Skip to main content

ပါလက်စတိုင်းတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းပါ

news 13 May 2021

ITF သည် ပါလက်စတိုင်း၌ ကလေးများနှင့် အရပ်သားများအပေါ် ကျူးလွန်သည့် အားလုံးသော လုပ်ရပ်များကို ရှုတ်ချလိုက်ပါသည်။ Al-Aqsa ဝတ်ကျောင်းဗလီ အတွင်း၊ Temple Mount/Haram al-Sharif အနီးတစ်ဝိုက်နှင့် အစ္စရေးနှင့် ပါလက်စတိုင်း တစ်ဝန်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အကြမ်းဖက်မှုမှာ ကမ္ဘာ့အသိတရားအပေါ် အမည်းစက်စွန်းထင်းမှု ဖြစ်ပါသည်။

ITF သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနှင့် ဆန့်ကျင်ဆန္ဒဖော်မှုများကို အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့များက စစ်မြေပြင်လုပ် ထိန်းချုပ်ခြင်းအပေါ် အပြင်းအထန် ရှုတ်ချလိုက်ပါသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းမှာ အခြေခံ လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အားလုံးသော ပါဝင်ပတ်သက်သူများအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း၏ ကျွန်ုပ်တို့၏ အခွင့်အရေးကို ကာကွယ်ပေးသည့် အရပ်ဖက်နှင့် နိုင်ငံရေး အခွင့်အရေးများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ စာချုပ် အပိုဒ် ၂၁ (Article 21 of the International Covenant on Civil and Political Rights) ကို လေးစားကြရန် တောင်းဆိုပါသည်။

ကျွန်ုပ်တို့သည် ပါလက်စတိုင်း အလုပ်သမား သမဂ္ဂများ၏ အထွေထွေ အဖွဲ့ချုပ် (Palestinian General Federation of Trade Unions) အတွင်းရေးမှူးဖြစ်သူ Ashraf Al-A’war အား တရားမဝင် ဖမ်းဆီးအကျဥ်းချခြင်းကို ညီတူညီမျှ ရှုတ်ချလိုက်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၏ အခြေခံ လူ့အခွင့်အရေးကို ပါဝင်ပတ်သက်သူ အားလုံးက လေးစားကြရန် တောင်းဆိုပါသည်။ အာဏာပိုင်များသည် Ashraf Al-A’war ကို ချက်ချင်း လွတ်ပေးရမည်ဖြစ်ပြီး ၎င်း၏ နိုင်ငံရေး နှိပ်စက်ညှဥ်းပန်းမှုကို အဆုံးသတ်ရမည်ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း အိမ်ထောင်စု ရာနှင့်ချီပြီး ၎င်းတို့၏ တရားဝင်-အကာအကွယ်ပေးထားသည့် အိမ်များမှ ဖယ်ရှားရန် ၎င်း၏ခြိမ်းခြောက်မှုကို ချက်ချင်း ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ITF သည်  စိတ်ပါလက်ပါ ထောက်ခံလိုက်သည်။ ဂျေရုစလင် အရှေ့ခြမ်းသည် ပါလက်စတိုင်း အခြေစိုက် နယ်မြေ၏ အစိတ်အပိုင်းဖြစ်နေလျက်ရှိပြီး ၎င်းတွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာရမည့် ဥပဒေ သက်ဆိုင်ပါသည်။ ပါဝင်ပတ်သက်သူအားလုံးသည် ပါလက်စတိုင်း မိသားစုများကို ၎င်းတို့၏အိမ်မှ ဖြစ်ပျက်လျက်ရှိနေပြီး ခြိမ်းခြောက်ခံနေရသည့် အိမ်မှဖယ်ရှားခြင်းမှ အဆုံးသတ်ပြီး ပြန်လည်တည့်မတ်ပေးရန်အတွက် ချက်ချင်း ဆောင်ရွက်ရမည်၊ လတ်တလော အဖြစ်ဆုံး Sheikh Jarrah နှင့် Silwan နယ်မြေ၌ အပါအဝင်ဖြစ်ပါသည်။

အကြမ်းဖက်မှုကြောင့် ဆိုးကျိုးသက်ရောက်ခံရသည့် သို့မဟုတ် ခြိမ်းခြောက်ခံရသည့် ကလေးများ၊ အရပ်သားများနှင့် အလုပ်သမား သမဂ္ဂဝင်များအပြင် အဆိုပါ မတရားသော ပဋိပက္ခအတွင်း ထိခိုက်ခံနေရသည့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၏ အဖွဲ့ဝင်သူအားလုံးအား ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုကို လက်ကမ်းကြိုပြီး ထောက်ခံပါသည်။

အကြမ်းဖက်မှုကို ရပ်ပါ။ ယနေ့၊ မနက်ဖြန်နှင့် ရာသက်ပန် စည်းလုံးညီညွတ်မှုဖြစ်ရမည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်