Skip to main content

ဆန္ဒပြနေသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပင်လယ်ရေကြောင်း လုပ်သား အယောက် နှစ်သိန်း (၂၀၀ ၀၀၀) အခွင့်အရေးများအတွက် နှစ်ရှည်ကြာ-တိုက်ပွဲ အောင်မြင်

news 10 Nov 2020

လွန်ခဲ့သည့်လ လကုန်ပိုင်းလောက်တွင် အိုင်တီအက်ဖ်-အဖွဲ့ဝင် ဘင်္ဂလာဒေ့ရှ် နူဂျမ် ရှာရာမစ် အဖွဲ့အစည်း (ITF-affiliated Bangladesh Noujan Shramik Federation (BNSF)) အောက်ရှိ naujan သို့မဟုတ် မြစ်တွင်း ရေကြောင်းပြလုပ်သား အယောက် နှစ်သိန်းကျော် (၂၀၀ ၀၀၀) တို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကုန်တင်သင်္ဘော ပိုင်ရှင်များ အသင်း (Bangladesh Cargo Vessel Owners' Association) ကိုဆန့်ကျင်၍ သုံးရက်-ကြာ ဆန္ဒပြပြီးနောက် ၎င်းတို့၏ အလုပ်လုပ်ကိုင်ရာ အခြေအနေများအပေါ် အဓိကျသော တိုးတက်မှုများဖြင့် အောင်မြင်ခဲ့ပါသည်။

အောင်မြင်မှုများတွင် မြစ်တွင်း ရေကြောင်းပြ သင်္ဘောများပေါ်ရှိ သင်္ဘောဝန်ထမ်းများအား အစားအစာအတွက် ခွင့်ပြုငွေ ပေးရန်အတွက် ရေကြောင်း လုပ်သားများ၏ ကာလ-ကြာရှည် တောင်းဆိုငြင်းခုံမှုကို အလုပ်ရှင်များက လက်ခံခဲ့သည်။

BNSF ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Ashiqul Alam Chowdhury က ပြောကြားခဲ့သည်မှာ ဤကိစ္စမှာ ကျွန်ုပ်တို့အတွက် ခံစားရသည့်ပြဿနာတစ်ခု ဖြစ်လာခဲ့ပါသည်၊ ကျွန်ုပ်တို့ တောင်းဆိုနေသည်မှာ ကုန်တင်သင်္ဘောများပေါ်ရှိ သင်္ဘောဝန်ထမ်းများအတွက် အစားအစာ ခွင့်ပြုငွေနှင့်ပတ်သက်၍ MLC စာချုပ်တွင် ရေးသားထားသည့်အရာကိုသာ တောင်းဆိုခြင်းဖြစ်ပါသည်။

ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (The Maritime Labour Convention) က ပြဌာန်းထားသည်မှာ အလုပ်ရှင်များအနေဖြင့် သင်္ဘောအလုပ်သမားများအတွက် ကောင်းမွန်သော အရည်အသွေးရှိသည့် သောက်သုံးရေနှင့် အစားအစာ ဖြန့်ချီပေးရန်ဖြစ်ပါသည်။ ကြီးမားသော သင်္ဘောများပေါ်တွင် ထုံးစံအတိုင်း တတ်ကျွမ်းသည့် စားဖိုမှူးတစ်ဉီးရှိသော်လည်း အကယ်၍ သင်္ဘောမှာ စားဖိုမှူးတစ်ဉီးနှင့် သင်္ဘောမီးဖိုခန်း ထားရှိရန် အလွန် သေးငယ်လျှင် ထိုက်သင့်သော ခွင့်ပြုငွေမှာ အလုပ်ရှင်များအတွက် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းပေးခြင်း၏ နည်းလမ်း နောက်တစ်ခုဖြစ်ပါသည်။

အငြင်းအခုံ၏ ဖြေရှင်းချက် အစိတ်အပိုင်းအဖြစ် သင်္ဘောပိုင်ရှင်များ အသင်းသည် အလုပ်သမားများက တည်ထောင်ထားသည့် အချက် ၁၁-ချက် စာချုပ်ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည်။ အဆိုပါ စာချုပ်က တောင်းဆိုသည်မှာ-

  • အလုပ်သမားများအား အလုပ်ခန့်စာများ ပေးအပ်ခြင်း
  • မည်သူဖြစ်ကြောင်းသက်သေခံကတ်ပြားများနှင့် ဝန်ထမ်းမှတ်တမ်းစာအုပ်များ ထုတ်ပေးခြင်း
  • အလုပ်သမားများ၏ လူမှုရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးကို သေချာပေးစေခြင်း
  • အစားအစာအတွက် ခွင့်ပြုငွေများ ပေးချေခြင်း
  • သင်္ဘောများပေါ်၌ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် ဓါးပြတိုက်ခြင်းတို့ကို တားဆီးပေးခြင်း
  • အလုပ်သမားများအတွက် အလုပ်ကို တရားဝင်ပြုပေးခြင်း
  • 2016 ခုနှစ် လုပ်ခ နှုန်းကို သွတ်သွင်းပေးခြင်း

 

Chowdhury က ပြောကြားခဲ့သည်မှာ အလုပ်ရှင်များသည် ခွင့်ပြုငွေများ အပါအဝင် စာချုပ်ကို လိုက်နာ ဆောင်ရွက်ပေးရန် ယခင်က ကတိကဝတ်ပြုခဲ့သည်။ ယခင်နှစ် နိုဝင်ဘာလတွင် သမဂ္ဂက ကြီးမှူးကျင်းပခဲ့သော လုပ်ငန်းကဏ္ဍ ဆန္ဒပြခြင်းကို ပိုင်ရှင်များက အာမခံချက်များ ပေးခဲ့ပြီးနောက်မှသာ ရုပ်သိမ်းခဲ့ပါသည်။

 သူတို့သည် သူတိို့၏ ကတိကဝတ်ကို ကတိဖျက်ခဲ့သည်၊ ဟု Chowdhury က ပြောကြားခဲ့သည်။ သို့သော် ယခု၌ အရာများမှာ ကွဲပြားခြားနားပါသည်။

အကြောင်းရင်းတစ်ခုမှာ လတ်တလော အဖြစ်ဆုံး လုပ်ငန်းကဏ္ဍ ဆန္ဒပြမှုကြောင့် ပိုင်ရှင်များ၏ ကုန်စည် ကွန်ခြာမှာ ယိုယွင်းခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကုန်တင်သင်္ဘော ပိုင်ရှင်များ အသင်း (The Bangladesh Cargo Vessel Owners' Association) သည် မြစ်တွင်းတစ်လျှောက် သင်္ဘောအစီးရေ ၅၀၀၀ ကိုလုပ်ငန်းလည်ပတ်ပေးသည်၊ ပင်လယ်အနီးအနား (Chattogram နှင့် Mongla ဆိပ်ကမ်း) ရှိ မိခင် သင်္ဘော အစီး ၅၀ မှ ကုန်များကို  မြစ်ကြောင်းဆိပ်ကမ်းများနှင့် မြစ်အထက်ပိုင်း ဆိပ်ခံတံတားများဆီသို့ ပြည်တွင်းရေကြောင်း လမ်းကြောများမှ တစ်ဆင့် သယ်ဆောင်ပေးသည်။

 အောက်တိုဘာလ လကုန်ပိုင်း၌ ဆန္ဒပြမှုကြောင့် ၎င်းတို့၏ စနစ်မှာ လုံးဝ ယိုယွင်းသွားခဲ့ပြီး ၎င်းကြောင့် သူတို့အနေဖြင့် ပင်လယ်ရေကြောင်း လုပ်သားများအပေါ် အလေးအနက်ထားရာရောက်ခဲ့သည်။ ဟု Chowdhury က ပြောကြားခဲ့သည်။

 အလုပ်ရှင်များနှင့် သမဂ္ဂ အရာရှိများအကြား အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာလ ၂၃ ရက်နေ့၌ အလုပ်သမားနှင့် အလုပ်အကိုင် ဝန်ကြီးရှေ့မှောက်တွင် ကျွန်ုပ်တို့ ကျင်းပပေးခဲ့သည်။ ကျွန်ုပ်တိို့ သဘောတူခဲ့သည်မှာ အောက်တိုဘာလမှ ရှေ့ဆက်ပြီး အမျိုးမျိုး- အရွယ်အစားရှိသော သင်္ဘောများပေါ်ရှိ အလုပ်သမားများသည် အစားအစာအတွက် ခွင့်ပြုငွေများ စတင်၍ ပေးခံရပါလိမ့်မည်၊ ဟု Chowdhury က ပြောကြားခဲ့သည်။

 

ဓါတ်ပုံများ Bangladesh Noujan Shramik Federation (BNSF), 2020 Ⓒ

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်