှုဖြစ်ရပ်တစ်ခု၌ ပါကစ္စတန် သင်္ဘောသားများသည် အီရန်နိုင်ငံ ဘူရှီရာ ဆိပ်ကမ်းတစ်ခုတွင် ပစ်ပယ်ထားခံရပြီး အလွန်ညံ့ဖျင်းသော အခြေအနေများ၌ အတင်းအကျပ်နေထိုင်ခဲ့ရသည်၊ ၎င်းတို့၏ အကူအညီတောင်းသည့် တောင်းခံချက်များကို ကုမ္ပဏီနှင့် အလံစိုက်ထူထားရာ နိုင်ငံတို့က ဆက်တိုက် လျစ်လျူရှုထား ခဲ့ပါသည်။

ဤကဲ့သို့သော ဆိုးဝါးသည့် ကုမ္ပဏီများအား ရေကြောင်း လုပ်ငန်းကဏ္ဍမှ ဖယ်ရှားရေးကို အစိုးရများနှင့် အာဏာပိုင်များ၏ လုပ်ငန်းစဉ်၌ ဦးစားပေးရမည်၊ မှန်ကန်သည့် ကိစ္စအတွက် ရပ်တည်ပေးပြီး မည်သည့် သင်္ဘောသားကိုမျှ ဤကဲ့သို့သော ကျွန်ပြုမှုသို့ ဦးတည်ထားခြင်း မရှိစေရန် သေချာစေရမည်" ဟု ITF စစ်ဆေးရေး ညှိနှိုင်းအရာရှိချုပ်ဖြစ်သူ Steve Trowsdale က ပြောကြားခဲ့သည်။

“လွန်ခဲ့သည့် နှစ် နှစ်ကာလအတွင်း Borhan Darya Kish ကုမ္ပဏီသည်  အကျွင်းမဲ့ လျစ်လျူရှုခဲ့သည်။ ကုမ္ပဏီသည် ဤသင်္ဘောသားများအား 22 လလုံးလုံး တစ်ပြားတစ်ချပ်မျှ လုပ်ခမပေးခဲ့ပါ၊ သူတို့သည် မည်သည့်အခါမျှ ကြိုတင်ငွေ သို့မဟုတ် အရစ်ကျငွေ တစ်ကြိမ်မျှ မပေးခဲ့ဘူးပါ၊ သင်္ဘောသားများအား သေရေးရှင်ရေးနှင့်အကာအကွယ်မဲ့ အခြေအနေတွင် ထားပစ်ခဲ့သည်၊" ဟု ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် ကွန်ရက် ညှိနှိုင်းဆောင်ရွက်ပေးသူအရာရှိဖြစ်သူ Mohamed Arrachedi ကပြောကြားခဲ့သည်...
 
အလံထူထားသည့် အီရန်နိုင်ငံနှင့် ရေကြောင်းအာဏာပိုင်များနှင့်တကွ အီရန်နိုင်ငံရှိ ပါကစ္စတန်နိုင်ငံသံရုံးတို့မှ ပူးပေါင်းဆောင်ရွက်ရေး အားနည်းမှုရှိသည့်တိုင် ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ဖြစ်သော Iranian Merchant Mariners Syndicate (IMMS) သည် 2019 ခုနှစ် စက်တင်ဘာလ 27 ရက်နေ့နှင့် 29 ရက်နေ့၌ သင်္ဘောသားများ အိမ်ပြန်ရေးနှင့် သင်္ဘောသား တစ်ဦးချင်းအတွက် ရရှိမည့် လုပ်ခငွေ US16,112 ရရှိရေးကိုလည်း  နှစ်မျိုးလုံးအတွက် ရရှိအောင် စီမံပေးခဲ့ ပါသည်။
 
“ဤအလုပ်သမားများသည် အကြီးအကျယ် နှစ်နာခဲ့ရပြီး အလွန့်အလွန်ကြီးမားသော စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားဆိုင်ရာ အခြေအနေအတွင်း ချောင်ပိတ်ခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့သည် သူတို့အတွက် တိုက်ပွဲဝင်ခြင်းကို မည်သို့မျှ မရပ်ဆိုင်းနိုင်ပါ။ ITF နှင့် IMMS တို့သည် ဤသင်္ဘောသားများ တစ်ဦးချင်း ပါကစ္စတန်နိုင်ငံသို့ လုံခြုံဘေးကင်းစွာ အိမ်ပြန်ရေးကို မရမချင်း ဆက်လက်ဆောင်ရွက်သွားရန် အဓိဋ္ဌာန်ချထားခဲ့ပါသည်" ဟု ITF ၏ အာရတ်ကမ္ဘာနှင့် အီရန် ကွန်ရက် ညှိနှိုင်းဆောင်ရွက်ပေးသူအရာရှိဖြစ်သူ Mohamed Arrachedi ကပြောကြားခဲ့သည်။
 
“ကျွန်ုပ်တို့သည် သင်္ဘောသားများ ရရန်ရှိသည့် လုပ်ခငွေ တစ်စိတ်တစ်ပိုင်းကို ရရှိအောင် စီမံပေးခဲ့ပြီး ဤခေါင်းပုံဖြတ် ကုမ္ပဏီက သူတို့အား ပေးရန်ရှိသည့် လုပ်ခ ကျန်ငွေအားလုံးကို ရရှိရန် သင်္ဘောသားများအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားပါမည်။
 
“ကျွန်ုပ်တို့သည် IMMS မှ ITF ဆက်သွယ်ရမည့်သူ Mr Moradi ထံ အူလှိုက်သည်းလှိုက် ကျေးဇူးတင်လွှာကို ပို့ပါသည်၊ အလွန့်အလွန်ကြာညောင်းခဲ့သော လများအတွင်း သူ၏ လုံ့လဝီရိယနှင့် သွက်လက်သော ပံ့ပိုးမှုသည် ဤအံ့ဖွယ်ဖြစ်ရပ်ကို ဖြစ်စေခဲ့သည်" ဟု Arrachedi က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ၌ ဒုတိယ ဖြစ်ရပ်တစ်ခုတွင် Lady Caroline အမည်တွင်သော ဆီးရီးယား အလံထူထားသည့်  roro ခရီးသည်တင် သင်္ဘောပေါ်မှ သင်္ဘောသား 13 ဦးအနက် 6 ဦးကို ဘေးကင်းလုံခြုံစွာ အိမ်ပြန်ပို့ပေးခဲ့သည်။
 
Lady Caroline အမည်တွင်သော သင်္ဘောနှင့်တကွ အီဂျစ်၊ အိန္ဒိယ၊ ဆီးရီးယားနှင့် တူရကီနိုင်ငံတို့မှ ၎င်း၏ သင်္ဘောသားတို့ကို 2019 ခုနှစ် ဇွန်လ 23 ရက်နေ့တွင် ဆီးရီးယားနိုင်ငံ လတကီးယား ဆိပ်ကမ်း၌ ပစ်ပယ်ထားခဲ့သည်။
 
အကူအညီအတွက် သင်္ဘောသားများထံမှ တောင်းခံချက် လက်ခံရရှိပြီးနောက် ITF ကိုယ်စားလှယ်အဖွဲ့သည် 2019 ခုနှစ် ဇွန်လတွင် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုခဲ့သည်၊ ၎င်းမှတစ်ဆင့် ITF အနေဖြင့် အမှုကို ရယူပြီး သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရေးကို ဆောင်ရွက်ပေးကာ ၎င်းသူတို့၏ ရရန်ရှိသော လုပ်ခများအတွက် သင်္ဘောပိုင်ရှင်အပေါ် တရားစွဲဆို တောင်းဆိုခဲ့သည်။
 
သင်္ဘောသားများ၏ အကူအညီအတွက်တောင်းခံချက်ကို တုံ့ပြန်ရာ၌ ITF သည် အိန္ဒိယ သင်္ဘောသား ခြောက်ဦးကို လတကီးယားမှ အိမ်ပြန်ပို့ရန် ကုန်ကျစရိတ်များကို လူသားချင်းစာနာသည့်နောက်ခံအကြောင်းရင်းကြောင့် အကုန်အကျ ခံခဲ့ပါသည်။ သင်္ဘောသားများသည် ယခုအခါ အိန္ဒိယနိုင်ငံတွင် ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိနေကြပြီး ဖြစ်ပါသည်။
 
“ကျွန်ုတို့သည် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များဖြစ်သည့် Lebanese Seamans Syndicate နှင့် Seafarers Syndicate of Syria (Latakia Branch) တို့အား ကျေးဇူးတင်ပါသည်– Professional Trade Union of the Transport Workers Syndicates ကိုလည်း ကျေးဇူးတင်ပါသည်– ၎င်း၏ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွှတ်မှု ခိုင်မာသောပြသမှုသည် ဤသင်္ဘောသားများ၏ အခြေခံအကျဆုံးသော အခွင့်အရေးများကို အောင်မြင်စွာ ကာကွယ်ပေးခဲ့ပါသည်” ဟု Mohamed Arrachedi က ပြောကြားခဲ့သည်။
 
"အထူးသဖြင့်၊ လက်ဘနွန်နိုင်ငံရှိ ITF UNION ဆက်သွယ်ရမည့်ပုဂ္ဂုလ်ဖြစ်သူ ရောင်းရင်း Nasser Nazzal ကို ဤအိန္ဒိယ သင်္ဘောသား ခြောက်ဦးအား အကာအကွယ်ပေးပြီး ဒါမကပ်စ်မြို့မှ ဘေးကင်းလုံခြုံစွာ အိမ်ပြန်ရန် သေချာစေသည့် သူ၏ ရည်စူး၍လုပ်ပေးသည့် ပံ့ပိုးမှုအားလုံးအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်” ဟု သူကပြောကြားခဲ့သည်။
အာရတ်ကမ္ဘာနှင့် အီရန်တို့၌  ITF က တည်ဆောက်ခဲ့သည့် ကွန်ရက်သည် ပံ့ပိုးမှုနှင့်အကူအညီအတွက် ITF အား တောင်းခံခဲ့ကြသော ရာပေါင်းများစွာသော သင်္ဘောသားများအတွက် အခရာကျသည့် အရင်းအမြစ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါသည်။

“ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့်တကွ ဆက်သွယ်ရမည့်သူများကွန်ရက်တို့၏ စည်းလုံးညီညွှတ်မှုသည် သင်္ဘောသားများအနေဖြင့် မတော်မတရားပြုမှုနှင့် ပစ်ပယ်ထားခံရခြင်းဖြစ်သော ခက်ခဲသည့် အခြေအနေများကို အစဉ်အလာအရ ကြုံတွေ့ခဲ့ကြသော သင်္ဘောသားများရှိသည့် နေရာဒေသ၌ သင်္ဘောသားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် တိုးမြှင့်ပေးရေးလုပ်ရာ၌ အပြောင်းအလဲတစ်ရပ်ကို ပြောင်းလဲပေးနေပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အဆိုပါဒေသ၌ ပိုမိုများပြားသော သင်္ဘောသားများကို အထောက်အကူပြုပေးရန် ဤကွန်ရက်ကို ဆက်လက်ဖွံဖြိုးလာစေရန် အဓိဋ္ဌာန်ပြုပါသည်” ဟု Steve Trowsdale က ပြောကြားခဲ့သည်။ 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်