Skip to main content

သင်္ဘော တက်မ မပါရှိသည့် သင်္ဘော- သင်္ဘောဝန်ထမ်း ၁၅ ဦး မနီလာ ပင်လယ်ကွေ့၌ ဓါတ်ငွေ့တင်သင်္ဘောပေါ် စွန့်ပစ်ထားခံရ

news 14 May 2020

သင်္ဘောတက်မ၊ အစားအစာ၊ ရေ၊ လျှပ်စစ်၊ မီးများ၊ wi-fi ၊ ရေခဲသေတ္တာ၊ GPS ၊ လုံခြုံရေး သို့မဟုတ် ဘေးကင်းရေးဆိုင်ရာ မီးများ မရှိဘဲ သင်္ဘောသား ၁၅ ဦးသည် ဖိလစ်ပိုင်နိုင်ငံ မနီလာ ပင်လယ်ကွေ့၌ ကျောက်ချ၍ ထိုင်နေရသည်- စပိန်နိုင်ငံ အလံတင် MV Celanova (IMO 9268394) သင်္ဘောပေါ်၌ စွန့်ပစ်ထားခြင်းဖြစ်သည်။

ရေမိုင် ၁၃ မိုင် ပြင်ပရှိ ပင်လယ်ပြင်တွင် မိမိတို့၏ မိုဘိုင်းဖုန်းများတွင် ဓါတ်ခဲအား ကုန်ခါနီးဖြင့် ချောင်ပိတ်မိခံနေရသော သင်္ဘောသားများသည် သင်္ဘောမှာ လောင်စာ၊ နှင့် ဒီဇယ်ဆီနှင့်တကွ သင်္ဘောသားများ အသက်ရှင်ရန် လိုအပ်သည့် အစားအစာ၊ ရေသန့် နှင့် ဆေးဝါးများ အန္တရာယ်ရှိစွာ လျှော့နည်းနေစဥ် အရေးပေါ် အကူအညီအတွက် ဖုန်းခေါ်နေလျက်ရှိသည်။

ကျွန်ုပ်တို့သည် အင်အားတောင့်တင်းသောလူများဖြစ်ကြသည်၊ သို့သော် ကျွန်ုပ်တို့ မောပန်းနေပြီ၊ ယခု ရာသီဥတု ဆိုးဝါးပြီး အကယ်၍ သင်္ဘောမှာ ကျောက်ကို ဆွဲသွားလျှင် တစ်ခုခု လုပ်ရန် နည်းလမ်း ဘာမျှ မရှိပါ။” Pedro သည် တနင်္ဂနွေနေ့၊ မေလ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သို့ အမှာစာပို့ခဲ့သည်။ တနင်္လာနေ့တွင် ဤကိစ္စ ပြီးပြတ်သွားနိုင်ပြီး ရှေ့အပတ်တွင် ဆိပ်ကမ်း၌ ကျောက်ချရပ်နားနိုင်မည်ဟု ကျွန်ုပ် မျှော်လင့်သည်။ လက်ရှိ အခြေအနေအရ ကျွန်ုပ်တို့၏ အခြေအနေမှာ အလွန် အန္တရာယ် ကြီးမားသည်။ တနင်္လာနေ့အထိတိုင်အောင် ကျွန်ုပ်တို့ အသက်ရှင် နေရပါမည်။

စောစောပိုင်း အီးမေးလ် တစ်စောင်၌ သင်္ဘောဝန်ထမ်းတစ်ဦးသည် သူတို့ သင်္ဘောပေါ် လတ်ဆတ်သော အစားအစာ မည်သည့်အချိန်၌ ရနိုင်ကြောင်း ITF အား မေးမြန်းသည်ကို ရေးသားခဲ့သည်။ ကျွန်ုပ်တို့ စားနေရသည့် အရာကို ကျွန်ုပ်တို့ စားရလိမ့်မည်ဟု လွန်ခဲ့သည့်သုံးလက ကျွန်ုပ်တို့ မည်သို့မျှ စဥ်းစားခဲ့ရလိမ့်မည် မဟုတ်ပါ။ဟု သူမက အမှာစာ ပို့ခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကတည်းကစပြီး ဤကိစ္စကို ကျွန်ုပ်အား အကြောင်းကြားခဲ့စဥ် WhatsApp အမှာစာ ထောင်နှင့်ချီ၍ ရှိခဲ့ပါသည်၊ဟု စပိန်နိုင်ငံ ITF ညှိနှိုင်းရေး အရာရှိဖြစ်သူ Luz Baz က ပြောကြားခဲ့သည်။ ကျွန်ုပ် နေ့တိုင်းလိုလို သူတို့နှင့် ဆက်သွယ်နေပါသည်။ သို့သော်လည်း ယခုတော့ သင်္ဘောသည် လုံးဝ အမှောင်ကျသွားပြီဖြစ်သည်။

သင်္ဘောဝန်ထမ်းများသည် လေအေးစက် ဖွင့်မရသည့်အတွက် ကုန်းပတ်ပေါ်၌ အိပ်စက်နေခဲ့ရသော်လည်း တနင်္ဂနွေနေ့ည လေမုန်တိုင်းကြောင့် သင်္ဘောသားများကို ကုန်းပတ်အောက်ရှိ အမှောင်ထဲတွင် ခိုလှုံနေစေရန် အတင်းအကျပ်ပြုခဲ့ပါသည်။

စုစုပေါင်း တန်ချိန် 7600 ရှိ MV Celanova သင်္ဘောမှာ စပိန်နိုင်ငံ အလံတင် LPG ဓါတ်ငွေ့တင်သင်္ဘောဖြစ်ပြီး စပိန်နိုင်ငံ မက်ထရစ်မြို့ရှိ GLOBALGAS SA က ပိုင်ဆိုင်သည်။ ကုမ္ပဏီသည် သင်္ဘောသားများအား လပေါင်း များစွာ လုပ်ခ မပေးဘဲ ထားပစ်ခဲ့သည်၊ သင်္ဘောသားများမှာ အရေးပါသည့် စားနပ်ရိက္ခာများ ပို့ချပေးမှုအတွက် တောင်းခံလျက်ရှိသည်။

ကြောက်မက်ဖွယ်ကောင်းစွာဖြင့် LPG တင်သင်္ဘောကို ၎င်း၏ အန္တရာယ်ကြီးသည့် Butadiene ဓါတ်ငွေ့ကို သင်္ဘော နောက်တစ်စီးပေါ်သို့ မတ်လ ၇ ရက်နေ့တွင် ပြောင်း၍ကုန်ချပေးလိုက်ရန် အတင်းအကျပ်ပြုခဲ့သည်၊ ဤ ဓါတ်ငွေ့များကို အေးနေအောင် ဆက်လက်လုပ်ထားရန် လိုအပ်သည့် ဘန်ကာအခန်းလောင်စာ သင်္ဘောတွင် ကုန်ခန်းလုနီးပါး ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဓါတ်ငွေ့တင်သင်္ဘောသည် ပျက်သွားကာ ၎င်း၏ သင်္ဘောတက်မ ဖိလစ်ပိုင် လမ်းလွန်တွင် ပျောက်သွားခဲ့သည်။  ဆယ်ရက်ကြာပြီးနောက် ၎င်းကို မနီလာ ပင်လယ်ကွေ့တွင် ကျောက်ချရန် ဆွဲခေါ်လာခဲ့ရသည်။

ဖိလစ်ပိုင် ဆိပ်ကမ်း အခြေအနေ ထိန်းချုပ်ရေး (Philippines Port State Control) သည် အဆိုပါ သင်္ဘောကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အာဏာပိုင်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် (International Labour Organization (ILO) Maritime Labor Convention (MLC)) ဖောက်ဖျက်ကာ မပေးခဲ့သည့် လုပ်ခများကြောင့် ITF မှ အကြောင်းကြားပြီးနောက် ဖမ်းဆီးခဲ့ပါသည်။

ITF သည် ဖိလစ်ပိုင် အာဏာပိုင်များထံ အလံတင် နိုင်ငံနှင့် American Club ဟုအမည်တွင်သော သင်္ဘော အာမခံ ကုမ္ပဏီများမှ အကူအညီ ပံ့ပိုးပေးရန်အတွက် သင်္ဘောအား ဆိပ်ကမ်းသို့ ဝင်ခွင့်ပြုရန် အရေးပေါ် တောင်းဆိုနေလျက်ရှိသည်။

ဒေသခံ အာဏာပိုင်များက သဘောတူညီခဲ့သော်လည်း ဆွဲသင်္ဘောကို ဓါတ်ငွေ့တင်သင်္ဘောနှဘေး ယှဥ်လျက်တွဲထားပြီး ဆိပ်ကမ်းတွင် ကြိုးချည်ထားစဥ်တစ်လျှောက်လုံး အသင့်အနေအထားရှိနေစေရန်ဖြစ်သည့် စည်းကမ်းချက်ဖြင့်သာ သဘောတူပါသည်။

ကျွန်ုပ် ITF စိစစ်ရေးမှူးအဖြစ် ၁၄ နှစ်ကျော် အလုပ်လုပ်ခဲ့ပါသည်၊ လက်ရှိအချိန်အထိ ကျွန်ုပ် စွန့်ပစ်ခံရသည့် သင်္ဘော အများအပြားကို ကိုင်တွယ်ဖြေရှင်းခဲ့ပါသည်၊ ဆွဲသင်္ဘောငှါးရမ်းခအတွက် သင်္ဘောသားများထံ တစ်စုံတစ်ယောက်က တောင်းခံသည်မှာ ဤကိစ္စ ပထမဦးဆုံး အကြိမ် ဖြစ်ပါသည်။ဟု Baz က ပြောကြားခဲ့သည်။

သင်္ဘောမှာ ဆိပ်ကမ်း၌ ရှိနေရန် လိုပါသည်။ သင်္ဘောဝန်ထမ်းများသည် အင်ဂျင်စက်ကို နိုး၍မရပါ။ တစ်စုံတစ်ခု လုပ်ရန် လိုပါသည်။ သင်္ဘောဝန်ထမ်းများမှာ ထင်ရာစိုင်းနေပြီဖြစ်သည်။ သူတို့ လောင်စာ၊ ရေသန့်၊ စားနပ်ရိက္ခာများ၊ ဆေးဝါး၊ ဘေးကင်းလုံခြုံရေး အပိုပစ္စည်းများ လိုအပ်ပါသည်ဟု သူမက ပြောခဲ့သည်။

စပိန် နှင့် ကရီးဘီးယန်း သင်္ဘောဝန်ထမ်း အချို့မှာ သြဂုတ်လ ကတည်းကစ၍ သင်္ဘောပေါ်ရောက်ရှိနေပြီး အခြားသူများမှာ နိုဝင်ဘာလ ကတည်းကစ၍ ရောက်ရှိနေကြသည်။

သင်္ဘောသားများ၏ ဒုက္ခကို နောက်ထပ် ပိုမိုဆိုးရွားစေသည်မှာ စပိန် အပေါင်ခံ ဘဏ်ဖြစ်သည့် ABANCA သည် သတင်းပို့ထားချက်အရ ပိုင်ရှင်၏ ကြွေးမြီများကို ငွေကြေး ထောက်ပံ့ရန်အတွက် သင်္ဘောအား ရောင်းချရန် ကြိုးစားနေသည်ဖြစ်ပါသည်။

မနီလာမြို့ရှိ ပင်လယ်ရေကြောင်း အာဏာပိုင်များထံ သတိပေးစာရေးသားခဲ့သည်မှာ သင်္ဘောနှင့် ၎င်း၏ သင်္ဘောသားများမှာ သင်္ဘောကို ရွှေ့ရန် စွမ်းဆောင်ရည် မရှိသောကြောင့် ကျောက်မျှောသွားမည့်အလားအလာ၊ သင်္ဘောပေါ် မီးလောင်မှု သို့မဟုတ် မတော်တဆဖြစ်မှုတို့အတွက် အလွန်ကြီးမားသော အန္တရာယ်ရှိခဲ့သည် ဖြစ်ပါသည်။

အခြေအနေမှာ သင်္ဘောဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးကို အကြီးအကျယ် အထိအခိုက်ခံနေရသည်။ သူတို့သည် အလွန်ကြီးမားသော စိတ်သောကကို လပေါင်းများစွာ ခံစားခဲ့ပြီးနောက် မောပန်းနေကြသည်။ဟု သူမက ရေးသားခဲ့သည်။

စွန့်ပစ်ခံရနေစဥ်အတွင်း သင်္ဘောဝန်ထမ်းများအား အိမ်ပြန်ပို့ရေးကို ပံ့ပိုးပေးရန် အစိုးရများအား သတ်မှတ်ပေးထားသည့် MLC စာချုပ်ဝင် နိုင်ငံအဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ စာချုပ်ဝင်နိုင်ငံဖြစ်သော်ငြားလည်း မည်သည့်အရေးယူလုပ်ဆောင်မှုကိုမျှ မလုပ်ခဲ့ပါ။

သူတို့၏ ဒုက္ခမှာ COVID-19 ရောဂါကပ်ဘေးကြီးကြောင့် နောက်ထပ် ရှုပ်ထွေးလာပါသည်။

 ILO စွန့်ပစ်မှု အစီရင်ခံစာ ကဆိုသည်မှာ သင်္ဘောပိုင်ရှင်နှင့် အဆက်အသွယ်လုပ်ထားပြီး အစားအစာနှင့် လောင်စာ ပို့ပေးရန် ညွှန်ကြားချက် ချပေးပြီးဖြစ်သည်။ 

အလံအငှါး နိုင်ငံ စစ်ဆေးရေးအရာရှိသည် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ အခြေအနေ အမှန်ကို စစ်ဆေးရန်အတွက် သင်္ဘောပေါ်သို့ ရောက်ရှိခဲ့သည်ဟု ILO က အစီရင်ခံထားသည်။ စပိန် ပင်လယ်ရေကြောင်း စီမံခန့်ခွဲရေးသည် သင်္ဘောဝန်ထမ်းများ အိမ်ပြန်ပို့ပေးရေးကို အာရုံစိုက်လျက် ITF အပါအဝင် အားလုံးသော ပါဝင်ပတ်သက်သူများနှင့်အတူ လုပ်ကိုင်နေလျက်ရှိပါသည်။ 

ILO အစီရင်ခံချက် အရ၊ စပိန်အစိုးရသည်လည်း ဖိလစ်ပိုင် အစိုးရအား သင်္ဘောကို ဘေးကင်းလုံခြုံသော ဆိပ်ကမ်းတွင် ရပ်နားပေးရန် မေတ္တာရပ်ခံရင်း ဆက်သွယ်ခဲ့ပါသည်။

သင်္ဘော မာလိန်းမှူးဖြစ်သူ Rolando Garcia Alarcon က သင်္ဘောတွင် ကြီးမားသော နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုများ ရှိသည်ဟု ILO အား သတိပေးခဲ့သည်။ သူသည် လူသားချင်းစာနာသည့်အပေါ် အခြေခံသည့်အပြင် သင်္ဘောတွင် သင်္ဘောတက်မ၊ လောင်စာ နှင့် မီးများ မရှိခြင်းကို အကြောင်းပြု၍ ဘေးကင်းလုံခြုံရေး အကြောင်းရင်းများကြောင့် သင်္ဘောအား ဆိပ်ကမ်းတွင် ရပ်နားခွင့်ကို တောင်းဆိုခဲ့ပါသည်။ မာလိန်းမှုးက သင်္ဘော၏ ကျောက်ကြိုးများနှင့် ကျောက်များမှာလည်း ပျက်စီးခဲ့သည်ဟု သတင်းပို့ခဲ့သည်။ ကုန်းပတ်ပေါ်ရှိ အမှိုက်ပုံးသည်လည်း ကျန်းမာရေး အန္တရာယ် ခြိမ်းခြောက်လျက်ရှိပြီး အထူးသဖြင့် မီးလောင်မည့်ကိစ္စ၌ သင်္ဘောသားများနှင့် သင်္ဘောအပေါ်လည်း အန္တရာယ်ရှိပါသည် ဟု သူက ပြောခဲ့သည်။

ITF သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization) ထံ ဝင်ရောက်စွက်ဖက်ပေးရန် စာရေးသားခဲ့သည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်