Skip to main content

တော်လောက်ပြီ၊ နောက်ထပ် သည်းမခံနိုင်ပါ- ကမ္ဘာ့ သင်္ဘောသားများသည် ယခုအခါ Covid-19 ပျက်ကွက်မှုများ ကြားကာလ၌ သင်္ဘောများမှ ထွက်ခွာသွားရန် အခွင့်အရေးကို ကျင့်သုံးမည်

news Press Release 24 Jun 2020

ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများအား အလုပ်ကိုရပ်ဆိုင်းရန်၊ သင်္ဘောများမှ ထွက်ခွာသွားရန်နှင့် အိမ်ပြန်ရန် ၎င်းတို့၏ အခွင့်အရေးကို ကျင့်သုံးရန်အတွက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) နှင့် ၎င်း၏ အဖွဲ့ဝင် သင်္ဘောသားများ၏ သမဂ္ဂများသည် ယခုအခါ ကူညီပေးမည်ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်သွားနိုင်သည့် ချဥ်းကပ်ပုံနည်းလမ်းအသစ်သည် သင်္ဘောသားများအား အဓိက အလုပ်သားများအဖြစ် သတ်မှတ်ပေးရန်၊ Covid-19  ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များမှ ၎င်းတို့အား ကင်းလွတ်ခွင့်ပြုရန်နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းတွင် ချောင်ပိတ်မိခံနေရသည့် သင်္ဘောသား အယောက် 200,000 ခန့် အိမ်ပြန်ပို့ရေးကို ပံ့ပိုးပေးရန်တို့အတွက် အစိုးရများ၏ လုံလောက်မှုမရှိသည့် အရေးယူလုပ်ဆောင်မှု ဖြစ်ပြီးနောက် ပေါ်ထွက်လာပါသည်၊ ဟု ITF သင်္ဘောသားများ၏ ဌာနခွဲ ဥက္ကဌဖြစ်သူ Dave Heindel က ပြောကြားခဲ့သည်။

ကျနော်တို့ သင်္ဘောသားများထံ အလွန် တင်းမာတဲ့ သတင်းကို ပေးပို့နေပါတယ်- သင်တို့ဟာ ဒီ ကမ္ဘာ့ရောဂါကပ်ဘေးကြီး အတောအတွင်း အရေးပါတဲ့ ကုန်စည်ဖြန့်ချီရေးကို ကမ္ဘာတစ်ဝန်း စီးဆင်းနေဖို့ သင်တို့လုပ်ရမဲ့အပိုင်းကိုလုပ်ဖို့ တစ်ကိုယ်ကောင်းမဆန်ဘဲ တိုးလုပ်ပြီး သင်တို့ရဲ့ အလုပ်ကန်ထရိုက်တွေကို သက်တမ်းတိုးပေးခဲ့ပါတယ်၊ 

သင်္ဘောသား အချို့ဟာ သင်္ဘောပေါ်မှာ တစ်နှစ်ကျော်နေခဲ့ပြီးပြီ၊ ဒီကမ္ဘာ့ရောဂါကပ်ဘေးကြီးအတွင်း သင်္ဘောသားအများအပြားဟာ လမ်းလျှောက်ဖို့အတွက်တောင် ကုန်းပေါ်တက်ဖို့အတွက် အစိုးရတွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရတယ်၊ အရေးပေါ် ဆေးဝါးကုသဖို့အတွက် ကြောက်ခမန်းလိလိ တားမြစ်ခံခဲ့ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ ကျနော်တို့မှာ သင်္ဘောသားတွေဟာ ဒီကံဆိုးမိုးမှောင်ကျမှု မပြီးဆုံးတော့ဘူးဟု မျှော်လင့်ပြီး မိမိကိုယ်မိမိ သတ်သေတာတွေ ရှိပါတယ်။ သူတို့တတွေ ဒါကို မျော်နေတဲ့ အကျဥ်းထောင်လို့ခေါ်ပါတယ်။ ဒီအခြေအနေကို ITF မိသားစုအနေနဲ့ သည်းမခံနိုင်ပါဘူး၊ဟု Heindel က ပြောကြားခဲ့သည်။

ITF ဥက္ကဌနှင့် ဆိပ်ကမ်းအလုပ်သမားများ၏ ဌာနခွဲ ဥက္ကဌဖြစ်သူ Paddy Crumlin က ထပ်မံဆော်သြလိုက်သည်မှာ ဒီအဖြေရှာမရတဲ့ လူသားချင်းစာနာရမဲ့ အကျပ်အတည်းကို သမဂ္ဂတွေနှင့် လုပ်ငန်းကဏ္ဏတွေဟာ အစိုးရတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်ပါတယ်- ကုန်သွယ်ရေးအပေါ်၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မည့် မောပန်း၊ ပင်ပန်းနွမ်းနယ်ကာ စိတ်ဓါတ်ကျနေသည့် သင်္ဘောသားများရဲ့ နောက်ဆက်တွဲ အကျိုးဆက်များနှင့်ပတ်သက်ပြီး ကျနော်တို့ သူတို့တတွေကို ဆော်သြခဲ့ပါတယ်။ ကျနော်တို့ ဖြေရှင်းချက်တွေကို တင်ပြဖို့ လုပ်ငန်းကဏ္ဏနှင့်တကွ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ အတူလုပ်ကိုင်ခဲ့ပါတယ်။

“သို့သော်လည်း တော်လောက်ပြီ၊ နောက်ထပ် သည်းမခံနိုင်တော့ပါ။ ကျနော်တို့ သတ်မှတ်ချက်တစ်ခုကို တင်ပြခဲ့ပါတယ်၊ ယနေ့ ကျနော်တို့ အစိုးရတွေအပေါ် ရှင်းရှင်းလင်းလင်းတင်ပြခဲ့တာဟာ ဇွန်လ ၁၆ ရက်နေ့ကစပြီး သင်္ဘောသားတွေဟာ အလုပ်ကိုရပ်ဆိုင်းပြီး အိမ်ပြန်ဖို့ သူတို့ရဲ့ အခွင့်အရေးကို စတင် အသုံးချတော့မှာဖြစ်ပါတယ်။ နောက်ထပ် အလုပ်ကန်ထရိုက်တွေကို သက်တမ်းတိုးပေးမှာ မဟုတ်တော့ပါဘူး။ဟု Crumlin က ပြောကြားခဲ့သည်။ အားလုံးသော အစိုးရများဟာ လုပ်ဖို့လိုအပ်တာကတော့ ကိုရိုနာဗိုင်းရတ်စ် ပိတ်ပင်ကန့်သတ်ချက်တွေကို လက်တွေ့ကျကျ ခြွင်းချက်လုပ်ပေးပြီး ဒီအဓိကအလုပ်သမားတွေကို သူတို့ရဲ့ နယ်မြေတွေကတစ်ဆင့် ဖြတ်သန်းခွင့်ပြုပြီး သူတို့ရဲ့ မိသားစုတွေဆီ ပြန်ဖို့ခွင့်ပြုဖို့ဖြစ်ပါတယ် ဟု  ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Steve Cotton က ပြောကြားခဲ့သည်။ နိုင်ငံ့အစိုးရတွေအနေနဲ့ အနည်းငယ် အသေးအဖွဲ ပြောင်းလဲချက်တွေလုပ်တာဟာ သင်္ဘောသားတွေကို အိမ်ပြန်နိုင်စေလိမ့်မယ်ဖြစ်ပြီး သင်္ဘောသား အသစ်တွေကို လွတ်ပေးစေပါမယ်၊ ဟု သူက ပြောကြားခဲ့သည်။

အကယ်၍ သင်္ဘောသားများအနေဖြင့် သင်္ဘောပေါ်မှ ဆင်းလိုလျှင် ယင်းနောက် ITF ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင် သမဂ္ဂများနှင့် ITF စိစစ်ရေးမှူးချုပ်တို့သည် သင်္ဘောသားများအား အကူအညီပေးရန် လုပ်ပေးနိုင်သမျှ အရာတိုင်းကို လုပ်ပေးပါမည်။ သင်္ဘော ဆိုက်ကပ်ထားတဲ့ နိုင်ငံအသီးသီးရှိ ဆိပ်ကမ်းအာဏာပိုင်တွေအနေနဲ့ ဒီသင်္ဘောသားတွေ လုံခြုံဘေးကင်းစွာ အိမ်ပြန်ရေးကို လုပ်ပေးဖို့ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် အရ မိမိတို့ရဲ့ တာဝန်တွေကို လိုက်နာဖို့ ကျနော်တို့ အပြည့်အဝ မျှော်လင့်ပါတယ်။ အဲဒါဟာ သူတို့တွေရဲ့ ဥပဒေအရ တာဝန်ဖြစ်ပါတယ်။”

အကယ်၍ သင်္ဘောသားတွေကို ဒီသင်္ဘောတွေက ဆင်းပေးခြင်းဟာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်တွေမှာ ဖရိုဖရဲ ပရမ်းပတာဖြစ်စေရင်၊ စင်္ကာပူမှ ဆန်ဖရန်ဆစ္စကို အထိ ဆိပ်ကမ်းတွေမှာ ပြည့်ကျပ်နေရင်၊ ပြီးတော့ အဲဒါဟာ သင်္ဘောအာမခံ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အာမခံတွေကို ရုပ်သိမ်းဖို့ ဖြစ်စေပြီးတော့ ကမ္ဘာ့ကုန်သွယ်ရေး ရပ်ဆိုင်းဖို့ ဖြစ်စေရင် အဲဒါတွေဟာ နိုင်ငံရေးသမားတွေရဲ့ ဦးခေါင်းပေါ်မှာ ကျရောက်ပါတယ်၊ ကမ္ဘာ့ သင်္ဘောသားတွေအပေါ်မှာ မဟုတ်ပါဘူး။

သင်္ဘောသားတွေဟာ ဒီကမ္ဘာ့ရောဂါကပ်ဘေးကြီးအတွင်းမှာ သူတို့ရဲ့ အပိုင်းကို သူတို့ လုပ်ခဲ့ပြီးပါပြီ၊ ပိုပြီးများများ လုပ်ခဲ့ပြီးပါပြီ။ တော်လောက်ပြီ၊ နောက်ထပ် သည်းမခံနိုင်တော့ပါဟု Steve Cotton က ပြောကြားခဲ့သည်။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းနှင့်ပတ်သက်သည့် နောက်ကြောင်း

ITF ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၊ နှင့် ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ ဖက်စပ်သူများသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး၏ ပိုမိုကြီးထွားလာသည့် အကျပ်အတည်းကို အစိုးရများနှင့် ၎င်းတို့၏ အရာရှိများက လျစ်လျူရှုထားခြင်း၏ နောက်ဆက်တွဲ အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းသော သတိပေးချက်များကို ပေးခဲ့ပြီးဖြစ်သည်- 

မတ်လ 19 ရက်- မကြုံစဘူးသည့် ကမ္ဘာ့ရောဂါကပ်ဘေးကြီးကြောင့် သင်္ဘောဝန်ထမ်း အလုပ်ကန်ထရိုက် သက်တမ်းတိုးမှုများကို သင်္ဘောဝန်ထမ်းများ သဘောတူညီမှုဖြင့် ITF သဘောတူညီခဲ့

ဧပြီလ 7 ရက်-  ITF နှင့် အလုပ်ရှင်များသည် G20 ခေါင်းဆောင်များအား သင်္ဘောသားများ၏ မရှိမဖြစ် လိုအပ်သည့် လှုပ်ရှားသွားလာမှုကို ပံ့ပိုးပေးရန် ပြောကြားခဲ့

ဧပြီလ 9 ရက်-  ပင်လယ်ရေကြောင်းဆိုင်ရာ သမဂ္ဂများနှင့် အလုပ်ရှင်များသည် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ပြီး သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန် အစိုးရများအား တောင်းဆို

ဧပြီလ 27 ရက်-  ITF, အလုပ်ရှင်များသည် သင်္ဘောသားများအတွက် ကမ်းတက် ဆေးဝါးကုသမှုကို အစိုးရများက ငြင်းဆိုခြင်းကို ဝေဖန်ရှုပ်ချ

မေလ 6 ရက်နေ့- လုပ်ငန်းကဏ္ဏ-သမဂ္ဂ အဆင့် 12-ချက်ပါ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် ဖြေရှင်းချက်ကို အစိုးရများအတွက်နှင့် အပြည်ပြည်ဆိုင်ရာအားဖြင့် လုပ်ထုံးလုပ်နည်းများကို စတင် ဆောင်ရွက်ပေးသည့်  အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့ချုပ် (International Maritime Organization (IMO)) က ထူထောင်ခဲ့သည်

မေလ 14 ရက်နေ့- အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers Council) အပါအဝင်  ITF နှင့် အလုပ်ရှင်များအား ကိုယ်စားပြုသည့် ပူးတွဲ ညှိနှိုင်းရေး အုပ်စု (Joint Negotiating Group (JNG)) သည်  အစိုးရ၏ အရေးယူလုပ်ဆောင်မှုအတွက်နှင့် နောက်ဆုံး ရက်ပေါင်း 30 အကောင်အထည်ဖော်ရေး သတ်မှတ်ပေးရန် နောက်ဆုံးနေ့ကို ဇွန်လ ၁၅ ရက် အဖြစ်တောင်းဆိုသည့် ပူးတွဲထုတ်ပြန်ချက်ကို  ထုတ်ပြန်သည်

မေလ 22 ရက်နေ့- ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (UN Secretary General) အား ကမ္ဘာ့တစ်ဝန်း သမဂ္ဂများနှင့် သင်္ဘောလုပ်ငန်း ခေါင်းဆောင်များက အစိုးရများအနေဖြင့် အရေးပေါ် အရေးယူလုပ်ဆောင်ပေးရန် ဆော်သြ

မေလ 28 ရက်နေ့- ILO, IMO နှင့် ICAO တို့သည် အစိုးရများအား သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ‘အဓိက အလုပ်သမား’ အဆင့်အတန်းအဖြစ် ဆော်သြ

ဇွန်လ 12 ရက်- သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းအပေါ် အဓိက အလုပ်သမားများ အဆင့်အတန်းအတွက် ITF, အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုကို UN ထောက်ခံ

 

သင်္ဘောသားများအတွက် ပံ့ပိုးရင်းမြစ်များ-

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) နှင့် ၎င်း၏ အဖွဲ့ဝင် သင်္ဘောသားများ၏ သမဂ္ဂများသည် ယခုအခါ ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများအား အလုပ်ကိုရပ်ဆိုင်းရန်၊ သင်္ဘောများမှ ထွက်ခွာသွားရန်နှင့် အိမ်ပြန်ရန် ၎င်းတို့၏ အခွင့်အရေးကို ကျင့်သုံးရန်အတွက် ကူညီပေးမည်ဖြစ်သည်။

သူတို့အတွက် ရရှိနိုင်သည့် ကျွန်ုပ်တို့ လုပ်ပေးထားသော ပံ့ပိုးရင်းမြစ်များနှင့် အကူအညီများမှာ ဤတွင်ရှိပါသည်-

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်