Skip to main content

ICS နှင့် ITF “ကမ္ဘာ့ ကုန်သွယ်ရေး၏ တိမ်မြုပ်နေသည့် သူရဲကောင်းများ” ကို ပံ့ပိုးပေးရန် G20 အားတောင်းဆို

news Press Release 15 Apr 2020

Covid-19 ပိတ်ပင်မှုများသည် သင်္ဘောသားများနှင့် ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအဖို့ အနာဂတ်ဒုက္ခ အခက်အခဲကို ဖန်တီးနေလျက်ရှိသည်

လန်ဒန် - ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်- အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping (ICS)) နှင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport WorkersFederation (ITF)) တို့သည် သင်္ဘောသားများကိုယ်စား အစိုးရများအပေါ် သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အရာရှိတို့၏ မရှိမဖြစ် လိုအပ်သည့် သွားလာမှုကို ပံ့ပိုးပေးရန် ပူးတွဲ၍ တောင်းဆိုလိုက်သည်။

သင်္ဘောပိုင်ရှင်များ အဖွဲ့အစည်းနှင့် သင်္ဘောသားများ၏ သမဂ္ဂထံမှ အစိုးရများသို့ ပေးစာကို G20 နှင့် သူတို့၏ စကားပြောဆိုပြီးနောက် နှင့် တနင်္လာနေ့၊ မတ်လ ၃၀ ရက်နေ့ ကျင်းပခဲ့သည့် ဂျီ ၂၀ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးများ (G20 Trade and Investment Ministers) ပကတိနီးပါး အစည်းအဝေး၌ ကောင်းမွန်သော ရလဒ်များ တည်ဆောက်ခဲ့ပြီးနောက် ပေးပို့လိုက်သည်။

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ အတွင်းရေးမှူးချုပ်ဖြစ်သူ Guy Platten ကပြောကြားခဲ့သည်မှာ-

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်မှုများ၏ ပြဿနာမှာ အကယ်၍ အစိုးများအနေဖြင့် ကျွန်ုပ်တို့၏ စိုးရိမ်မှုများကို မဖြေရှင်းလျှင် ကမ္ဘာ့စီးပွားရေးအတွက် အလွန်ကြီးကျယ်သော ပြဿနာတစ်ရပ် ဖြစ်လာမည့် အလားအလာရှိသည်။ ITF နှင့် ICS တို့သည် အစိုးရများ လုပ်ဆောင်ရန်အတွက် လက်တွေ့ကျကျ ဖြေရှင်းချက်များ ပေါ်ထွက်လာရေးကို နီးနီးကပ်ကပ် ပူးတွဲလုပ်ကိုင်လျက်ရှိပြီး ကျွန်ုပ်တို့သည် G20 ၊ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အရေးအကြီးဆုံးအားဖြင့် ကျွန်ုပ်တို့၏ သင်္ဘောသားများကို ထောက်ခံပံ့ပိုးရန် အဆင်သင့်ရပ်တည်ပါသည်။  သင်္ဘောသားများမှာ ကမ္ဘာ့ ကုန်သွယ်ရေး၏ တိမ်မြုပ်နေသော သူရဲကောင်းများ ဖြစ်ကြသော်လည်း COVID-19 ကမ္ဘာအနှံ့ပျံ့နှံ့ကပ်ဘေးကြီးကို တုံ့ပြန်ရန်အတွက် လတ်တလော ချမှတ်ထားသော တားမြစ်ပိတ်ပင်ချက်များမှာ တည်တန့်နေမည် မဟုတ်ပါ။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport WorkersFederation) အထွေထွေ အတွင်းရေးမှူးဖြစ်သူ  Stephen Cotton က ပြောကြားခဲ့သည်မှာ-

သင်္ဘောသားများအား အရေးတယူလုပ်ပေးရန်နှင့် အဓိက လေကြောင်းလိုင်းများအပါအဝင် ပါဝင်ပတ်သက်သူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်၍ တားမြစ်ပိတ်ပင်ချက်များကို ဖြေလျှော့ပေးရန်နှင့် သင်္ဘောများ၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို ညှိနှိုင်းဆောင်ရွက်ပေးရန် အစိုးရများထံ ပင်လယ်ရေးကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍသည် တောင်းဆိုနေလျက်ရှိပါသည်။  ITF နှင့် ICS တို့သည် ထောင်နှင့်ချီသော သင်္ဘောသားများအတွက် ၎င်းတို့မှာ သင်္ဘောပေါ်၌ အလုပ်တာဝန် ဆုံးခန်းတိုင်ရောက်ပြီးဖြစ်သော်လည်း လက်ရှိ နိုင်ငံ့ ခရီးသွား တားမြစ်ပိတ်ပင်ချက်များကြောင့် ပင်လယ်ပြင်၌ နောက်ထပ် လပေါင်းများစွာ ဆက်လက် နေကြရသည်ကို အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိသည်။ လက်ရှိ ပိတ်ပင်မှုမှာ သင်္ဘောသားများ၏ ကိုယ်ရေးကိုယ်တာ ကျန်းမာရေးနှင့် သာယာဝပြောရေးကို ခြိမ်းခြောက်သည်သာ မကဘဲ ပင်လယ်ရေကြောင်း မတော်တဆဖြစ်ရပ်များ၏ အန္တရာယ်ကို တိုးမြှင့်စေရန်နှင့် ဤကမ္ဘာအနှံ့ရောဂါကပ်ဘေးကြီးကို တုံ့ပြန်ရေး၊ နှင့်အမှန်စင်စစ် ကျော်လွှားသွားရေးကို တစ်သားတည်းဖြစ်နေသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအပေါ် ပျက်သုဥ်းစေရန်တို့ကိုလည်း ခြိမ်းခြောက်လျက်ရှိပါသည်။  ကျွန်ုပ်တို့အနေဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ဘေးကင်းစွာဖြင့် ပြန်လည်ဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အထူးသဖြင့် သင်္ဘောသားများ၏ အသက်ကို အကာအကွယ်ပေးသည့် နည်းလမ်းဖြင့် သင်္ဘောသားများ၏ အိမ်ပြန်ရေးတို့ကို ချက်ချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမည့် တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ရပ်အတွက် တောင်းဆိုပါသည်။

G20 ခေါင်းဆောင်များနှင့် ဝန်ကြီးများထံ ပေးပို့စာ အပြည့်အစုံကို အွန်လိုင်းတွင် ကြည့်ရှုနိုင်သည် သို့မဟုတ်  ဤနေရာ၌ ဒေါင်းလုဒ်ဆွဲနိုင်သည်

ဆက်သွယ်ရန်-
ICS: Duncan Bray, +44 (0) 208 638 8753 or ICS@woodrowcommunications.com
ITF: Luke Menzies, +61 433 889 844 or media@itf.org.uk  

တည်းဖြတ်သူများသို့ အမှာစာ-

ICS အကြောင်း
အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (The International Chamber of Shipping (ICS)) သည် ကုန်ကူးသန်းသည့် သင်္ဘောပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အသင်းအဖွဲ့ဖြစ်သည်၊ အားလုံးသော လုပ်ငန်းကဏ္ဍများနှင့် ကုန်သွယ်ရေးများနှင့်တကွ ကမ္ဘာ့ကုန်သွယ် သင်္ဘောများ၏ 80% ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။

ITF အကြောင်း
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံပေါင်း ၁၄၇ နိုင်ငံရှိ အလုပ်သမား သန်း ၂၀ ကို ကိုယ်စားပြုနေသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကုန်သွယ် သမဂ္ဂပေါင်း ၆၆၅ ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီဆန်ဆန် သမဂ္ဂ အဖွဲ့ချုပ် တစ်ခုဖြစ်သည်၊ အဆိုပါ သမဂ္ဂများအနက် ၂၀၀ မှာ ကမ္ဘာအနှံ့ သင်္ဘောသားပေါင်း ၆၅၀ ၀၀၀ ကို ကိုယ်စားပြုပါသည်။
 ITF သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ ဘဝများကို တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်ကောင်းမွန်ရေးအတွက် လုပ်ကိုင်ပေးပါသည်၊ မိမိ၏ အဖွဲ့ဝင် လုပ်ငန်းကွန်ခြာ တစ်ခုလုံးရှိ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွှတ်မှုကို တိုက်တွန်းရင်းနှင့် စီမံပေးရင်းဖြင့်ဖြစ်ပါသည်။ ITF သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်များ၊ အလုပ်အကိုင် အခြေအနေများနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော အဖွဲ့အစည်းများရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အကျိုးကို ကိုယ်စားပြုပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်