Skip to main content

ဆိပ်ကမ်းအလုပ်သားများ၏ ဥပဒေ အပိုဒ်ငယ်- သဘောတူပြီးကိစ္စမှာ ပြီးပြတ်သည့်ကိစ္စဖြစ်သည် (A deal is a deal) – ကျွန်ုပ်တို့ ကာကွယ်ပေးနေသည်။

news 13 Jan 2020

နိုင်ငံပေါင်း ဆယ်နိုင်ငံမှ ဆိပ်ကမ်းအလုပ်သမားများ၏ သမဂ္ဂများ၊ အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်များနှင့် ဥပဒေအကြံပေးအရာရှိများသည် ရောတာဒမ်မြို့ (Rotterdam) တွင် ယမန်နေ့၌ စုဝေးတွေ့ဆုံကြပြီး အသစ်ပြုလုပ်ထားသည့် ဆိပ်ကမ်းအလုပ်သမားများ၏ ဥပဒေအပိုဒ်ငယ်အား မှန်မှန်ကန်ကန် အကောင်အထည်ဖော်သည်ကို သေချာစေရန်အတွက် အဆိုပါ ဥပဒေအပိုဒ်ငယ်ကို မလိုက်နာသည့် ကုမ္ပဏီများအပေါ် အရေးယူရန် ပြင်ဆင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ အကြံပေးအရာရှိများ အဖွဲ့ကို ဖွဲ့စည်းခြင်းအားဖြင့် အရေးယူဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့ကြသည်။

သဘောတူညီချက်အသစ်ကို 2018 ခုနှစ် ဖေဖော်ဝါရီလတွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) မှ အလုပ်သမားများနှင့် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ နှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း အလုပ်ရှင်များကောင်စီ (International Maritime Employers’ Council (IMEC)) တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ ITF အတည်ပြုထားသည့် သဘောတူညီချက် အားလုံးနှင့်သက်ဆိုင်သည့် ပြင်ဆင်ထားသော ဥပဒေအပိုဒ်ငယ် (အပိုဒ် 4ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်အဖြစ် အများအားဖြင့် ရည်ညွှန်းထားသော သင်္ဘောသားများ-လုပ်ရန် မဟုတ်သည့် အလုပ်) သည် တစ်ကမ္ဘာလုံး၌ အဆိုပါ လ တစ်လတည်းတွင် ဥရောပနှင့် ကနေဒါနိုင်ငံမှလွဲ၍ အာဏာသက်ရောက်ခဲ့သည်။

စည်းမျဉ်းအသစ်များနှင့် ပြင်ဆင်စေရန်အတွက် အလုပ်ရှင်များ၏ အတိအလင်း တောင်းဆိုမှုအရ သဘောတူညီချက် အာဏာမသက်ရောက်မီ – 2020 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့တိုင်–  ဥရောပနှင့် ကနေဒါနိုင်ငံတို့အား အချိန်ပို နှစ်နှစ်နီးပါး ပေးခဲ့ပြီးဖြစ်သည်။

ဤကဲ့သို့ လှိုက်လှိုက်လဲလဲ စီစဉ်ပေးခဲ့သော်လည်း၊ အချို့ကုမ္ပဏီများသည် ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်ကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။  ကုန်စည်ကုန်တင်နေရာချထားရေးဆိုင်ရာ ကုမ္ပဏီများနှင့် ကန်ထရိုက်လုပ်မည့်အစား သူတို့သည် ဥပဒေအပိုဒ်ငယ် အာဏာသက်ရောက်မည့်နေ့တိုင်အောင် စောင့်ဆိုင်းခဲ့ပြီး ယခုအခါ အတည်ပြုဆောင်ရွက်ရန်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။ 

ယနေ့တွင် ဥရောပရှိ အလုပ်သမားများ၏ ကိုယ်စားလှယ်များ (ETF) နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ (ITF) သည် အဆိုပါ လုပ်ရပ်မှာ လက်မခံနိုင်ဟု ရှုတ်ချခဲ့ကြသည်။

ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်ကို သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သဘောတူညီခဲ့ကြသည်။ ၎င်းကို အကောင်အထည်ဖော်ရေးအား နှောင့်နှေးစေခြင်းသည် ဘေးကင်းစွာ အလုပ်လုပ်ကိုင်ရာ အခြေအနေများကို ထိခိုက်ဆိုးရွားစေပြီး သဘောတူစာချုပ်ကို ဖောက်ဖျက်ရာ ရောက်သည်ဟု ETF ဆိပ်ကမ်း အလုပ်သမားများ ကဏ္ဍ ဥက္ကဌဖြစ်သူ Terje Samuelsen က အလုပ်ရှင်များ၏ လုပ်ရပ်များအပေါ်ဝေဖန်ရင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ 1 ရက်နေ့တွင် အာဏာတည်လာခဲ့သည့် ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်သည် နည်းလမ်းနှစ်မျိုးအားဖြင့် အလွန်အရေးကြီးသည် ဆိပ်ကမ်းအလုပ်သမားများအတွက် အလုပ်ကို ဘေးကင်းလုံခြုံစွာ လုပ်ရန်နှင့် သင်္ဘောသားများအတွက် သူတို့၏ CBA အရ သူတို့ လုပ်ရန်မလိုအပ်သည့်အလုပ်ကို လုပ်ရန်တာဝန်မရှိတော့ကြောင်းကို သေချာစေရန် ဖြစ်သည်။ ဤဥပဒေအပိုဒ်ငယ် အာဏာတည်လာမည်ကို နှစ်နှစ်ကျော်ကျော် သိရှိနေသည့် သင်္ဘောပိုင်ရှင်များသည် ၎င်းကို လေးစားမှု မရှိနေသေးသည်ကို ကျွန်ုပ် အံ့သြပါသည်ဟု Samuelsen က ဖြည့်စွက်ပြောကြားခဲ့သည်။

ITF ဆိပ်ကမ်းအလုပ်သမားများ ကဏ္ဍ ဒုတိယ လက်ထောက်ဥက္ကဌဖြစ်သူ Niek Stam က ဥပဒေအပိုဒ်ငယ်ကို အတည်ပြုရန်မှာ သင်္ဘောသားများကဲ့သို့ ဆိပ်ကမ်းအလုပ်သမားများအတွက်လည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်။ 

ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်သည် သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများအတွက် ဘေးကင်းလုံခြုံသော အလုပ်လုပ်ကိုင်ရာ အခြေအနေများကို ထိန်းသိမ်းပေးထားပါသည်။ အဆိုပါ ဥပဒေအပိုဒ်ငယ်ကို သဘောတူခဲ့သည်မှာ ကုန်စည်ကုန်တင်နေရာချထားခြင်းဆိုင်ရာ အလုပ်ကို လေ့ကျင့်ခံထားရသော ဆိပ်ကမ်း အလုပ်သမားများက ဆောင်ရွက်သင့်သည်။ ကုန်သွယ် သမဂ္ဂများသည် ဆိပ်ကမ်းအလုပ်သမားများ ဥပဒေအပိုဒ်ငယ်ကို ထောက်ခံကြပြီး အဆိုပါ ဥပဒေအပိုဒ်ငယ်ကို ကာကွယ်ပေးရန် အဆင်သင့်ဖြစ်နေပြီး လိုလားနေကြသည်။ သဘောတူပြီးသည့်ကိစ္စမှာ ပြီးပြတ်သည့်ကိစ္စဖြစ်သည်၊ ထိုးမြဲလက်မှတ်တစ်ခုမှာ ဥပဒေအရ ချည်နှောင်မှုရှိသည်၊ ဟု  Stam က အတည်ပြုပြောကြားလိုက်သည်။

သဘောတူညီချက်ကို နှစ်ဖက် ညှိနှိုင်းခဲ့ပြီး လက်မှတ်ထိုးခဲ့ကြသည်၊ လိုက်နာရန် လူတိုင်းအတွက် အချိန်တန်ပြီဖြစ်သည်။ ITF ကိုယ်စားပြုထားသည့် ဥရောပနှင့် ကနေဒါနိုင်ငံ ကုန်သွယ် သမဂ္ဂများသည် သူတို့ဘက်မှ ကတိကဝတ်များကို ကတိတည်မည်ဖြစ်သည်၊ ကုမ္ပဏီများသည် မိမိတို့ဘက်ရှိ အပေးအယူကိုလည်း ကတိတည်ရမည်ဖြစ်သည်၊ဟု Stam က ပြောကြားခဲ့သည်။  

ကုမ္ပဏီများအနေဖြင့် အမှန်အကန် လိုက်နာမည်ကို သေချာစေရန် အပြည်ပြည်ဆိုင်ရာ ဥပေဒေ အကြံပေးအရာရှိများအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။  သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာစေမည့် နည်းဗျူဟာများကို လက်ခံမည် မဟုတ်သည့်အပြင် သဘောတူထားသည့် ကိစ္စကို လေးစားရန်အတွက် သေချာစေရန် လိုအပ်သည့် ဥပဒေဆိုင်ရာ အရေးယူမှုများကို ကြိုတင်၍ အဆင်သင့်ပြင်ဆင်လျက်ရှိသည်။  

ပိုမိုသိရှိလိုသော အကြောင်းအချက်များအတွက် ကျေးဇူးပြု၍  media@itf.org.uk ကိုဆက်သွယ်ပါ။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်