Skip to main content

US ပင်လယ်ရေကြောင်း သမဂ္ဂများ Covid-19 တွန်းလှန်ရန်တိုက်ပွဲတွင် မရှိမဖြစ် လိုအပ်သော အခန်းအဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြ

news 31 Mar 2020

လွန်ခဲ့သည့်အပတ်က အစိုးရသည် မိမိ၏ စစ်တပ် ဆေးရုံ သင်္ဘော နှစ်စင်းကို အသက်သွင်းခဲ့သည်၊ ၎င်းတို့မှာ USNS Mercy အမည်ရသော သင်္ဘောနှင့် USNS Comfort အမည်ရသော သင်္ဘောဖြစ်ပြီး Los Angeles နှင့် New York မြို့တို့တွင် ဆိုက်ကပ်လာမည်ဖြစ်ပါသည်။  

ကုတင် -1000 ဆန့် စစ်တပ် ဆေးရုံ သင်္ဘော နှစ်စင်းသည် ကာလီဖိုးနီးယားနှင့် နယူးယောက်မြို့ ဆေးရုံ စွမ်းအင် အပိုအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး Covid-19 ရောဂါပျံ့နှံ့မှုကြောင့် လုပ်နိုင်စွမ်းရည်ကို ကိုက်ညီအောင်လိုက်ညှိပေးနေသည့်  ပြည်နယ်နှစ်ခုလုံး၏ ဆေးရုံများအပေါ် အခရာကျသော သက်သာရာရရှိမှု ဖြစ်ပါသည်။

USNS Mercy နှင့် USNS Comfort ကို သင်္ဘောအား စက်မောင်းနှင်ပြီး ရေကြောင်းသွားလာပေးသည့်၊ ကုန်ပစ္စည်းများကို ကုန်တင်ကုန်ချပေးသည့်၊ သင်္ဘောများ လည်ပတ်မောင်းနှင်နေစေရန်အတွက် မောင်းနှင်ရေးကိရိယာပစ္စည်းများ ပြုပြင်ပေးရာ၌ ကူညီပေးပြီး မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများကို လုပ်ပေးသည့် အရပ်သား ဝန်ထမ်း ရေကြောင်းသမားများဖြင့် ဝန်ထမ်းတာဝန် ချထားပေးထားသည်။ ဤပင်လယ်ရေကြောင်းသမားများကို အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် သင်္ဘောသား အဖွဲ့ဝင်များ ((International Transport Workers' Federation (ITF) seafarers' affiliates) သင်္ဘောသားများ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ (Seafarers International Union (SIU))၊ ပင်လယ်ရေကြောင်း အင်ဂျင်နီယာများ အကျိုးပြု အသင်းအဖွဲ့ (Marine Engineers' Beneficial Association (MEBA)) နှင့် မာလိန်မှုး၊ အရာရှိများနှင့် ရေကြောင်းပြများ (Masters, Mates and Pilots (MM&P)) ဖြစ်သော အဖွဲ့အစည်းတို့က ကိုယ်စားပြုထားကြသည်။

"အမေရိကန်ပြည်ထောင်စု ပင်လယ်ရေကြောင်း သမဂ္ဂများတွင် လိုအပ်သည့်အချိန်အခါများ၌ အကူအညီနှင့် ပံ့ပိုးမှု ပေးအပ်သည့် ရှည်လျားသည့် သမိုင်းကြောင်းတစ်ခုရှိပြီး ဤကိစ္စ၌ ခြွင်းချက် မရှိပါ။ ကျွန်ုပ်တို့သည် ဤကပ်ဘေးကြီးကို ကျော်လွှားသွားရန် အစိုးရနှင့် လုပ်ငန်းကဏ္ဍတို့နှင့်အတူ ဆက်လက်လုပ်ကိုင်သွားပါမည်၊" ဟု သင်္ဘောသားများ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ ဘဏ္ဏာရေးဆိုင်ရာ အတွင်းရေးမှူး နှင့် ITF သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်။

ITF ဆိပ်ကမ်းအလုပ်သမားများ အဖွဲ့ဝင်များ (ITF Dockers affiliates)၊ အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချနှင့် သိုလှောင်ရုံ သမဂ္ဂ (International Longshore and Warehouse Union (ILWU)) နှင့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ အလုပ်သမားများ အသင်းအဖွဲ့ (International Longshoremen's Association (ILA)) တို့သည်လည်း အားထုတ်မှုများတွင် ကူညီပံ့ပိုးပေးကြသည်။ သောကြာနေ့တွင် ILWU ဒေသံခံ 13, 63 နှင့် 94 တို့သည် USNS Mercy ကို ကြိုဆိုခဲ့ကြပြီး Los Angeles ဆိပ်ကမ်း၌ ဆိုက်ကပ်စဥ် သင်္ဘောအား ချည်နှောင်ပေးရန် အတူတကွ လုပ်ကိုင်ပေးခဲ့ ကြသည်။ 

"ILWU ကုန်တင်ကုန်ချအလုပ်သမားများ၊ စက်ပြင်စာရေးစာချီများနှင့် ဖိုမင်အလုပ်သမားခေါင်းဆောင်များသည် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်၏ ရှေ့တန်းမျက်နှာပြင်မှ သူရဲခေါင်းများ ဖြစ်ကြပါသည်။ စီးပွားရေးကို စီးဆင်းနေခြင်း၊ ကုန်စည်ကို သယ်ပို့နေခြင်း- ကျွန်ုပ်တို့သည် စီးပွားလုပ်ငန်းအတွက် ဖွင့်လှစ်ထားပါသည်။  Los Angeles ၌ ILWU ဆောင်ရွက်ပေးခဲ့သည့် ပံ့ပိုးမှုသည် Covid-19 ပျံ့နှံ့မှုကို တားဆီးရန် အားထုတ်မှုများတွင် ILWU အဖွဲ့ဝင်များ မည်သို့ ပံ့ပိုးပေးနေသည့် နမူနာ တစ်ခုသာ ဖြစ်ပါသည်၊" ဟု ILWU ဥက္ကဌ နှင့် ITF ဆိပ်ကမ်းအလုပ်သမားများ ဌာနခွဲ (ITF Dockers Section)  ဒု-ဥက္ကဌဖြစ်သူ Willie Adams က ပြောကြားခဲ့သည်။

အဆိုပါ USNS Comfort ကို New York City မြို့၌ တနင်္လာနေ့တွင် ဆိုက်ရောက်ရန် မျှော်လင့်ထားပြီး ILA သည် သင်္ဘောအား ကြိုဆိုမည်ဖြစ်ပြီး ကယ်ဆယ်ရေး အားထုတ်မှုများတွင် ကူညီပေးမည်ဖြစ်ပါသည်။

"ဤရောဂါကပ်ဘေးကြီး အတောအတွင်း ILA အဖွဲ့ဝင်များ၏ ရည်ဆူးထားချက်မှာ အားကျစရာကောင်းလှပါသည်။ ကျွန်ုပ်တို့သည် အခြားသော ကနဦး-တုံ့ပြန်ပေးသူများ (မီးသတ်နှင့် ရဲကဲ့သို့) တို့အားကူညီပေးရန်၊ ကျွန်ုပ်တို့၏ ဆိပ်ကမ်းကို ဆက်လက် ဖွင့်ထားပေးရန်၊ နှင့် အများပြည်သူများအနေဖြင့် သူတို့လိုအပ်သည့် ကုန်စည်များကို ရရှိရန်အတွက် သေချာအောင်လုပ်ပေးရန်တို့အတွက် ပံ့ပိုးပေးရန်ရည်မှန်းချက်ကို အတူမျှဝေ ခံစားကြပါသည်၊" ဟု ILA ဥက္ကဌဖြစ်သူ Harold Daggett က ပြောကြားခဲ့သည်။

ထို့ပြင် USNS Mercy နှင့် USNS Comfort အား ပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စု ပင်လယ်ရေကြောင်း သမဂ္ဂများ ပါဝင်လုပ်ဆောင်ပေးနေသည့် အရေးကြီးသော အခန်းကဏ္ဍကို ထပ်ဆင့်၍ သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများ သမဂ္ဂများသည်လည်း ကုန်စည်ဖြန့်ချီရေး ကွင်းဆက် ချောမွေ့စွာဆက်လက် စီးဆင်းရေး၌ အခရာကျသည့် အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ပေးနေလျက်ရှိပါသည်။ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ မိသားစုများအပေါ် ကူးစက်မှု အန္တရာယ် ရှိသော်ငြားလည်း အလုပ်သမားများသည် မရှိမဖြစ် လိုအပ်သည့် ဆေးဝါး ဖြန့်ချီပစ္စည်းများနှင့် ကုန်ပစ္စည်းများကို ပို့ဆောင်ပေးရန်၊ သင်္ဘောများပေါ်သို့ ကုန်တင်ရန်နှင့် ကုန်ချရန်တို့ကို သေချာအောင်လုပ်ပေးနေလျက်ရှိသည်။  

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်