Skip to main content

ICAO လမ်းညွှန်ချက် အသစ်အားဖြင့် လေကြောင်းအမှုထမ်းများနှင့် သင်္ဘောသားများမှာ ပိုမို အရေးကြီးကြောင်း ITF လေကြောင်း လုပ်ငန်းက အာမခံပြောကြား

news 06 Oct 2020

ITF သည် အစိုးရများထံသို့ အပြည်ပြည်ဆိုင်ရာ လေကြောင်း လုပ်ငန်း အဖွဲ့အစည်း (International Civil Aviation Organisation (ICAO)) ၏ လမ်းညွှန် အသစ်ကို ထောက်ခံအကြံပြုလိုက်သည်၊ သင်္ဘောသားများအား ထိခိုက်လျက်ရှိနေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ဆိုးရွားနေခြင်းနှင့်ပတ်သက်၍ လေကြောင်းလိုင်းများအား ပိုမိုအလုပ်လုပ်ရန် ဖိအားပေးနေစဥ် လေကြောင်းအမှုထမ်းများနှင့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးခြင်းအတွက်ဖြစ်သည်။

ITF လေကြောင်းလုပ်ငန်း ဌာနခွဲ အတွင်းရေးမှူးဖြစ်သူ Gabriel Mocho Rodriguez သည် လမ်းညွှန်အသစ်မှာ မည်ကဲ့သို့ လေကြောင်းအလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသည် သယ်ဆောင်သည့်လုပ်ငန်းလည်ပတ်ရေးများကို ဘေးကင်းလုံခြုံစွာ ပြန်လည်စတင်ရန်အတွက် ပံ့ပိုးပေးရန် တင်ပြထားပါသည်။

 “လေကြောင်းလုပ်ငန်းမှာ Covid-19 ကမ္ဘာ့ရောဂါ ဖြစ်ပွားမှုကြောင့် လုံးဝ ရပ်ဆိုင်းလုနီးနီး ဖြစ်ခဲ့သည့်အလျောက် ကျွန်ုပ်တို့အနေဖြင့် စီမံနိုင်သည့်အဆင့်ရှိ ခရီးသည် သယ်ဆောင်ရေးကို ကမ္ဘာ့ရောဂါကပ်ဘေးကြီးအား ထိန်းချုပ်ရန် လိုအပ်သည့် အများပြည်သူ ကျန်းမာရေး လိုအပ်ချက်များကို ထည့်သွင်းစဥ်းစားရင်း ကျွန်ုပ်တို့ ပြန်လည်လုပ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရန် မဖြစ်မနေ လိုအပ်ပါသည်။”

 “ဤအကြောင်းရင်းကြောင့် လေကြောင်းလုပ်ငန်း၌ အများပြည်သူ ကျန်းမာရေး ဖြစ်ရပ်များ ကြိုတင်ကာကွယ်ရေးနှင့် စီမံရေး အတွက် ပူးပေါင်းလုပ်ဆောင်သော အစီအမံများ Collaborative Arrangement for the Prevention and Management of Public Health Events in Civil Aviation (CAPSCA) အစီအစဉ်ကို ‘အများပြည်သူ ကျန်းမာရေး အများလက်ခံနိုင်သော ခံယူချက်’ အဖြစ် လူသိများသည့် နည်းဗျူဟာတစ်ရပ်ကို ထူထောင်ခဲ့ပါသည်။ ICAO လမ်းညွှန်ချက် အသစ်တွင် လေယာဥ်ဝန်ထမ်းများနှင့် ခရီးသည်များ၏ ကျန်းမာရေးအပေါ် အဆိုပါ ခိုင်မာသည့် အလေးထားမှုရှိသည့် အကြောင်းရင်းခံကို ကျွန်ုပ်တို့ ကြိုဆိုပါသည်၊ သင်္ဘောသားများ အိမ်ပြန်ရေးအတွက် နှင့် အိမ်မှ သင်္ဘောပေါ် လာရောက်ရေးအတွက် ဘေးကင်းလုံခြုံပြီး ထိရောက်သည့် ခရီးစဉ် လိုအပ်ချက် အသွင်လက္ခဏာများကိုလည်း ထောက်ခံရင်းဖြစ်ပါသည်။”

 “နည်းဗျူဟာအားဖြင့် လေယာဥ်ခရီးစဥ် ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းထားရင်းနှင့် Covid-19 ကူးစက်မှုကို တားဆီးထားရင်း လေယာဥ်နှင့် လေယာဥ်ဝန်ထမ်းများ အနည်းဆုံး အပို ဝန်ထုပ်ဝန်ပိုးဖြင့် အလုပ်လုပ်စေမည့် မဖြစ်မနေ လေယာဥ်ခရီးစဉ်များကို မည်ကဲ့သို့ စီမံမည့်အကြောင်း ဖော်ပြထားပါသည်။”

 “အဓိက အသွင်အပြင်လက္ခဏာများမှာ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ခြင်းအပြင် ပိုးသတ်သန့်စင်ရေး လုပ်ထုံးလုပ်နည်းများနှင့် လူချင်း ခပ်ခွာခွာနေစေခြင်းအစီအမံများလည်း ပါဝင်ပါသည်။ ဤသို့ဖြစ်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် သေချာစေနိုင်သည်မှာ   Covid-19 သယ်ဆောင်နေသည့်လူများကို လေယာဥ်ခရီးစဉ်များပေါ် ခွင့်ပြုမည် မဟုတ်ပါ။”

 “ကျွန်ုပ်တို့သည် လေကြောင်းဝန်ထမ်းများ၏ လိုအပ်ချက်များကို တောင်းဆိုရန်နှင့် ဤကိစ္စများရှိ သင်္ဘောသားများနှင့် အခြား အဓိက အလုပ်သမားများအား ပံ့ပိုးရန်အတွက် စည်းဝေးပွဲ အားလုံးနှင့် လှုပ်ရှားဆောင်ရွက်ချက် အားလုံးကို သွက်လက်စွာဖြင့် တက်ရောက်နေလျက်ရှိသည်၊” ဟု Mocho Rodriguez က ပြောကြားခဲ့သည်။

လမ်းညွှန်အသစ်သည် လေယာဥ်ခရီးစဉ် အမျိုးအစား လေးမျိုးကို အကျုံးဝင်ပါသည်-

 (1) အိမ်ပြန်ပို့သည့် လေယာဥ်ခရီးစဉ်များ

 (2) သင်္ဘောသား အလုပ်အလွဲအပြောင်းလုပ်ပေးမည့် လေယာဥ်ခရီးစဉ်များ

 (3) လေယာဥ်ပေါ် လေယာဥ်ဝန်ထမ်း ရှိရန်လိုအပ်သည့် လေယာဥ်ခရီးစဉ်များ၊ နှင့်

 (4) လေယာဥ်ပေါ် ခရီးသည်များအား သယ်ဆောင်ပေးသည့် လေယာဥ်ခရီးစဉ်များ။

လက်ရှိ၌ ခန့်မှန်းခြေ သင်္ဘောသား အယောက်ရေ 400,000 ကျော် သင်္ဘောများပေါ် အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသည်ကို ထည့်သွင်းစဥ်းစားရင်း သင်္ဘောသားများအား ‘မဏ္ဍိုင် လေးခု’ အနက် တစ်ခုအဖြစ် ထည့်သွင်းပေးရန်  ITF က ထောက်ခံခဲ့သည်ဟု Mocho Rodriguez ကပြောကြားခဲ့သည်။ လေယာဥ်ခရီးစဉ် နည်းပါးမှုမှာ ကြီးလေးသော ပြဿနာတစ်ခုအဖြစ်ရှိနေသေးကြောင်း၊ နှင့် လမ်းညွှန်အသစ်အားဖြင့် မည်ကဲ့သို့ အိမ်ပြန်ပို့ရေးနှင့် အလုပ်အလွဲအပြောင်း လေယာဥ်ခရီးစဉ်များကို ဘေးကင်းလုံခြုံစွာနှင့် ထိရောက်စွာ လုပ်နိုင်ကြောင်း ဖော်ပြထားသည်ဟု သူက ပြောကြားခဲ့ပါသည်။

 “ဤလမ်းညွှန်သည် သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသော ထောင်နှင့်ချီသော သင်္ဘောသားများ၏ အတိဒုက္ခကို ဖြေလျှော့သွားစေရန် ကူညီပေးခြင်းဖြင့် သင်္ဘောသား အလုပ်လွဲပြောင်းရေးများအား လွယ်ကူချောမွေ့စေရန် အစိုးရများအား အထောက်အကူပြုပါမည်၊” ဟု သူက ပြောကြားခဲ့သည်။ “၎င်းသည် သင်္ဘောပေါ်တက်ရောက်အလုပ်လုပ်ရန် အိမ်မှနေ၍ စောင့်ဆိုင်းနေလျက်ရှိသော သင်္ဘောသားများအား သင်္ဘောများပေါ် တက်ရောက်စေပြီး လုပ်ခများကို ပြန်လည်ရှာဖွေခြင်းအား စတင်ရန်ကိုလည်း အထောက်အကူပြုပါမည်။” 

ICAO လမ်းညွှန်သည် လျှော့နည်းနေလျက်ရှိသည့် ပျံသန်းရေး ကာလ များနေခြင်းဖြစ်ပြီးနောက် လုပ်ငန်းလည်ပတ်မှုများ စတင်ခြင်းအတွက် ရှေ့တန်း လေကြောင်း လုပ်ငန်း ဝန်ထမ်းများ၏ လုံလောက်သော လေ့ကျင့်သင်တန်းနှင့် တတ်ကျွမ်းမှု စိစစ်ရေး သေချာစေရန် လိုအပ်ချက်ကိုလည်း အလေးပေးထားပါသည်၊ ၎င်းကဲ့သို့လုပ်ရန် ပျက်ကွက်မှုသည် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ရှိနိုင်ကြောင်း တင်ပြခြင်းဖြင့် ဖြစ်သည်ဟု Mocho Rodriguez ကပြောကြားခဲ့သည်။

ရှေ့သို့ဆက်လျှောက်ရန်၊ ITF အနေဖြင့် ကြီးကြီးကျယ်ကျယ် ပါဝင်ပတ်သက်မည်မှာ လုပ်ထုံးလုပ်နည်း အသစ်တစ်ခုခုသည် လေယာဥ်ဝန်ထမ်းများနှင့် ခရီးသည် ဘေးကင်းလုံခြုံရေးကို သင်္ဘောသားများ၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လိုအပ်ချက်များအတွက် သတိထားနေရင်း ကာကွယ်ပေးကြောင်း သေချာပေးစေခြင်း ဖြစ်သည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်