Skip to main content

ဆီးနိတ်အထက်လွှတ်တော် စုံစမ်းစစ်ဆေးမှုရှေ့မှောက်တွင် သြစတြေးလျနိုင်ငံ သင်္ဘောလုပ်ငန်းကို ကယ်တင်ပေးရန် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း သမဂ္ဂက တိုက်တွန်း

news Press Release 10 Feb 2020

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း သမဂ္ဂများသည် Morrison အစိုးရအား သြစတြေးလျနိုင်ငံ သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍ ကျဆင်းလာမှုကို ပြန်လည်တည့်မတ်ပေးရန်နှင့် သဘာဝဘေးဒဏ်များအပေါ် သြစတြေးလျနိုင်ငံ၏ အရေးပေါ် တုံ့ပြန်မှုစွမ်းရည်အား အထောက်အကူပြုစေမည့် နည်းဗျူဟာကျကျ သင်္ဘောအုပ်စုအသစ်တွင် ရင်းနှီးမြှုပ်နှံပေးရန် အပြင် နိုင်ငံ၏ စီးပွားရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ လောင်စာနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကျိုးကျေးဇူးများကို အကာအကွယ်ပေးရန် တိုက်တွန်းလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေးနှင် ယူနိုက်တစ်ကင်ဒန်နိုင်ငံများမှ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ သည် သြစတြေးလျနိုင်ငံ သင်္ဘောလုပ်ငန်းအတွက် Rural and Regional Affairs and Transport References Committee ၏ မူဝါဒ၊ စည်းမျဥ်းဆိုင်ရာ၊ အခွန်စည်းကြပ်မှု၊ စီမံအုပ်ချုပ်မှုဆိုင်ရာနှင့် ရန်ပုံငွေချပေးရေးဆိုင်ရာ ဦးစားပေးမှုများအပေါ် ကင်ဘာရာမြို့ ပါလီမန်တွင် ပြုလုပ်သည့် ဆီးနိတ်အထက်လွှတ်တော် စုံစမ်းစစ်ဆေးမှုရှေ့မှောက်သို့ ရောက်ရှိခဲ့ပါသည်။

ဒေသအတွင်း ဆိုးရွားလွန်းသည့် တောမီးလောင်မှု ဖြစ်ပွားခြင်းကြောင့် သြစတြေးလျနိုင်ငံသားများအပေါ် ကျရောက်သည့် ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးမှုနှင့် အိမ်ယာဆုံးရှုံးမှုနှင့်တကွ သြစတြေးလျနိုင်ငံ၏ တစ်မူထူးခြားသည့် သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးရွားလှသော ပျက်စီးမှုအပေါ် စည်းလုံးညီညွှတ်မှုနှင့် အားပေးထောက်ခံမှု ကမ်းလှမ်းခြင်းနှင့်အတူ ပဋိပက္ခအပေါ် သိသာ ထင်ရှားလှသော အရေးပေါ် ပင်လယ်ရေကြောင်းဆိုင်ရာ တုံ့ပြန်မှုအား အသိအမှတ်ပြုရင်း စုံစမ်းစစ်ဆေးမှုများကို ဖွင့်လှစ်လိုက်ပါသည်။

ကော်မတီရှေ့မှောက်ရောက်ရှိနေသော သမဂ္ဂခေါင်းဆောင်များနှင့် သုတေသနမှူးများသည် ကမ္ဘာတစ်ဝန်း လက်ရှိ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေနှင့် သြစတြေးလျနိုင်ငံ၏ စီးပွားဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးအား ထိန်းသိမ်း စောင့်ရှောက်ရေး၊ အလုပ်အကိုင်များ ပေးအပ်ရေး၊ ပတ်ဝန်းကျင်အား အကာအကွယ်ပေးရေးနှင့် သဘာဝဘေးဒဏ်ကျရောက်စဥ် အရေးပေါ်အကူအညီပေးအပ်ရေးတို့အပေါ် ခိုင်မာသော ပြည်တွင်း ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍမှာ အဘယ်ကြောင့် အခရာကျကြောင်းတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို တင်ပြခဲ့သည်။

ကမ္ဘာ့ကမ်းခြေဆိုင်ရာ ကုသသမဂ္ဂအဖွဲ့ဝင် ပင်လယ်ရေကြောင်းဆိုင်ရာ နိုင်ငံများ၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံပေါင်း ၉၀ တွင် မိမိတို့၏ ကမ်းခြေဆိုင်ရာ ကုန်သွယ်မှုများ၌ နိုင်ငံခြား ရေကြောင်းဆိုင်ရာ လုပ်ရပ်များကို ကန့်သတ်ပေးသည့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေများ ရှိကြပါသည်။

ကနေဒါနိုင်ငံ ပင်လယ်ရေကြောင်း သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဥက္ကဌနှင့် ITF ၏ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ ဥက္ကဌဖြစ်သူ Jim Given သည် စုံစမ်းစစ်ဆေးရေးအား ပြောကြားခဲ့သည်မှာ -  လူကြီးမင်းတို့ရှေ့မှောက် ကျွန်တော်တို့ ယနေ့ ရောက်ရှိခြင်းရဲ့ အကြောင်းရင်းကတော့ ပြည်တွင်း ပင်လယ်ရေကြောင်း သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍကို ဆက်လက် တည်တံ့ပေးရေးနှင့် ပြန်လည်အင်အားတောင့်တင်းပေးရေး၏ အဓိကကျမှုကို ဆွေးနွေးဖို့ဖြစ်ပါတယ်။

ကနေဒါနိုင်ငံ ကမ်းခြေဆိုင်ရာ ကုန်သွယ်မှု အက်ဥပဒေ (Coasting Trade Act ) နှင့် အမေရိကန်နိုင်ငံ ဂျုံးစ် အက်ဥပဒေ ( Jones Act) တွေဟာ ကျွန်တော်တို့ရဲ့ သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍတွေရဲ့ အလုံးစုံ အောင်မြင်မှုအပေါ် အလွန်ပင် မည်မျှ တစ်သားတည်း ဖြစ်ကြောင်းနှင့် ကနေဒါနှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးတွေအပေါ် မည်မျှ ကြီးမားသော ပံ့ပိုးပေးမှုဖြစ်ကြောင်း ကျွန်တော့ကို ပုံမှန်အားဖြင့် သတိပေးခဲ့ပါတယ်။ ဒီမူဝါဒတွေကို ဥရောပ၊ အာဖရိက၊ အာရှနှင့် သြစတြေးလျနိုင်ငံတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ယောင်းရင်းတွေက ပင်လယ်ရေကြောင်းဆိုင်ရာ သင်္ဘောသားတွေရဲ့ အခွင့်အရေးတွေနှင့် ကျွန်တော်တို့ရဲ့ ပြည်တွင်းပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍတွေရဲ့  ဘေးကင်းလုံခြုံမှုတွေအတွက် ရွှေအဆင့်စံနှုန်းအဖြစ် များသောအားဖြင့် လက်ခံကြပါတယ်။ တင်းမာတဲ့ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေတွေဟာ ပြည်တွင်းသင်္ဘောသားတွေ သူတို့အလုပ်ကို တည်မြဲနေအောင် လုပ်ပေးတာသာမကဘဲ၊ ဒီမူဝါဒတွေကို သွတ်သွင်းထားတဲ့ အဆိုပါနိုင်ငံတွေအတွက် စီးပွားရေး ကြီးထွားမှုရဲ့ ဧရာမ အပြောင်းအလဲကြီးလည်းဖြစ်ကြောင်း Given က ပြောကြားခဲ့သည်။

မြောက်အမေရိက ပင်လယ်ရေကြောင်း သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဘဏ္ဏာရေးဆိုင်ရာ-အတွင်းရေးမှူးနှင့် ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ Dave Heindel ကလည်း အမေရိက ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၏ စီးပွားဆိုင်ရာ အကျိုးကျေးဇူးများကို ထောက်ပြလိုက်ပါသည်။

ကျွန်တော်တို့ရဲ့ ပြည်တွင်း ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဥပဒေတွေကြောင့် အမေရိကန်နိုင်ငံ သင်္ဘောကျင်းတွေမှာ အမေရိကန် သင်္ဘောအစင်းရေ 40,000 ကိုဆောက်လုပ်ပေးခဲ့ပါတယ်။ သူတို့အတွေဟာ အမေရိကန် အလုပ်ပေါင်း အကြမ်းမျဥ်း 650,000 ခုကို မြဲစေပြီးတော့ အလုပ်သမား လုပ်ခပေါင်း ဒေါ်လာ $41 ဘီလီယံနှင့်တကွ နောက်ဆုံးမှာတော့ နှစ်စဥ်စီးပွားဆိုင်ရာ ထုတ်လုပ်မှု ဒေါ်လာ $150 ကို ပံ့ပိုးပေးပါတယ်။  

Heindel ဆိုသူကလည်း စုံးစမ်းစစ်ဆေးရေးသို့ ပြောကြားခဲ့သည်မှာ အမေရိကန်နိုင်ငံ၏ တင်းမာသော ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေများ၏ အကျိုးကျေးဇူးများမှာ စီးပွားရေးနှင့် နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးကိုသာ သက်ရောက်သည်မဟုတ်ဘဲ ဂျုံးစ်အက်ဥပဒေကလည်း အမေရိကန်နိုင်ငံ၏ နယ်စပ်များကို စစ်မက်ဖြစ်ပွားချိန်၊ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေ သို့မဟုတ် ငြိမ်းချမ်းနေချိန်မှာပင် လုံခြုံစေရန် အထောက်အကူပြုပါသည်။

ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးမှာ နိုင်ငံရှိ သင်္ဘောသားများအတွက် အလုပ်အကိုင်ကို ပေးအပ်သည်သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍနှင့် စံနှုန်း-အောက် လုပ်ခများ သာမန်အားဖြင့်ပေးပြီး လုံခြုံရေးဆိုင်ရာ ဥပဒေများကို ပွင့်ပွင့်လင်းလင်း လစ်လျူရှုကြသည့် သင်္ဘောပိုင်ရှင်များပိုင်ဆိုင်သည့် အလံလွှင့်ထူရာသင်္ဘောများ လုပ်ငန်းလွတ်လပ်ခွင့်ကြောင့် နိုင်ငံခြား သင်္ဘောသားများအပေါ် ခေါင်းပုံဖြတ်မှုကိုလည်း အကာအကွယ်ပေးပါသည်။

သင်္ဘောပိုင်ရှင် အများစုဟာ ငွေများနိုင်သမျှ များအောင် ရှာလိုကြတဲ့အတွက် တကယ်လို့ ပိုမိုစျေးပေါတဲ့ သင်္ဘောသားတွေကို အသုံးချနိုင်မယ်ဆိုရင် သူတို့ အသုံးချပါမယ်။ နော်ဝေး သင်္ဘောပိုင်ရှင် အတော်များများဟာ သူတို့ရဲ့ သင်္ဘောပေါ်မှာရှိတဲ့ အလံတွေကို ပြောင်းလဲခဲ့ကြတယ်၊ ဒီပြဿနာဟာ ပိုပိုပြီး ကြီးထွားလာပါတယ်၊ ဟု နော်ဝေးနိုင်ငံ သင်္ဘောသားများ သမဂ္ဂ ဥက္ကဌဖြစ်သူ Johnny Hansen က ပြောကြားခဲ့သည်။

ITF ပင်လယ်ရေကြောင်းဆိုင်ရာ ညှိနှိုင်းရေးအရာရှိဖြစ်သူ Jacqueline Smith က အထက်လွှတ်တော် အမတ်များအား ပြောကြားခဲ့သည်မှာ အလံလွှင့်ထူရာ သင်္ဘောများမှ အကျိုးအမြတ်ခံစားနေရသည့် တစ်ဦးတည်းသောသူများမှာ သင်္ဘောပိုင်ရှင်များသာ ဖြစ်ကြသည်ဟု ပြောခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေများအပေါ် အကယ်၍ ဥပဒေများက ပြည်တွင်းသင်္ဘောလုပ်ငန်းကုမ္ပဏီများအား ကြီးမားသည့် အခကြေးများ တောင်းခံရန် ခွင့်ပြုလိုက်လျှင် အဆိုပါ အခကြေးများမှာ စားသုံးသူများထံသို့ ပြောင်းလဲကျခံစေမည်ဖြစ်ကြောင်း လွယ်လွယ်ယူဆသည့် အတိုက်အခံလုပ်သူများထံမှ ကန့်ကွက်ငြင်းဆိုချက်များကိုလည်း တန်ပြန်တုံ့ပြန်ခဲ့ကြသည်။

ကျွန်တော်တို့အနေနှင့် အာရုံစိုက်သင့်တဲ့ အစစ်အမှန် ကုန်ကျစရိတ်ဟာ ဘာလဲ။ အဲဒါဟာ သင်္ဘောကုမ္ပဏီရဲ့ ကုန်ကျစရိတ်လား။ ဒါမှမဟုတ် သြစတြေးလျနိုင်ငံအပေါ် ကုန်ကျစရိတ်လား။  နိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံရေးသမားတွေဟာ လူတွေဖြစ်ပြီးတော့ အကျိုးအမြတ်တွေထက် အရေးမကြီးတော့ဘူးလား။  ဘာလို့လဲဆိုတော့ အဲဒါဟာ ပဓါနကျစေလို့ပါဘဲ ဟု Given ကပြောကြားခဲ့ပြီး Morrison အစိုးရအနေဖြင့် ဒေသခံ အလုပ်အကိုင်များ၊ နိုင်ငံလုံးဆိုင်ရာ လုံခြုံရေး၊ လောင်စာ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးရေးတို့၏ မြင်ကွင်းတို့မှတစ်ဆင့် ဥပဒေများကို စမ်းစစ်ရမည်ဖြစ်ကြောင်း တင်ပြပေးသည်။

ကိုယ်စားလှယ်အဖွဲ့သည် ပင်လယ်ရေကြောင်းသမဂ္ဂများထံမှ တောင်းဆိုမှုကို ဤအပတ်စောစောပိုင်း၌ ဆစ်ဒနီမြို့တွင်ကျင်းပသည့် ITF ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး တပ်ဖွဲ့အစည်းအဝေးအား တက်ရောက်ပေးခြင်းဖြင့်လည်း ပြန်လည်တင်ပြခဲ့ပါသည်၊ သြစတြေးလျနိုင်ငံ၏ သဘာဝဘေးဒဏ် တုံ့ပြန်ရေး စွမ်းရည်ကို တောင့်တင်းခိုင်မာစေရန်အတွက် ပထမအဆင့်အနေဖြင့် နည်းဗျူဟာကျသည့် သြစတြေးလျနိုင်ငံ သင်္ဘောသားများ အမှုထမ်းသည့် သင်္ဘောအုပ်စုဖန်တီးရေးနှင့် သြစတြေးလျနိုင်ငံ၏ ပြည်တွင်း သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍ ပြန်လည်ဆန်းသစ်ရေးဖြစ်စေရန်အတွက် Aurora Australis သင်္ဘောအား ချက်ချင်းဝယ်ယူရန် ဖြစ်သည်။

ဆီးနိတ်အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေး ရှေ့မှောက်တွင် အောက်ဖော်ပြပါ ဟောပြောသူများ တက်ရောက်ခဲ့ကြသည်-

  • Ms Deirdre Fitzpatrick, အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးသင်္ဘောသားများ အခွင့်အရေး အပြည်ပြည်ဆိုင်ရာ (Seafarers' Rights International)
  • Mr Dave Heindel, ဘဏ္ဏရေး အတွင်းရေးမှူး၊ မြောက်အမေရိက သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ
  • Mr Jim Given, ကနေဒါနိုင်ငံ သင်္ဘောသားများ၏ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဥက္ကဌ 
  • Mr Johnny Hansen, နောဝေးနိုင်ငံ သင်္ဘောသားများ သမဂ္ဂ ဥက္ကဌ
  • Mr Joe Fleetwood, နယူးဇီလန်နိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူး
  • Ms Jacqueline Smith, အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ရေကြောင်းဆိုင်ရာ ညှိနှိုင်းရေးအရာရှိ

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်