Skip to main content

ပင်လယ်ပြင်၌ စိတ်ပိုင်းဆိုင်ရာ စိတ်သောက အန္တရာယ်ကြီးလောက်အောင် မြင့်မားကြောင်း လေ့လာမှုက တွေ့ရှိ

news 02 Dec 2019

 ITF Seafarers Trust မှ မေတ္တာရပ်ခံစေခိုင်းမှုကြောင့် Yale University မှ ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှု– က သင်္ဘောသားများအကြားတွင် အန္တရာယ်ကြီးမားလောက်အောင် စိတ်ပိုင်းဆိုင်ရာ စိတ်သောက မြင့်မားကြောင်း တွေ့ရှိခဲ့ပြီး၊ ၎င်းကို မည်ကဲ့သို့လျှော့ချနိုင်ကြောင်း အကြံပြုခဲ့ပါသည်။  
ကမ္ဘာတစ်ဝန်း အလံအမျိုးမျိုး ထူထားသည့် သင်္ဘောအမျိုးမျိုးပေါ်မှ ရာထူးအဆင့် အမျိုးမျိုးဖြစ်သော အမှုထမ်း နေလျက်ရှိသည့် သင်္ဘောသားများအား ကိုယ်စားပြုသည့် သင်္ဘောသား အယောက် 1,572 ကို လေ့လာမှုက စကားပြောဆိုခဲ့ပါသည်။  အဆိုပါ လေ့လာမှုက တွေ့ရှိခဲ့သည်မှာ သုတေသန မလုပ်မီ နှစ်ပတ် အတွင်း-

  •  20 ရာခိုင်နှုန်းမှာ မိမိကိုယ်မိမိ အဆုံးစီရင်မှု သို့မဟုတ် ကိုယ်တိုင်အနာတရဖြစ်မှုကို ကျူးလွန်ခဲ့ပြီးဖြစ်သည်
  •  25 ရာခိုင်နှုန်းမှာ စိတ်ကျရောဂါကို ရခဲ့ပြီးဖြစ်သည်
  •  17 ရာခိုင်နှုန်းမှာ စိတ်သောက ကြုံတွေ့ခဲ့ရသည်

လေ့လာမှုသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ညံ့ဖျင်းမှုနှင့် သင်္ဘောပေါ်ရှိ ကြီးမားစွာ ဖြစ်နိုင်ဖွယ်ရှိသော ထိခိုက်ဒဏ်ရာနှင့် နာမကျန်းမှုတို့အကြား အဆက်အစပ်တစ်ခုရှိကြောင်းကိုလည်း တွေ့ရှိခဲ့ပါသည်။ လေ့လာမှုက ဖော်ထုတ်ထားသည့် ဖြစ်နိုင်သော အကြောင်းရင်းများမှာ အခြားအခြားသော အကြောင်းရင်းများအနက် ပါဝင်သည်မှာ လုံလောက်သော လေ့ကျင့်သင်တန်းပေးမှု အားနည်းခြင်း၊ အကြမ်းဖက်မှု (သို့) အကြမ်းဖက်မှုကို ဦးတည်မည့် ခြိမ်းခြောက်မှုတို့နှင့် ကြုံတွေ့မှုနှင့်တကွ ညံ့ဖျင်းသည့် လုပ်ငန်းခွင်ကျေနပ်မှုတို့ပါဝင်သည်။  
ပင်လယ်ပြင်၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာကို တွန်းလှန်ရန် လေ့လာမှုသည် အောက်ပါတို့ကို အကြံပြုထားသည်-

  •  ထိုက်သင့်သော လေ့ကျင့်သင်တန်းပေးခြင်းနှင့်တကွ ပိုမိုကောင်းမွန်သည့် မကျေနပ်ချက်တိုင်တန်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် အလုပ်သင်အရာရှိလောင်းများတွက် တိုးမြှင့်လုပ်ဆောင်ပေးမည့် ပံ့ပိုးမှု
  •  ကုမ္ပဏီ လုပ်ကိုင်ပုံစနစ်တွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကဲ့ရဲ့ပြစ်တင်မှု-မရှိစေရန် အားထုတ်မှုများ
  •  အလုပ်ခွင် အကြမ်းဖက်မှုကို ကိုင်တွယ်ရန်အတွက် အသိအမှတ်ပြုရန်နှင့် ဝင်ရောက်ဖြေရှင်းပေးရန် လုပ်ကိုင်မှု

Seafarers’ Trust and the ITF seafarers’ ဌာန အကြီးအကဲဖြစ်သူ Dave Heindel က အကြံပြုခဲ့သည်မှာ- “ကျွန်ုပ်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြောင်း ပိုပြောလေ၊ အဲ့ဒါနဲ့ပတ်သက်တဲ့ ကဲ့ရဲ့ပြစ်တင်မှု နည်းသွားလေ ဖြစ်ပါတယ်။ ဤအစီရင်ခံစာဟာ ပံ့ပိုးပေးတဲ့ အကြောင်းရင်းတွေကို နားလည်ဖို့ ကျွန်ုပ်တို့ကို အမှန်တကယ် အထောက်အကူပေးပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ လုပ်ငန်းလုပ်ကိုင်ပုံလုပ်ကိုင်နည်းမှာ အခြေခံကျကျ ပြောင်းလဲမှုအချို့ တောင်းဆိုနေရေးအတွက် အခြေတစ်ခုကို ပံ့ပိုးပေးပါတယ်။”  
“ဒီကိစ္စဟာ သင်္ဘောလုပ်ငန်းမှာရှိတဲ့ လူတိုင်းက ဝိုင်းဝန်းလုပ်ကြဖို့ ဖိတ်ခေါ်ချက်တစ်ခုအဖြစ် ယူဆရပါလိမ့်မယ်။ ကျွန်ုပ်တို့အတွက် ITF နှင့် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေဟာ ဒီတိမ်မြှုပ်နေတဲ့ ပြဿနာကို အာရုံစိုက်စေဖို့ ဒီတွေ့ရှိချက်တွေကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှရမှာဖြစ်ပါတယ် – အဲဒါအပြင် သင်္ဘောတွေပေါ်မှာ အလုပ်လုပ်ကိုင်တဲ့ ပတ်ဝန်းကျင်ကို စနစ်ပြောင်းလဲမှုတွေ လုပ်ပေးဖို့အတွက် လုပ်ငန်းကဏ္ဍကို နိုးဆော်ဖို့လည်း အဲဒါတွေကို အသုံးပြုဖို့ ဖြစ်ပါတယ်”
အဆိုပါ အစီရင်ခံစာကို ဤနေရာ၌  here  ရရှိနိုင်သည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်