Skip to main content

ရေကြောင်း တက္ကသိုလ်များ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့ (International Association of Maritime Universities) တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းအတတ်ပညာရှင်များအတွက် ITF ပြောဆို

news

2019 ခုနှစ် အောက်တိုဘာလ 30 ရက်နေ့မှ နိုဝင်ဘာလ 2 ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပခဲ့သည့် ရေကြောင်းတက္ကသိုလ်များ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့ International Association of Maritime Universities (IAMU)  အကြိမ် 20 ပြည့် အထွေထွေညီလာခံတွင် တစ်ကမ္ဘာလုံးဆိုင်ရာ အတတ်ပညာရှင်များ၏ အမြင်များကို ITF က တင်ပြခဲ့သည်။

အခမ်းအနားကို ရေကြောင်းတက္ကသိုလ်များမှ အထူးပညာရှင်များနှင့် နိုင်ငံပေါင်း 27 နိုင်ငံမှ လုပ်ငန်းကဏ္ဍဆိုင်ရာ အထူးကျွမ်းကျင်သူများ အယောက် 180 တက်ရောက်ခဲ့ပါသည်။

IAMU အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခ Takeshi Nakazawa သည် အမြင်ကို တင်ပြခဲ့သည်မှာ မောင်းနှင်သူမဲ့ ရေလွှာပေါ် အလိုအလျောက်မောင်းနှင်သည့်ရေကြောင်း သင်္ဘောများ (autonomous surface ships (MASS)) နှင့် အလိုအလျောက်လုပ် စက်ကိရိယာ တပ်ဆင်ရေး ဖွံ့ဖြိုးလာမှုသည် လူသားစွမ်းဆောင်ရည်ထက် မြန်ဆန်ကျော်လွန်၍ တစ်ပန်းသာလျက်ရှိသည်။ ဤစိန်ခေါ်မှုနှင့် လိုက်လျော်ညီထွေ ကိုက်ညီစေရန်အလို့ငှါ ရေကြောင်း ပညာပေးရေးနှင့် လေ့ကျင့်ရေး (maritime education and training (MET)) ကို ပြောင်းလဲရမည်ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။

ထပ်ဆင့်၍ ပါမောက္ခ Nakazawa ကပြောကြားခဲ့သည်မှာ ဒီဂျစ်တဲလ် နည်းပညာ၊ စက်ရုပ်များ၊ လူ့ဉာဏ်ရည်အတုနှင့် မောင်းနှင်သူမဲ့ ရေလွှာပေါ် အလိုအလျောက်မောင်းနှင်သည့် ရေကြောင်း သင်္ဘောများ (MASS) ကဲ့သို့သော အဆင့်လွန် နည်းပညာများ သွတ်သွင်းမှုကြောင့် ရေကြောင်း အလုပ်သမား ဈေးကွက်အား မည်သို့ သက်ရောက်မှုရှိမည်ကို အနီးကပ် အာရုံစိုက်ရန် လိုအပ်ပါသည်။ 

ITF ရေကြောင်း လုံခြုံရေး ကော်မတီ IMO အထူးကျွမ်းကျင်သူ ပါမောက္ခ Sergey Aysinov သည် မောင်းနှင်သူမဲ့ ရေလွှာပေါ် အလိုအလျောက်မောင်းနှင်သည့် ရေကြောင်း သင်္ဘောများ (MASS) အသုံးပြုလာသည့်အခါ သင်္ဘောသားများအတွက် အနာဂတ် ရှိပါသလား ဟူသော အဖွဲ့လိုက်ဆွေးနွေးပွဲကို ဝင်ရောက်ပူးပေါင်းဆွေးနွေးခဲ့သည်။ 

ပါမောက္ခ Aysinov က ညွှန်ပြခဲ့သည်မှာ-

  • GDP တိုးတက်မှုနှုန်းသည် သင်္ဘောလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် ဝယ်လိုအားသို့ ဦးတည်မည်
  • ထုတ်လုပ်သူ၏ တစ်ခုသော အကောင်းဖက်ရှုထောင့်အမြင်မှာ သက္ကရာဇ် 2040 ခုနှစ်တွင် ကမ္ဘာ့ သင်္ဘောအုပ်စု 14 ရာခိုင်နှုန်းတွင် သင်္ဘောပေါ်၌ MASS တပ်ဆင်ကိရိယာ တစ်မျိုးမျိုး ရှိပါလိမ့်မည်
  • တစ်သက်တာ စုစုပေါင်း သင်္ဘော စရိတ်များမှာ ကဏ္ဍတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမည်ဖြစ်သော်လည်း ယေဘုယျ စည်းမျဉ်းမှာ-

     40 ရာခိုင်နှုန်း ရင်းနှီးမှု စရိတ်များ

     40 ရာခိုင်နှုန်း လောင်စာဆီ စရိတ်များ

     20 ရာခိုင်နှုန်း သင်္ဘောများ လည်ပတ်မှုစရိတ်များ (၎င်း၏ 25 ရာခိုင်နှုန်းမှာ သင်္ဘောသားများအတွက် စရိတ်များ)

     သင်္ဘောသား စရိတ်မှာ တစ်သက်တာ စုစုပေါင်း သင်္ဘော စရိတ်၏ 3 ရာခိုင်နှုန်းမှ 6 ရာခိုင်နှုန်း အကြားရှိမည်

  • MASS သည် လုပ်ငန်းကဏ္ဍ အလိုအလျောက်လုပ် စက်တပ်ဆင်ရေး၏ ဆက်လက်လုပ်ဆောင်မှု တစ်ခုဖြစ်၍ သင်္ဘောသား အရေအတွက် လျှော့ချရေးကို ဦးတည်နိုင်ဖွယ်ရာရှိသောကြောင့် ရေကြောင်း အတတ်ပညာရှင်များ၏ အရည်အသွေးမှာ အရေးကြီးပါသည်
  • စီမံခန့်ခွဲရေးအဆင့် အရာရှိများသည် ကျွမ်းကျင်မှုတိုးတက်နေအောင်လုပ်ရန် လိုအပ်မည်
  • အချို့သော ကိရိယာ ထိန်းသိမ်းမှုမှာ သင်္ဘောပေါ်လုပ်နေရာမှ ကမ်းကိုအခြေခံသော/ အဝေးမှ လုပ်ကိုင်သော အခြေအနေသို့ ပြောင်းလဲနိုင်ဖွယ်ရှိသည်
  • သင်္ဘောကုန်းပတ်ဆိုင်ရာ အရာရှိများနှင့် စက်ပိုင်းဆိုင်ရာ အရာရှိများသည် လျှပ်စစ်-နည်းပညာဆိုင်ရာ အရာရှိများနည်းတူ အချို့သော ထပ်ဆင့် ပညာသင်ယူရေး လိုအပ်သည်

ဆွေးနွေးပွဲအဖွဲ့သည် အောက်ဖော်ပြပါ အဓိကကျသည့် ပြဿနာများကိုလည်း အကျဉ်းနည်းဆွေးနွေးခဲ့ကြသည်-

  • သက္ကရာဇ် 2020 ခုနှစ်တွင် သင်္ဘောသားများအတွက် လေ့ကျင့်ရေး၊ အောင်လက်မှတ်အပ်နှင်းရေးနှင့် အလှည့်ကျတာဝန်စောင့်ကြပ်ရေးတို့၏ စံနှုန်းများအပေါ် အပြည်ပြည်ဆိုင်ရာ စာချုပ်  (International Convention on Standards of Training, Certification and Watchkeeping for Seafarers (STCW) 1978) ပြင်ဆင်ထားသည့်အတိုင်းကို ပြန်လည် ပြင်ဆင်ပါလိမ့်မည်။ အလုပ်သင်အရာရှိများနှင့် ရိုးရိုးသင်္ဘောသားများအတွက် ဈေးကွက်တောင်းဆိုမှု လျှော့ကျနိုင်ဖွယ် မြင်တွေ့နေချိန်၌ ပြင်ဆင်ဆွေးနွေးမည့် ဆွေးနွေးပွဲသည် အားသန်သော အလုပ်သင်အရာရှိ၏ ရေကြောင်းလမ်းပြ လုပ်ထုံးကို အာမခံသင့်သည်။ သက္ကရာဇ် 2020 ခုနှစ်တွင် IMO ၌ အလုပ်သင်အရာရှိ လေ့ကျင့်ရေး ရရှိမှုနှင့်ပတ်သက်၍ လက်တွေ့ကျမှုကို လေ့လာသည့် လေ့လာချက်တစ်ရပ်ကို တင်ပြပါလိမ့်မည်။
  • ရေကြောင်းအတတ်ပညာရှင်များထံမှ လိုအပ်သည့်/မျှော်လင့်ထားသည့် ကျွမ်းကျင်မှုများ ပါဝင်သည့် လက်တလော ထုတ်ဝေစာစောင်ကို Global Maritime Professional: Body of Knowledge တွင်တင်ပြထားခဲ့ပါသည်။

ITF ၏ အမြင်များနှင့်အနေအထားများကို ဆွေးနွေးပွဲအဖွဲ့နှင့်တကွ ပရိသတ်တို့ထံမှ ထောက်ခံမှုကို ရရှိခဲ့သည်။ ရေကြောင်းအလုပ်သမားများ၏ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းများတွင် နည်းပညာများက မည်သို့ပင် ပြောင်းလဲနိုင်သည်ဖြစ်စေ သို့မဟုတ် မပြောင်းလဲနိုင်သည်ဖြစ်စေ အခရာမကျပါ၊ သင်္ဘောသားများ၏ အစစ်အမှန် ဗဟုသုတ၊ ကျွမ်းကျင်မှုများ၊ လုပ်ရည်ကိုင်ရည်နှင့် တတ်ကျွမ်းမှုတို့ကို အလေးထားပါသည်။  ၎င်းတို့ကို အကြောင်းပြု၍ ပညာပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းသည် ရေကြောင်းဆိုင်ရာ လူသားပါဝင်မှု၏ မရှိမဖြစ်သော အစိတ်အပိုင်းတရပ်ဖြစ်သည်။

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်