Skip to main content

ရေအိမ်သာ သုံးစွဲခွင့် အခွင့်အရေးများမှာ လူသား အခွင့်အရေးများဖြစ်- သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သန့်စင်ရေး စာချုပ် (Transport Workers’ Sanitation Charter)

news 21 Nov 2019

ကမ္ဘာ့ ရေအိမ်သာ နေ့ဖြစ်သော 2019 ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers Federation (ITF)) သည် Transport Workers Sanitation Charter စာချုပ်တစ်ရပ်ကို စတင်အကောင်အထည်ဖော်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ရေအိမ်သာ သုံးစွဲခွင့်မှာ လူသား အခွင့်အရေးများဖြစ်သည်။

စာချုပ်တွင် အလုပ်ရှင်များနှင့် အစိုးရများသည် မည်သည့်လုပ်ရပ်များကို လုပ်ရလိမ့်မည်ဖြစ်ကြောင်းနှင့်ပတ်သက်၍ သယ်ယူပို့ဆောင်ရေး ဝန်းထမ်းများ ရေအိမ်သာများ သုံးစွဲရေးကို သေချာစေရန်အတွက် လမ်းညွှန်ကို ဖော်ပြထားပြီး အလုပ်သမားများနှင့် သူတို့၏ သမဂ္ဂများအတွက် လက်ရှိ ရေအိမ်သာ သုံးစွဲရေး ပြဌာန်းချက် ရေးသွင်းထားသည်။

ကမ္ဘာ့ ရေအိမ်သာနေ့သည် တစ်ကမ္ဘာလုံးဆိုင်ရာ သန့်စင်ရေး ပြဿနာကို တွန်းလှန်ရန်အတွက် အရေးယူဆောင်ရွက်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အားလုံးအတွက် သန့်စင်ရေးကို အာမခံထားသည့် ကမ္ဘာ့ကုလသမဂ္ဂ ဆက်လက်တည်မြဲနေနိုင်သော ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက် (UN Sustainable Development Goal (SDG) 6) ကို အောင်မြင်စေရန် အထောက်အကူပြုသည်။

ရေအိမ်သာများ သုံးစွဲရေးသည် အထူးသဖြင့် ခရီးလမ်းကြောင်းပေါ်ရှိနေသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အတွက် ခက်ခဲစေသည်။ ကမ္ဘာတစ်ဝန်းတွင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အသက်ကို အန္တရာယ်ဖြစ်စေသော အံ့ခမန်းလိလိ သန့်စင်ရေး အခြေအနေများနှင့်ပတ်သက်သည့် အကြောင်းချင်းရာများ ရှိပါသည်။ ၎င်းမှာ အမျိုးသမီး သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် အထူးသဖြင့် ပြဿနာတစ်ခုဖြစ်သော်လည်း ပိုမိုကောင်းမွန်သည့် ရေအိမ်သာ ပြဌာန်းချက်မှာ အားလုံးအတွက် အကျိုးဖြစ်ထွန်းပါသည်။

စာချုပ်၏ အချို့သော တောင်းဆိုချက်များမှာ-

  • အမျိုးသမီးနှင့်အမျိုးသားများအတွက် အတွင်းအပြင် ကောင်းမွန်စွာ လျှစ်စစ်မီးထွန်းထားသည့် လုံခြုံပြီး သန့်ရှင်းသော ရေအိမ်သာများ သုံးစွဲရေး
  • လေအဝင်အထွက်ကောင်းကာ ဂျက်ထိုးပိတ်နိုင်သည့် ရေအိမ်သာခန်းများ
  • သန့်ရှင်းသောရေဖြင့် သင့်တော်သော သန့်စင် (ဆေးကြောရေး) ရေပိုက်များ
  • တတ်နိုင်ပြီး သင့်တော်သော ဖြန့်ဖြူးပေးထားသည့် အမျိုးသမီး ရာသီသွေးပေါ်သုံး သန့်စင်ပစ္စည်းများ
  • အလုပ်လုပ်ချိန်အတွင်း သူတို့လိုအပ်သည့်အခါ ရေအိမ်သာ သုံးစွဲနိုင်ရလိမ့်မည့်  သယ်ယူပို့ဆောင်ရေး အလုပ်သမားများအတွက် လုပ်ခဖြင့် အနားပေးချိန်များ - နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲနှင့် ဝင်ငွေဆုံးရှုံးမှု မရှိစေဘဲဖြစ်သည်။

ITF အမျိုးသမီး သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကော်မတီ ဥကဌဖြစ်သူ Diana Holland က ပြောကြားခဲ့သည်မှာ ကုန်သွယ် သမဂ္ဂဝင်တိုင်းသည် အလုပ်ရှင်နှင့် ဆွေးနွေးညှိနှိုင်းရန် ဤစာချုပ်ကို အသုံးပြုနိုင်သည်။ အလုပ်ရှင် တစ်ဦးချင်းတိုင်းသည် ဤစာချုပ်ကို ကြည့်ရှုနိုင်ပြီး မိမိတို့ ဘာလုပ်နေကြောင်း တိုင်းတာနိုင်သည့်အပြင် ကျွန်ုပ်တို့ အားလုံးအနေဖြင့် ကမ္ဘာတစ်ဝန်း လူတိုင်းကို အကာအကွယ်ပေးရန် ဥပဒေပြုသူများအား လှုပ်ဆော်ပြီး ဥပဒေများ သွတ်သွင်းလာစေရန် ဤစာချုပ်ကို အသုံးပြုနိုင်သည်။ ၎င်းသည် နေရာတိုင်းရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အတွက် အရေးပါမည့် အမှန်တကယ် ပြောင်းလဲလာသော တစ်စုံတစ်ခုကိုလုပ်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်