Skip to main content

ထိပ်သီးတွေ့ဆုံပွဲညီလာခံ လုပ်ပြီးနောက် အစိုးရများအနေဖြင့် ခြွင်းချက်များ ခွင့်ပြုရမည်

news Press Release 13 Jul 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့အစိုးရများအား သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများ လုပ်နိုင်စေရန်နှင့် လက်ရှိ အကျပ်အတည်းကို ဖြေရှင်းပေးရန်အတွက် သင်္ဘောသားများကို ဗီဇာ မြန်မြန်ဆန်ဆန် ထုတ်ပေးရန်၊ နယ်စပ်နှင့် အထိအတွေ့မဲ့ အထီးကျန်နေရမည့် စည်းမျဥ်းဆိုင်ရာ ခြွင်းချက်များ ခွင့်ပြုပေးရန်အတွက် တောင်းဆိုလိုက်သည်။

ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton သည် ယူနိုက်တစ်ကင်းဒန်၊ လန်ဒန်မြို့တွင် ကျင်းပသည့်  သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စင်စစ်နီးပါး ထိပ်သီးညီလာခံ (International Maritime Virtual Summit on Crew Changes) ၌ ယနေ့ တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ချုပ်၏ ပင်လယ်ရေကြောင်းလုပ်ငန်း အဖွဲ့ဝင် တစ်သန်းကို ကိုယ်စားပြုခဲ့ပါသည်။

အစိုးရတွေဟာ ယနေ့ အရေးပေါ် လုပ်စရာများကို လုပ်ပေးဖို့ ကတိကဝတ်ပေးထားတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို လက်ခံလိုက်ပါတယ်၊ အဲဒါဟာကတော့ မိမိတို့ရဲ့ အလုပ်ကန်ထရိုက်သက်တမ်း ကျော်လွန်ပြီး သင်္ဘောများပေါ်မှာ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရတဲ့အပြင် အိမ်ပြန်ဖို့ အသည်းအသန် လိုလားနေကြတဲ့ သင်္ဘောသား အယောက် 400,000 ကျော်အတွက် ပင်လယ်ပြင်မှာ ပေါ်လွင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းပေးဖို့အတွက် လုပ်စရာများဖြစ်ပါတယ်၊” ဟု Stephen Cotton က ပြောကြားခဲ့သည်။

မိမိတို့ရဲ့ ကတိကဝတ်နှင့်အတူ ယနေ့ လာရောက်ခဲ့တဲ့ အဆိုပါနိုင်ငံများကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါတယ်၊ လက်ရှိ သဘောတူညီခဲ့တဲ့ အဆိုပါ ဝန်ကြီးများနှင့် အရာရှိများအနေနဲ့ မိမိတို့နိုင်ငံများဆီ ပြန်သွားပြီး အရေးပါတဲ့ ဤကတိကဝတ်တွေကို လိုက်နာဖို့လိုကြောင်း ကျွန်ုပ်တို့အနေနဲ့ ယခု တောင်းဆိုပါတယ်၊ အဲဒီမှာ သင်္ဘောသားတွေကို ဘေးကင်းလုံခြုံတဲ့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်နိုင်ဖို့နှင့် သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်နိုင်ဖို့အတွက် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ပြုဖို့ လက်တွေ့ကျတဲ့ ခြွင်းချက်တွေနှင့် ကင်းလွတ်ချက်တွေ လုပ်ပေးရင်း ကတိကဝတ်တွေကို လိုက်နာပေးဖို့ဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ လုပ်ချင်တာဟာ ယနေ့ အစိုးရအားလုံးကို သတိပေးချင်တာက သင်တို့ဟာ Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးရဲ့ စီးပွားရေး အခက်အခဲတွေကို တုံ့ပြန်ပေးရေးအပေါ် အဓိက အာရုံပြုနေချိန်မှာ ဒီတုံ့ပြန်ချက်တွေဟာ သင်္ဘောသားတွေရဲ့ အတိဒုက္ခနှင့် သူတို့ရဲ့ အခြေခံ လူ့သိက္ခာကို လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။

လပေါင်းများစွာ ဒီ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း ပိုမိုဆိုးရွားပြီးတဲ့နောက်မှာ အစိုးရတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရမဲ့အပိုင်းကို လုပ်ရမှာဖြစ်ပါတယ်။ ဆိုလိုတာတော့ သင်္ဘောတွေ ဆိုက်ကပ်ထားရာ ဆိပ်ကမ်း နိုင်ငံတွေ- သင်္ဘောတွေကို မှတ်ပုံတင်ထားရာ အလံတင် နိုင်ငံတွေ- လေယာဥ်ကွင်းတွေနဲ့တကွ ဖြတ်သန်းသွားရမဲ့ ကြားနိုင်ငံတွေ- သင်္ဘောသားတွေရဲ့ မိခင်နိုင်ငံတွေ- အားလုံးဟာ သင်္ဘောသားတွေအတွက် ဗီဇာကိစ္စ၊ အထိအတွေ့မဲ့ အထီးကျန်နေတဲ့ ကိစ္စနှင့် နယ်စပ်ကိစ္စတွေကို နက်ဖြန် မဟုတ် ၊ နောက်အပတ် မဟုတ် ယခု ခြွင်းချက်တွေ ပေးဖို့လိုပါတယ်။ဟု  Cotton က ပြောကြားခဲ့သည်။

ITF အကြိမ်ကြိမ်အခါခါ သတိပေးခဲ့သည်မှာ အကယ်၍ အစိုးရများအနေဖြင့် သင်္ဘောသားများအတွက် လက်တွေ့ကျသည့် ခြွင်းချက်များခွင့်ပြုရန်နှင့် လေယာဥ် ပိုမိုရရှိနိုင်ရေးကို ပံ့ပိုးပေးရန် ပျက်ကွက်လျှင်၊ ယင်းနောက် သင်္ဘောသားများ၏ ကျန်းမာကောင်းမွန်ရေးအတွက်၊ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေးအတွက်၊ နှင့် အရေးပါသော ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအတွက် ပြင်းထန်သော အန္တရာယ်များ ရှိပါသည်။

မိမိတို့၏ အလုပ်ကန်ထရိုက် သက်တမ်းကျော်လွန်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် မောပန်းကာ ပင်ပန်း နွမ်းနယ်လျက်ရှိသော သင်္ဘောဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ ကောင်းမွန်မှုအပြင် ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၏ လည်ပတ်မှုနှင့် တိုးမြှင့်ဖြစ်ပေါ်ရန် အလားအလာရှိသော ပင်လယ်ရေကြောင်း မတော်တဆဖြစ်ရပ်များနှင့် လေထုညစ်ညမ်းများကို ကြိုတင်ကာကွယ်ရေးတို့၏ အန္တရာယ်ကို အသိအမှတ်ပြုပေးခြင်းအတွက်  ယနေ့ အတူတကွလာရောက်ခဲ့သည့် ထိုခေါင်းဆောင်များကို ကျွန်ုပ်တို့ ချီးကျူးပါသည် - အခြားနိုင်ငံများအနေဖြင့် အရှိန်အဟုန် မြှင့်တင်ပေးရန် လိုအပ်ပါသည်၊  ဟု Cotton က ပြောကြားခဲ့သည်။

အစိုးရများအနေဖြင့်သင်္ဘောများကို မမောမပန်း ဆက်လက်၍ မောင်းနှင်ပေးခဲ့သည့် အပြင် ဤကမ္ဘာ့ ရောဂါကပ်ဘေးကြီး တစ်လျှောက်လုံး ကုန်သွယ်ရေးကို စီးဆင်းနေအောင်လုပ်ပေးသည့် ကမ္ဘာ့ သင်္ဘောသားများကို ကျေးဇူးတင်ခြင်းမှသည် ပြတ်သားသည့် လုပ်ရပ်သို့ ရွှေ့လျားလုပ်ရမည်ဖြစ်ပါသည်။ ယခုသော် ၎င်းမှာ တာဝန်ရှိမှု အကြောင်းဖြစ်ပါသည်၊ စကားလုံးများမှာ ကျွန်ုပ်တို့၏ လူများအား သင်္ဘောများပေါ်မှ ဆင်းပေးရန် လုပ်မည် မဟုတ်ပါ” ဟု Cotton က နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကတိကဝတ် အသစ်နှင့် ပတ်သက်၍ ပိုမိုသော အချက်များအတွက် UK အစိုးရ သတင်း ထုတ်ပြန်ချက နှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း စင်စစ်နီးပါး ထိပ်သီးညီလာခံ၏ ပူးတွဲထုတ်ပြန်ချက် တို့တွင် ကြည့်ပါ။

မီဒီယာ အဆက်အသွယ်- media@itf.org.uk|+44 20 7940 9282

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်