Skip to main content

အစိုးရများအနေဖြင့် Jag Anand, Anastasia မတိုးသာမဆုတ်သာ အခြေအနေကို ဖြေရှင်းပေးရမည်ဖြစ်ပြီး သင်္ဘောသားများကို အိမ်ပြန်ပို့ပေးရမည်

news Press Release

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers Federation (ITF))သည် တရုတ်၊ အိန္ဒိယ နှင့် သြစတြေးလျနိုင်ငံ အစိုးရများအား တရုတ်နိုင်ငံ ဆိပ်ကမ်းများရှိ ကျောက်မီးသွေး သယ်ဆောင်သည့်-သင်္ဘောများ သင်္ဘောဆိုက်ကပ်ခြင်းနှင့် ပတ်သက်၍ မတိုးသာမဆုတ်သာ အခြေအနေကို သင်္ဘောပေါ်၌ အချို့သင်္ဘောသားများမှာ လပေါင်း ၂၀ ကျော် ရှိနေသဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အရေးပေါ် အဆုံးသတ်ပေးရန် ဆော်သြလျက်ရှိပါသည်။

The Jag Anand (IMO 9463308) သင်္ဘောသည် ဤနှစ် ဇွန်လမှ စတင်၍ ဆိုက်ကပ်၍ မရနိုင်ခဲ့ပါ၊ Anastasia (IMO 9625970) သင်္ဘောသည် ဤနှစ် သြဂုတ်လမှ စတင်၍ ဆိုက်ကပ်၍ မရနိုင်ခဲ့ပါ။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ (National Union of Seafarers of India) အထွေထွေအတွင်းရေးမှူး၊ ITF သင်္ဘောသားများ ဌာန ကော်မတီ အာရှ-ပစိဖိတ်  (ITF Seafarers Section Committee Asia-Pacific) ဒုတိယ ဥက္ကဌ နှင့် ITF အလုပ်အမှုဆောင်ဘုတ်အဖွဲ့ (ITF Executive Board) အဖွဲ့ဝင်ဖြစ်သူ Abdulgani Y. Serang က ပြောကြားခဲ့သည်မှာ သူ၏ သမဂ္ဂနှင့် ITF တို့သည် လတ်တလော လများ၌ ဤပြဿနာနှင့်ပတ်သက်၍ ကုမ္ပဏီနှင့်တကွ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organisation) မှတစ်ဆင့် တရားဝင်အာဏာပိုင်များထံ အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်သည်ဟုဆိုပါသည်။

 ကျွန်ုပ်တို့တွင် လက်ရှိ၌ သင်္ဘောပေါ်တွင် လူသားချင်းစာနာထောက်ထားရမည့် အကျပ်အတည်းရှိနေပါသည်၊ သင်္ဘောဝန်ထမ်း တစ်ရပ်လုံးမှာ ပင်ပန်းနွမ်းနယ်နေကြပြီး အရေးပေါ် လူစားထိုးလဲလည်ပေးရန် လိုအပ်ပါသည်။ သူတို့သည် သင်္ဘောပေါ် ကြာရှည်လွန်းလှသော အချိန်များကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရအားဖြင့် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ပါသည်၊ ဟု Serang က ပြောကြားခဲ့သည်။

 အကယ်၍ တရုတ်အာဏာပိုင်များက သင်္ဘောဆိုက်ကပ်ခြင်းကို ငြင်းဆိုနေရသည့် အကြောင်းရင်းမှာ သင်္ဘောပေါ်တွင် သြစတြေးလျနိုင်ငံမှ ကျောက်မီးသွေး ကုန်စည်ပါရှိသည့်အတွက်ကြောင့် ဖြစ်သည်ဆိုလျှင် ၎င်းမှာ အလွန် စိုးရိမ်ဖွယ်ကောင်းပါသည်။ ၎င်းမှာ အပြစ်ကင်းသည့် သယ်ယူပို့ဆောင်ပေးသူသည် အိမ်နီးချင်း နှစ်ဉီးအကြား ရန်ပွဲတွင် ချောင်ပိတ်မိခံနေရသလို ဖြစ်နေပါလိမ့်မည်။

 သင်္ဘောပိုင်ရှင်သည် သင်္ဘောပေါ်မှ ကုန်စည်ကို ချပေးရန် အကောင်းဆုံး ကြိုးစားနေလျက်ရှိသည် - သူတို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လုပ်ရန်အတွက် လေယာဥ်စင်းလုံးငှါးရန် ကမ်းလှမ်းခဲ့ပါသည်။ အိန္ဒိယနိုင်ငံ အစိုးရသည်လည်း အခြေအနေကို ဖြေရှင်းပေးရန်နှင့် သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ပေးရန် ကြိုးစားနေလျက်ရှိသော်လည်း မတိုးသာမဆုတ်သာ အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်။

 ကျွန်ုပ်တို့ အကြံပြုခဲ့သည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးမှာ မဖြစ်နိုင်လျှင် အနည်းဆုံးအားဖြင့် လုပ်ပေးရန်မှာ ကုန်စည်ကို ချပေးနိုင်ရန်ဖြစ်သည် ထို့ကြောင့် သင်္ဘောအနေဖြင့် ထွက်ခွာသွားနိုင်ပြီ နောက်ထပ် အဆင်ပြေမည့် ဆိပ်ကမ်းတွင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လုပ်နိုင်ပါသည်။ အိမ်နီးချင်း နိုင်ငံများထံမှ အခြေအနေကို ကူညီဖြေရှင်းပေးရန်အတွက် ကျောက်မီးသွေးကို ဝယ်ယူပေးရန် ကမ်းလှမ်းမှုများပင် ရှိပါသည်။

 ကျွန်ုပ်တို့ အံ့သြရသည်မှာ သင်္ဘောအား အခြားနိုင်ငံသို့ သို့မဟုတ် နောက်ထပ် တရုတ် ဆိပ်ကမ်းသို့ မောင်းနှင်သွားရန် ကြိုးပမ်းမှုများကို ကန့်ကွက်ခံနေခြင်းပင်ဖြစ်ပါသည်။ ဤ မတိုးသာမဆုတ်သာ အခြေအနေအတွက် မည်သည့် အကြောင်းရင်းပင်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် အစိုးရများအား ၎င်းတို့၏ အငြင်းအခုံများကို ဘေးဖယ်ထားပြီး ဤသင်္ဘောသားများကို အိမ်ပြန်ပို့ပေးရန်နှင့် သင်္ဘောဝန်ထမ်း အသစ်တို့ဖြင့် အစားထိုးပေးရန်အတွက် ပံ့ပိုးပေးခြင်းကို အလေးထားပေးရန် တောင်းဆိုပါသည်။

ITF သင်္ဘောသားများနှင့် ကုန်းတွင်း လမ်းကြောင်းပြ ဌာနခွဲ ညှိနှိုင်းရေးအရာရှိ (ITF Seafarers and Inland Navigation Section Coordinator) ဖြစ်သူ Fabrizio Barcellona က ပြောကြားခဲ့သည်မှာ  Jag Anand သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၃ ယောက်နှင့် Anastasia သင်္ဘောပေါ်ရှိ သင်္ဘောသား ၁၈ ယောက်တို့၏ အတိဒုက္ခသည် ဤကဲ့သို့သော အလွန် ဆိုးရွားသည့် အခြေအနေများ မရောက်မီ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းနှင့်ပတ်သက်၍ အစိုးရများအနေဖြင့် အရေးယူလုပ်ဆောင်ရန်မှာ မည်မျှ အရေးကြီးကြောင်းကို ပြသခဲ့ပါသည်ဟုဖြစ်ပါသည်။

 ဖြစ်ရပ်မှန်အကြောင်းခြင်းရာမှာ Jag Anand  သင်္ဘောပေါ်ရှိ သင်္ဘောဝန်ထမ်းများမှာ ၎င်းတို့ သြစတြေးလျနိုင်ငံမှ ကျောက်မီးသွေးကို တင်ခဲ့သည့်အခါ သင်္ဘောပေါ်၌ ၁၅ လ ရှိနေပြီးဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အများဆုံးကာလမှာ ပင်လယ်ပြင်၌ ၁၁ လ ဖြစ်ပါသည်။ သြစတြေးလျနိုင်ငံ အာဏာပိုင်များအနေဖြင့် ဤသင်္ဘောသားများအား အိမ်ပြန်ပို့ခြင်းနှင့် သင်္ဘောပေါ်၌ သင်္ဘောဝန်ထမ်း အသစ်လဲလှယ်ပေးခြင်း မလုပ်ဘဲ သင်္ဘောများအား ထွက်ခွာခွင့်ပေးခဲ့ခြင်းကို မလုပ်သင့်ပါ။ ဟု Barcellona က ပြောကြားခဲ့သည်။

 အလံတင် နိုင်ငံများဖြစ်စေ၊ ဆပ်ကမ်းနိုင်ငံများဖြစ်စေ၊ သို့မဟုတ် သင်္ဘောသားများ၏ မိခင်နိုင်ငံများဖြစ်စေ အားလုံးသော အစိုးရများသည် ဤမောပန်းပြီး ပင်ပန်းနွမ်းနယ်နေသည့် လုပ်သားအင်အားစု၏ လိုအပ်သော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများကို ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူစေရန် မိမိတို့၏ နိုင်ငံရေးလှည့်ကွက်ကို ဖယ်ရှားပေးရန် လိုအပ်ပါသည်။ အစိုးရ၏ ပိတ်ပင်ကန့်သတ်ချက်များနှင့် အစိုးရ အေဂျင်စီရုံး အမျိုးမျိုးအကြား ပူးပေါင်းဆောင်ရွက်ရေး အားနည်းမှုသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရန်အတွက် အဟန့်အတားဖြစ်နေလျက်ရှိသည်။

 ဝန်ကြီးများအတွက် နယ်မြေ-ဆိုင်ရာ နိုင်ငံရေး အငြင်းပွားမှုကို အငြင်းမပွားသင့်ပါ၊ မိမိတို့၏ ကမ်းပေါ်၌ အဓိကကျသည့် လူသားချင်းစာနာထောက်ထားရမည့် အကျပ်အတည်းတစ်ရပ် ပေါ်ပေါက်နေကြောင်း သိရှိရန်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးရှိ မည်သည့်နေရာတွင်မဆို အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်နေသည့် သင်္ဘောဝန်ထမ်း ရှိနေခြင်းနှင့် လူအပေါ်နှင့် ပတ်ဝန်းကျင်အပေါ် ဘေးအန္တရာယ်အတွက် လမ်းဖွင့်ပေးခြင်းကို လက်မခံနိုင်ပါ၊ ဟု  Barcellona က နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

အောက်တိုဘာလ၌ ITF နှင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (ITF and the International Chamber of Shipping) တို့သည် ကမ္ဘာ့ ကုန်တင်သင်္ဘောများပေါ်တွင်  မူလအလုပ်ကန်ထရိုက်ကို ကျော်လွန်ပြီး ချောင်ပိတ်မိခံရ၍ အလုပ်လုပ်ကိုင်လျက်ရှိသည့် သင်္ဘောသားများမှာ အဆိုပါ အချိန်၌ အယောက်ရေ 400,000 ကျော်ရှိသည်ဟု ခန့်မှန်းခဲ့ပါသည်။ အဆိုပါ အရေတွက်မှာ ဖြည်းဖြည်းချင်း နောက်ဆုံး၌ လျှော့နည်းလာနိုင်မည်ဟု ခန်းမှန်းကြပါသည်၊ ပိုမိုများပြားလာသည့် အလုပ်ရှင်များက အဖိုးကြီးမားသော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လုပ်လာသဖြင့်ဖြစ်ပါသည်။ 

 

တည်းဖြတ်သူများသို့ အမှာစာ-

Jag Anand သင်္ဘောပေါ် သင်္ဘောသား ၂၃ ယောက်ရှိသည်။ သင်္ဘောသား ၁၅ ယောက်မှာ သင်္ဘောပေါ်၌ ၁၆ လ ဆက်တိုက် ထမ်းဆောင်ခဲ့ပြီးနေစဉ် ကျန်သော ၈ ဉီးမှာ သင်္ဘောပေါ်၌ ၁၃ လ ထမ်းဆောင်ပြီးဖြစ်ပါသည်။  တစ်ဉီးမှာ သင်္ဘောပေါ် လ ၂၀ နီးပါး ထမ်းဆောင်ခဲ့ပြီးဖြစ်ပါသည်။

Abdulgani Y. Serang သည်

  • အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သင်္ဘောသားများ သမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဏရေးမှူး
  • ITF သင်္ဘောသားများ ဌာန- အာရှ ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဌ
  • ITF အာရှ ပစိဖိတ် ဒေသ ဒုတိယ ဥက္ကဌ ဖြစ်ပါသည်။

 

မီဒီယာ အဆက်အသွယ်-  media@itf.org.uk 

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်