Skip to main content

သင်္ဘောသား အလုပ်ခန့်စာချုပ် သက်တမ်းတိုးမှုများအပေါ် ITF သဘောတူ

news 20 Mar 2020

ပေါက်ကွဲလောက်အောင် ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရတ်စ်သည် ပို၍ ပို၍ များပြားသော နိုင်ငံအနေဖြင့် Covid-19 ပျံ့နှံ့မှုကို လျှော့ကျသွားစေရန် လုပ်ဆောင်ရာ၌ ခရီးသွား ပိတ်ပင်မှုများ သွတ်သွင်းခြင်းနှင့် တားမြစ်ခြင်းဆီသို့ ဦးတည်ခဲ့ပါသည်။  တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်းသည် ကိုရိုနာဗိုင်းရတ်စ်ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတစ်ခုလုံးတို့မှတစ်ဆင့် ကူးလူးသွားလာနေသည့် စီးပွားလုပ်ငန်း ကဏ္ဍအပေါ် လုပ်ငန်းအဆက်ပြတ်မှုများဖြင့် ခံစားနေရသည်။

"သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍသည် ရေကြောင်းဖြင့် ကမ္ဘာ့ ကုန်စည် ပို့ဆောင်ရေး၏ ၉၀ ရာခိုင်နှုန်းအားဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်၌ အခရာကျစွာ အရေးကြီးသည့် အခန်းကဏ္ဍတွင် တည်ရှိပါသည်။ ကုန်သွယ်မှုကို အဆက်ပြတ်ခြင်း အနည်းဆုံးသာဖြစ်စေရန် မရှိမဖြစ် လိုအပ်ပါသည်၊ အစားအစာ၊ ဆေးဝါး ပုံမှန် ဖြန့်ချီရေးကို ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများထံ ဤခက်ခဲသည့်အချိန်အခါ၌ ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုင်းအဝိုင်းများအတွက် သေချာစေရန်ဖြစ်သည် ဟု ITF ပင်လယ်ရေကြောင်း ညှိနှိုင်းရေး အရာရှိ Jacqueline Smith ကပြောကြားခဲ့သည်။

လတ်တလော နေ့ရက်များတွင်၊ ဥရောပ သမဂ္ဂသည် ရောဂါကတ်ဘေးကြီးကို နှေးကွေးသွားစေရန် အားထုတ်မှုတွင် ခရီးသွား ပိတ်ပင်မှုများကို အတည်ပြုရန် ကမ္ဘာတစ်ဝန်းရှိ များပြားလာနေသည့် နိုင်ငံများနှင့် အုပ်ချုပ်ခံနယ်မြေ စာရင်းတွင် ပါဝင်အထည့်ခံခဲ့သည်။  အဆိုပါ ပိတ်ပင်မှု၊ နှင့် ကိုယ်တိုင်- အထီးကျန်နေမှု နှင့်တကွ လူမှုရေးဆိုင်ရာ အလှမ်းကွာနေမှု အပါအဝင်ဖြစ်သော အခြားသော အရေးယူဆောင်ရွက်မှုများကို ဆေးရုံများ၊ ဆရာဝန်များနှင့် ဆေးဖက်ဆိုင်ရာ အတတ်ပညာရှင်များက ဤအရေးပေါ်ကိစ္စကို ဖြေရှင်းရန်အတွက် အချိန်ပိုမိုရရှိစေရန် သွတ်သွင်းခဲ့ပါသည်၊ ဆေးရုံ၏ ကုသနိုင်စွမ်းအင်ကို ကျော်လွန်ကာ ကြီးထွားနေသည့် ကုသမှုလိုအပ်နေသည့်လူ အရေအတွက်ကို လျှော့ချစေရန် ဖြစ်ပါသည်။ 

ခရီးသွား ပိတ်ပင်မှုများကို တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍရှိ အဓိက လုပ်အားဖြန့်ချီပေးနေသည့် နိုင်ငံအချို့ မှာ လုပ်နေရဆဲဖြစ်သည်။  ဖိလစ်ပိုင်နိုင်ငံနှင့် ယူကရိန်းနိုင်ငံများမှာ အဆိုပါနိုင်ငံများထဲမှ နိုင်ငံများဖြစ်သည်၊ ၎င်းနိုင်ငံများသည် မိမိတို့၏ နယ်စပ်များကို ပိတ်ခဲ့ပြီးဖြစ်၍ သင်္ဘောသားများကို အစားထိုးလဲလှယ်ပေးရန်အတွက် ဆောင်ရွက်ရန် လက်တွေ့အားဖြင့် မဖြစ်နိုင်ပါ။  ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention (MLC)) က သတ်မှတ်ထားသည့် အများဆုံး ဝန်ဆောင်မှု ကာလမှ ကင်းလွှတ်ရမည့်ခြွင်းချက်များကို အလံအငှါးတင်နိုင်ငံများက ထုတ်ပြန်နေကြောင်းကိုလည်း ITF အနေဖြင့် လေ့လာသိရှိခဲ့ရသည်။

"Covid-19 ကပ်ဘေးကို တွန်းလှန်ရာ၌ ITF သည် ပင်လယ်ရေကြောင်း သင်္ဘောသားများ အလုပ်အကိုင်ဆိုင်ရာ စာချုပ်များ သက်တမ်းတိုးမြှင့်မှုကို သဘောတူညီခဲ့သည်၊ သင်္ဘောသား အစားထိုးလဲလှယ်ရေး ပြဿနာကို လျှော့ချပေးရန်အလို့ငှါ တစ်လ ထပ်တိုးပေးရန်အတွက် ဖြစ်ပါသည်။" ဟု Smith က ပြောကြားခဲ့သည်။

ITF က ဆုံးဖြတ်ခဲ့သည်မှာ ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့အထိ ကာလအတောအတွင်း အဖွဲ့ချုပ်အနေဖြင့် သက်ဆိုင်ရာ ITF အတည်ပြုထားသည့် အလုပ်အကိုင် လုပ်ခ စာချုပ် သို့မဟုတ် MLC အရ ခွင့်ပြုထားသည့် အများဆုံး ဝန်ဆောင်မှုကာလထက် ကျော်လွန်သော သင်္ဘောသားများ၏ ဝန်ဆောင်မှုကာလများကို တိုး၍သက်တမ်း တိုးမြှင့်သည့်တိုင်အောင်ပင် အလုပ်ခန့်စာချုပ်များ၏ တစ်လအထိ သက်တမ်းတိုးမှုကို စေဒကတက်မည် မဟုတ်ပါ။  

"သက်တမ်းတိုးမြှင့်မှုကို အဆိုပါ သက်တမ်းတိုးမြှင့်မှုအား သက်ဆိုင်ရာ သင်္ဘောသားများက သဘောတူညီသည့်အခါမှသာ လုပ်ရမည်ဖြစ်ပါသည်။" ဟု Smith က ပြောကြားခဲ့သည်။  "ဤကိစ္စမှာလည်း ပြောစရာ မလိုလောက်အောင်ပင် သင်္ဘောသား တစ်ဦးချင်း၏ လိုအင်ဆန္ဒများကို ထည့်သွင်းစဥ်းစားသင့်ပြီး ခရီးသွား ပိတ်ပင်မှုများကို သက်ဆိုင်မှုမရှိစေဘဲ သူတို့၏ အလုပ်ခန့်စာချုပ် အဆုံးသတ်သည့်အချိန်၌ သင်္ဘောသားတွင် အိမ်ပြန်ပို့ခံရရန် ခိုင်မာသည့်အကြောင်းရင်း ရှိခဲ့ပါမူ သူတို့ကိစ္စအား ITF နှင့် ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ ဖက်စပ်လုပ်ကိုင်သူများက ထပ်ဆင့် အကဲဖြတ်စိစစ်ပေးမည် ဖြစ်ပါသည်။" ဟု သူမက ပြောကြားခဲ့သည်။

ယနေ့ ITF ကလည်း ထပ်ဆင့်ပြောကြားခဲ့သည်မှာ အားလုံးသော ကဏ္ဍအသီးသီးရှိ သင်္ဘောလုပ်ငန်း လုပ်ငန်းကဏ္ဍအနေဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် ဖြန့်ချီကုန်ပစ္စည်းများ အခရာကျသည့် ဖြန့်ချီရေးလမ်းကြောင်းကို ဆက်လက်စီးဆင်းနေရန်အတွက် အတူတကွ ဆက်လက်ပူးပေါင်းလုပ်ကိုင်သွားရန် ဆော်သြလိုက်ပါသည်။
 

သီးခြား အကြံဉာဏ်အတွက် သင်္ဘောသားများသည် contact an ITF Inspector ကို ကြည့်သင့်သည် သို့မဟုတ် အီးမေးလ် seafsupport@itf.org.uk မှတစ်ဆင့် ကျွန်ုပ်တို့၏ အလုပ်စောက်ချလုပ်ကိုင်ပေးသည့် သင်္ဘောသား ပံ့ပိုးရေး အဖွဲ့ကို ဆက်သွယ်သင့်သည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်