Skip to main content

ကမ္ဘာ့ ပင်လယ်ရေကြောင်း နေ့တွင် အဖြစ်ဆိုးမှာ ခြောက်လ-ပြည့်လာသည့်အလျောက် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကြောင့် အဓမ္မ အလုပ်ခိုင်းစေမှု ဆိုက်ကပ်လာခြင်းအန္တရာယ် ကြုံတွေ့နေရ၊

news Press Release 25 Sep 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers Federation (ITF)) သည် လက်ရှိ Covid-19 နယ်စပ်နှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကြောင့် အဓမ္မ အလုပ်ခိုင်းစေမှု ကပ်ဘေးကြီးနှင့် ခေတ်သစ် ကျွန်ပြုမှုကို ဖန်တီးနေခြင်း အန္တရာယ်အတွင်း ကျရောက်သည်ဟု စွပ်စွဲကြေညာရင်း၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ဖြေလျှော့ပေးစေရန် အစိုးရ၏ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်၊ သင်္ဘောသားများမှာ ၎င်းတို့၏ ဆန္ဒကို ဆန့်ကျင်လျက် သင်္ဘောပေါ် အလုပ်လုပ်ကိုင်စေရန် ပိုမိုများပြားစွာ အတင်းအကျပ်လုပ်ခံနေရခြင်းကြောင့်ဖြစ်သည်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ ကမ္ဘာ့ သင်္ဘောသား ၁.၆၅ သန်း သည် ကမ္ဘာ့အစိုးရများ၏ ကျောခိုင်းမှုကို ခံနေရသည်၊ အဆိုပါ အစိုးရတို့သည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို ပိုမို ဆိုးရွားစေရန် လုပ်ခဲ့ကြပြီး ၎င်းသည် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ - ကမ္ဘာ့ ပင်လယ်ရေကြောင်း နေ့ (World Maritime Day) တွင် ခြောက်လ ပြည့်ပြီဖြစ်ပါသည်။

ယခုအခါ သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသည့် သင်္ဘောသားများမှာ ၄၀၀ ၀၀၀ ယောက် ရှိနေပြီဟု ခန့်မှန်းရပါသည်၊ ၎င်းအပြင် အရေအတွက် တူညီသည့် အလုပ်လက်မဲ့များ အိမ်၌ရှိနေကြပြီး သင်္ဘောပေါ်ရှိသူများနှင့် အလုပ်အလွဲအပြောင်း လုပ်မပေးနိုင်ကြပါ။

Cotton က ပြောကြားခဲ့သည်မှာ  ဤအကျပ်အတည်းကြီးမှာ အဆုံးအသတ် မတွေ့ရှိရဘဲ ကံမကောင်း အကြောင်းမလှသည့် ခြောက်-လ တင်းတင်း ပြည့်ခဲ့ပြီဖြစ်၍ အလွန့်အလွန် ရှက်စရာ ကောင်းပါသည်။ သင်္ဘောသားများအား သင်္ဘောများသို့ အတက်အဆင်းလုပ်ရန်အတွက် သွားလာရန် အဓိက အလုပ်သမားများအဖြစ် လက်တွေ့ကျကျ ခြွင်းချက်များ မပေးခြင်းအားဖြင့် အစိုးရများသည် သင်္ဘောသားများအား သင်္ဘောသား အများအပြား ခေါ်ဝေါသည့် မျောနေသည့် အကျဥ်းထောင်များ ဆီသို့ ကျွန်များအဖြစ် ကျွန်ခံရန် စေလွတ်နေကြပါသည်။

အကယ်၍ သင်္ဘောသားများကို သင်္ဘောသား အသစ်များဖြင့် အလုပ်အလွဲအပြောင်း အစားထိုး လုပ်မပေးနိုင်လျှင် ကုန်စည်ဖြန့်ချီရေးအပေါ် ကျရောက်မည့်အန္တရာယ်များအား အလွန့်အလွန် စိုးရိမ်ပူပန်နေခဲ့ကြသည့် အဓိကကျသည့် ကော်ပိုရေးရှင်းများနှင့် ITF သည် အတူလုပ်ကိုင်ခဲ့နေလျက်ရှိသည်ဟု Stephen Cotton က ပြောကြားခဲ့သည်။

ဤအပတ်၌ ကျွန်ုပ်တို့သည် အရေးကြီးသည့် ကျွမ်းကျင်သူ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည် အဆိုပါ အစီရင်ခံစာတွင် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းမှာ ကမ္ဘာ့ သင်္ဘောလုပ်ငန်း ကဏ္ဍတွင် အလွန် ကြီးမားသည့် အန္တရာယ်ကို သွတ်သွင်းနေသည်ဟု ဖော်ပြထားပါသည်။ ဤအလွန့်အလွန် ပင်ပန်းနွှမ်းနယ်နေသည့် သင်္ဘောသားများအား သင်္ဘောပေါ်မှဆင်းပေးရန် လုပ်မပေးနိုင်ပါက ပိုမိုများပြားသော မတော်တဆဖြစ်ရပ်များ ဖြစ်လာပါလိမ့်မည် - ကျွန်ုပ်တို့၏ ကမ်းများ၌ ဆီအဖိတ်အဆင်များ ရှိလာလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပင်လယ်ပြင်တွင် သေဆုံးမှုများ ရှိလာပါလိမ့်မည်။"

ကျွန်ုပ်သည် Unilever နှင့် အခြား ကော်ပိုရေးရှင်းတို့အား ၎င်းတို့၏ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၌ သင်္ဘောသားများ၏ ကျန်းမာရေးနှင့် ကောင်းမွန်ရေးကို တာဝန်ယူပေးနေပြီး ဤတိုးမြှင့်ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို အလေးထားရန် အစိုးရများအပေါ် တောင်းဆိုပေးနေခြင်းအတွက် ၎င်းတို့၏ ဦးဆောင်ပေးမှုကို အသိအမှတ်ပြုပါသည်။

ဤအခြေအနေမှာ အဓမ္မ အလုပ်ခိုင်းစေမှု ဖြစ်လုနီးနေသည် သို့မဟုတ် အဓမ္မ အလုပ်ခိုင်းစေမှုမြောက်သည်ဖြစ်ပြီး အားလုံးသော ကုမ္ပဏီများအနေဖြင့် ဤအကျပ်အတည်းကို အဆုံးသတ်ရန်အတွက် အစိုးရ၏ အရေးပေါ် ဝင်ရောက်စွက်ဖက်ရေးကို တောင်းဆိုပေးရန် မိမိတို့၏ ဖိအားကို အသုံးပြုရန် တာဝန်ရှိပါသည်၊ မိမိတို့၏ ကုန်စည် ဖြန့်ချီရေးကွင်းဆက်များသည် သင်္ဘောသားများအပေါ် လူ့အခွင့်အရေးများ၏ ဆိုးရွားသော သက်ရောက်မှုများမှ ကင်းရှင်းရေးကို အာမခံပေးရင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။

ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသား လုပ်သားအင်အားထု အကြားတွင် စိတ်မရှည် ဒေါသထွက်မှုများ မြင့်တက်လာနေပြီး ဖြစ်သည်ဟုဆိုပါသည်။

ယနေ့သည် ကမ္ဘာ့ ပင်လယ်ရေကြောင်း နေ့ (World Maritime Day) ဖြစ်သည် ကျွန်ုပ်တို့ လုပ်ငန်း ကဏ္ဍများ၏ ပံ့ပိုးပေးမှုကို ကျွန်ုပ်တို့ အောင်ပွဲခံကျင်းပသည့်အပြင် ဤရောဂါကပ်ဘေးကြီးအတွင်း ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍများတွင် သင်္ဘောသားများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ ငါးဖမ်းသမားများနှင့် အခြားသူများအနေဖြင့် ပြောင်းလဲချက်တစ်ရပ်ကို တိုးမြှင့်ပြီး လုပ်ဆောင်ပေးကြောင်း အသိအမှတ်ပြုခဲသည့် အများပြည်သူတို့၏ ကျေးဇူးတင်ရှိမှုကို ရိုးသားစွာဖြင့် အမှတ်ရပေးသည့် နေ့တစ်နေ့ဖြစ်ပါသည်၊ ဟု Heindel က ပြောကြားခဲ့သည်။ ၎င်းအစား ကမ္ဘာ့ ပင်လယ်ရေကြောင်း နေ့ ၂၀၂၀ ခုနှစ် (World Maritime Day 2020) သည် ဤ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းဖြင့် အမည်းစွန်းခံခဲ့ရသည်။

အကယ်၍ အစိုးရများအနေဖြင့် ၎င်းတိို့၏ စီးပွားရေးများအပေါ် သင်္ဘောသားများ၏ ပံ့ပိုးပေးမှုကို အောင်ပွဲခံကျင်းပလိုလျှင် ၎င်းအပြင် သူတို့သည် သင်္ဘောလုပ်ငန်း ကဏ္ဍ၏ တည်မြဲနေမှုကို အမှန်တကယ် ပံ့ပိုးလိုလျှင် - သူတို့သည် အလုပ် လုပ်ပေးရန် လိုပါသည်၊ ပင်လယ်ပြင်၌ နေ့တိုင်း ကျွန်ုပ်တို့ အလုပ်လုပ်သကဲ့သို့ပင် လုပ်ပေးရန်လိုပါသည်၊ သူတို့အနေဖြင့် ဤပင်ပန်းနေသော သင်္ဘောသားများကို အိမ်ပို့ပေးရန်၊ သင်္ဘောသား အသစ်များဖြင့် အစားထိုးပေးရန်တို့အပြင် ဤသူရဲကောင်းများမှာ သူတို့ရထိုက်သည့် ဂုဏ်သိက္ခာနှင့် လေးစားမှုကို ဂုဏ်ပြုခံရကြောင်း သေချာစေရန် လုပ်ပေးနိုင်သမျှ အရာတိုင်းကို လုပ်ပေးရန်လိုအပ်ပါသည်။

သင်္ဘောသားများသည် မောပန်းနေကြသည်၊ သူတို့သည် ပင်ပန်းနွှမ်းနယ်နေကြပြီး ပင်လယ်ပြင်၌ အလုပ်လုပ်ရန် သူတို့၏ ရွေးချယ်မှုကို အလျင်အမြန် စိတ်ပျက်လာကြသည် ၎င်းအပြင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်၍ ဖိအားပေး အလုပ်ခိုင်းစေခြင်းမှ ပေါ်ပေါက်သည့် ရှောင်လွဲ၍ မရနိုင်သော မတော်တဆဖြစ်ရပ်များအတွက် သူတိို့အား အလျော်ပေးခိုင်းမည်ကို သူတို့ စိုးရိမ်ပူပန်နေကြသည်။

မူလ အလုပ်ကန်ထရိုက်များ သက်တမ်းကျော်လွန်ပြီး အလုပ်လုပ်နေကြရသည့် သင်္ဘောသားများမှာ ယခုအခါ ၄၀၀ ၀၀၀ ကျော်ကျော် ဖြစ်နေပြီဖြစ်ပါသည်။ တစ်နှစ်ထက် ပိုမိုကျော်လွန်ပြီး သင်္ဘောပေါ် ရောက်ရှိနေကြသည့်သူများမှာ ပို၍ပို၍ များပြားလာကြပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စကို ပုံမှန် အသစ်ဖြစ်လာရန် ငြင်းဆိုပါသည်။ လူသားတိုင်းသည် အလုပ်ကန်ထရိုက်ကို ငြင်းဆိုရန်၊ အလုပ်လုပ်နေခြင်းကို ရပ်ဆိုင်းရန်နှင့် အိမ်ပြန်ရန် အခွင့်အရေးရှိပါသည် ၎င်းအပြင် ကျွန်ုပ်တို့သည် တာဝန်သိတတ်သော ကုမ္ပဏီများ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များနှင့် သင်္ဘောသား သူတို့ကိုယ်တိုင်တို့နှင့်အတူ ဤအခွင့်အရေးများ အာဏာသက်ရောက်စေရန်ကို သိရှိစေရန် လုပ်ကိုင်ပေးလျက်ရှိပါသည်။ ဟု Heindel က နိဂုံးချုပ်ပြောကြားခဲ့သည်။

 

တည်းဖြတ်သူများသို့ အမှာစာ-

  1. ကမ္ဘာတစ်ဝန်းရှိ သင်္ဘောသား အရေအတွက်ကို အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အသင်း ခန့်မှန်းချက် မှ ယူသုံးထားသည်။
  2. ITF ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး ကော်မတီ အစီရင်ခံစာဖြစ်သည့် ကန့်သတ်ချက်ကိုကျော်လွန်ခြင်း- Covid-19 ပြီးစလွယ်လုပ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်းစနစ်တွင် အလွန်များပြားသည့် အန္တရာယ်ကို မည်ကဲ့သို့ ကျရောက်စေပုံ Beyond the Limit: How Covid-19 corner-cutting places too much risk in the international shipping system ကို ဖတ်ရှုပြီး ဒေါင်းလုဒ်ဆွဲပါ။
  3. ကမ္ဘာအနှံ့ သင်္ဘောများပေါ်၌ အလုပ်ကန်ထရိုက်များ ကျော်လွန်ပြီး အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသည့် နောက်ဆုံး ခန့်မှန်းချက် သင်္ဘောသား ၄၀၀ ၀၀၀ ကို သင်္ဘောလုပ်ငန်း အလုပ်ရှင်များ ပူးတွဲ ညှိနှိုင်းရေး အဖွဲ့မှ ၎င်းတို့၏ သင်္ဘောအုပ်စုများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း သင်္ဘောအုပ်စုမှ တွက်ချက်ချက်မှုအပေါ် အခြေခံထားသည့် ခန့်မှန်းချက်ကို ရယူထားသည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်