Skip to main content

အစာငတ်ခံ ဆန္ဒပြ သင်္ဘောသားများ ကူဝိတ်နိုင်ငံ၌ ဆေးရုံတင်ကုသခံရ

news Press Release 26 Jan 2021

အိန္ဒိယ၊ တူရကီ၊ အဇာဘိုင်ဂျန်နှင့် ဘင်္ဂလာဒေ့ရှ် သင်္ဘောသားများသည် ကူဝိတ်နိုင်ငံ၊ ရူရီဘာ ဆိပ်ကမ်း၌ အစာငတ်ခံ ဆန္ဒပြနေသည်မှာ သုံးပတ်ရှိနေပြီဖြစ်သည်။ ထုထည်ကြီးတင် သင်္ဘော MV Ula (IMO number: 8102414) မှ စွန့်ပစ်ခံထားရသည့် သင်္ဘောသားများသည် သင်္ဘောပေါ်မှ ဆင်းရန်နှင့် ၎င်းတို့ ရရန်ရှိသည့် လုပ်ခများ အမေရိကန်ဒေါ်လာ $400,000 ကျော် ပြန်လည်ရရှိရန် အသည်းအသန် ကြိုးပမ်းအားထုတ်ရင်း ဇန်နဝါရီလ 7 ရက်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြနေလျက်ရှိသည်။

သင်္ဘောသားများအနက် ခြောက်ဉီးကို ၎င်းတို့၏ သွေးပေါင်ချိန်နှင့် သကြားဓါတ် အဆင့်များပုံမှန်ပြန်ဖြစ်ရန် ၎င်းတို့ သင်္ဘောသို့ မပြန်မီ ဆေးရုံတင်ကုသခဲ့ပြီးဖြစ်သည်။ အဆိုပါ သင်္ဘောသားများသည် အကယ်၍ ၎င်းတို့ အစားအစာနှင့်ရေကို သောက်သုံးရန်ဆက်လက် ငြင်းဆိုနေလျှင် သေဆုံးမည့် အသက်အန္တရာယ်ရှိနေပါသည်။

 “ဤသင်္ဘောသားများကို ဤအစာငတ်ခံ ဆန္ဒပြနေရာမှ ၎င်းတို့ကိုယ်ကို ၎င်းတို့ အသက်သေဆုံးနေခြင်းမှ ကယ်တင်ပေးရန် ကူဝိတ်နိုင်ငံ အာဏာပိုင်များအနေဖြင့် အရေးပေါ် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ Qatar နိုင်ငံသား သင်္ဘောပိုင်ရှင်နှင့် ပူလော (Palau) အလံတင်နိုင်ငံတို့က ဤသင်္ဘောသားများအပေါ် ကတိဖျက် ကျောခိုင်းစဉ် ကျွန်ုပ်တို့သည် ဤအကျပ်အတည်းကို ဖြေရှင်းပေးရန်အတွက် ဉီးဆောင်မှုကို ပြသရန် ကူဝိတ်နိုင်ငံအား တောင်းဆိုပါသည်၊” ဟု အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အတွက် အိုင်တီဖက်ဖ် အာရတ်ကမ္ဘာနှင့် အီရန် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးမှူး (ITF Arab World and Iran Network Coordinator) ဖြစ်သူ Mohamed Arrachedi က ပြောကြားခဲ့သည်။

“သင်္ဘောသား အများစုသည် သင်္ဘောပေါ်၌  14 လ ရှိနေပြီဖြစ်သည် – အချို့မှာ ယခုအခါ သင်္ဘောပေါ်၌ နှစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။ ဤသင်္ဘောသားများသည် ဒေသခံ သင်္ဘောသားများဖြင့် အစားထိုးပေးရန် ကူဝိတ်နိုင်ငံအား ရိုးရိုးသားသား တောင်းဆိုနေကြပါသည် သို့မှသာ ၎င်းတို့အနေဖြင့် ၎င်းတို့၏မိသားစုများထံသို့ သွားနိုင်မည်ဖြစ်သည်။

လွန်ခဲ့သော 11 လတွင် သင်္ဘောသားများကို Aswan Trading and Contracting ကုမ္ပဏီ၊ MV Ula’s သင်္ဘော၏ Qatar နိုင်ငံသား သင်္ဘောပိုင်ရှင်မှ စွန့်ပစ်ထားခဲ့သည်။ Aswan ကုမ္ပဏီမှာ 2017 ခုနှစ်မှစ၍ နာမည်ပျက်စာရင်း သွင်းခံခဲ့ရသည်။

အလုပ်နှင့်ဝင်ငွေ ဆုံးရှုံးမှုများနှင့်တကွ ၎င်းတို့၏ မသေချာမရေရာ စွန့်ပစ်ခံထားရခြင်းကြောင့် သင်္ဘောသားများသည် ၎င်းတို့၏ ရရန်ရှိသည့် လုပ်ခများနှင့်ပတ်သက်၍ မဖြစ်မနေ ရပ်တည်ရပါတော့သည်။ ၎င်းတို့က ပြောဆိုကြသည်မှာ ၎င်းတို့၏ မိသားစုများအနေဖြင့် လုပ်ခမပါသော လက်ခါလီဖြင့် ၎င်းတို့အား သင်္ဘောမှ မထွက်ခွာလိုကြပါ။

 “ကျွန်ုပ်၏ မိခင်၊ ဖခင်၊ ညီအစ်မနှင့် ညီအစ်ကိုတို့သည် Covid-19 ရောဂါကပ်ကြီးကြောင့် ကျွန်ုပ် ဖခင် အလုပ်ပြုတ်ခဲ့ကတည်းကစ၍ သူတို့အား ထောက်ပံ့ရန် ကျွန်ုပ်အပေါ် မှီခိုကြပါသည်၊” ဟု သင်္ဘောသား တစ်ဉီးက ITF အား ပြောကြားခဲ့သည်။ ထို့ကြောင့် ယခုအခါ အလုပ်ရှိသူမှာ ကျွန်ုပ် တစ်ဉီးတည်းသာဖြစ်သည်" သို့သော်လည်း ကျွန်ုပ် လုပ်ခ မရခဲ့သည်မှာ  11 လ ရှိပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့ ငွေချေးထားခဲ့ရသည် သို့သော်လည်း ကျွန်ုပ်တို့ အကြွေးကို ပြန်မဆပ်နိုင်ပါ။

သင်္ဘောတစ်စီးကို စွန့်ပစ်သည့်အခါ သင်္ဘောသားများ၏ အသက်အန္တရာယ်ကို စောင့်ထိန်းရန်နှင့် ရရန်ရှိသည့် လုပ်ခများကို ရရှိစေရန် အလံတင်နိုင်ငံအနေဖြင့် သာမန်အားဖြင့် ဝင်ရောက်လုပ်ဆောင်ပေးရပါသည်။

 “Palau သည် ဤကိစ္စကိုလုပ်ရန် ပျက်ကွက်ခဲ့သည်၊ဟု Arrachedi က ကန့်ကွက်ပြောဆိုသည်။ ITF အနေဖြင့် ရိက္ခာဖြန့်ဖြူးမှုနှင့် လုပ်ခကြွေးကျန် တင်ရှိမှု အားနည်းချက်ကို အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း မည်သည့် လုပ်ဆောင်ချက်ကိုမျှ အရေးယူ မဆောင်ရွက်ခဲ့ပါ။

Palau သည် 2020 ခုနှစ် စက်တင်ဘာလတွင် သင်္ဘော မှတ်ပုံတင်ကို ပယ်ဖျက်ခဲ့ပြီး သင်္ဘောမှာ အလံတင်နိုင်ငံမဲ့ ဖြစ်နေလျက်ရှိကာ တောင်းဆိုချက်များမှာ ဖြေရှင်းမရ ဖြစ်နေလျက်ရှိသည်။

 “ယခုသော် သင်္ဘောမှာ အလံတင်နိုင်ငံမဲ့ ဖြစ်ကတည်းကစ၍ ဤအခြေအနေကို ဖြေရှင်းရန်မှာ ကူဝိတ်နိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင်များအပေါ်သာ မူတည်နေပါသည်။ ကူဝိတ်နိုင်ငံအနေဖြင့် အချိန်ရှိနေသေးစဉ် ဤသင်္ဘောသားများအား ကယ်တင်ရန် ဥပဒေအရ တာဝန်နှင့် လူ့ကျင့်ဝတ်အရ တာဝန် ရှိပါသည်။ အမြဲလိုလိုအားဖြင့် ITF သည် မိမိတို့ တတ်နိုင်သမျှ တစ်နည်းနည်းဖြင့် ကူညီရန် အဆင်သင့်ရှိနေပါသည်၊ဟု Arrachedi က ပြောကြားခဲ့သည်။

 

ပြီးပြီး

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 147 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်္ဘောသား တစ်သန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

 

မီဒီယာ အဆက်အသွယ်-  media@itf.org.uk        +44 20 7940 9282

 

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်