Skip to main content

နက်ဗ်ကျွန်း ကြေညာချက် (Neptune Declaration) အားဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း အဆုံးသတ်ရန်အတွက် လုပ်ရန် ပင်လယ်ရေကြောင်း လုပ်ငန်းကဏ္ဍ၏ တာဝန်ရှိမှုအပေါ် မျှော်လင့်ချက်ကို ပြန်လည် သတ်မှတ်

news Press Release 27 Jan 2021

ပင်လယ်ရေကြောင်းလုပ်ငန်း 300 ကျော်နှင့် လူ့အခွင့်အရေး ဉီးဆောင်သူများက လက်မှတ်ရေးထိုးထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ် အသစ်အားဖြင့် မျှော်လင့်ထားချက်များကို ပြန်လည် သတ်မှတ်ပေးပြီး ပိုမိုဆိုးရွားနေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကို အဆုံးသတ်ရန် ၎င်းတို့၏ အမြင့်မားဆုံး အားစိုက်မှုကို အသုံးပြုရန် လုပ်ငန်းကဏ္ဍအပေါ် တာဝန်ရှိစေလိုက်သည်။ လက်မှတ်ရေးထိုးသူများမှာ အဓိက နိုင်ငံစုံလုပ်ငန်းရှင်များဖြစ်ကြသည့် BP, Cargill, Rio Tinto နှင့် Shell တို့ဖြစ်ကြပါသည်။

သင်္ဘောသား ကောင်းမွန်သာယာရေးနှင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်သည့် နက်ဗ်ကျွန်း ကြေညာချက် ကို လက်ခံကျင့်သုံးသော သူတို့သည် ထောင်ပေါင်း ရာနှင့်ချီသော ကမ္ဘာ့သင်္ဘောသားများအား အတင်းအကျပ် အလုပ်ခိုင်းစေမှုသို့ ကျရောက်ကြောင်း မြင်တွေ့နေရသည့် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ပူးပေါင်းတာဝန်ယူပေးရန် ယနေ့ ကတိပြုခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton သည် တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ဟစ်တိုင် (Global Maritime Forum) မှ ဉီးဆောင်သည့် လုပ်ရပ်ဖြစ်သည့် နက်ဗ်ကျွန်း ကြေညာချက်  (Neptune Declaration) ကို လက်မှတ်ရေးထိုးလိုက်သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်း 327 ခု၏ ကတိကဝတ်များကို ယနေ့ ကြိုဆိုလိုက်ပါသည်။

“ITF အနေဖြင့် နက်ဗ်ကျွန်း ကြေညာချက် (Neptune Declaration) လက်မှတ်ရေးထိုးရာ၌  သင်္ဘောပိုင်ရှင်များ၊ သင်္ဘောစင်းလုံးငှါးရမ်းသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ NGOs နှင့်တကွ လုပ်ငန်းကဏ္ဍရှိအုပ်စုများထံမှ ကတိကဝတ်ကို ကြိုဆိုလိုက်ပြီး ယခုအခါ စကားပြောသက်သက်မှ လုပ်ရပ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း မျှော်လင့်ရပါသည်၊ဟု Cotton က ပြောကြားခဲ့သည်။

Covid ရောဂါ မျိုးကွဲဗိုင်းရပ်စ်ပိုးများ အသစ်ပေါ်ပေါက်ခြင်းနှင့်အတူ အစိုးရများက ပိုမိုများပြားသည့် ပိတ်ပင်ကန့်သတ်ချက်များအား ပြန်လည်သွတ်သွင်းပြီး ချမှတ်နေသည်ကို  ကျွန်ုပ်တို့ ဝမ်းနည်းစွာဖြင့် မြင်တွေ့နေကြပါသည်။ ဤအကျပ်အတည်း ပိုမို ဆိုးရွားမလာမီ အစိုးရများအနေဖြင့် ၎င်းတို့၏ စီးပွားရေးများကို စီးဆင်းနေအောင် လုပ်ပေးနေသည့် အဓိကအလုပ်သမားများကို မမေ့စေရန်နှင့် သင်္ဘောသားများအတွက် ၎င်းတို့၏ နယ်စပ်များအား ပိတ်မထားစေရန် ယခုသော် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်းအပေါ် မှီခိုနေရသည့် CEO အရာရှိတိုင်း၊ ဘုတ်အဖွဲ့ဝင်တိုင်းအတွက် တောင်းဆိုရန် အချိန်ကျရောက်ပြီဖြစ်ပါသည်။

ကုမ္ပဏီများသည် ယခုအခါ တာဝန်ခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးစာပိုဒ်များဖြင့် သင်္ဘောစင်းလုံးငှါးသူများ မရှိတော့ပါ- သင်္ဘောစင်းလုံးငှါးသူများသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို လွယ်ကူချောမွေ့စေရန် သင်္ဘောပိုင်ရှင်များနှင့် အတူလုပ်ကိုင်ပေးရမည်။ ဆိုလိုသည်မှာ မိမိတို့ ပိုင်ဆိုင်ပြီး ကုမ္ပဏီများ လုပ်ကိုင်နေသည့် အရာကို ကိုင်တွယ်သည့် ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီများအား အကျပ်အတည်းကို ဖြေရှင်းပေးရန် တောင်းဆိုပေးခြင်း ဆိုလိုသည်။ ၎င်းအပြင် ဆိုလိုသည်မှာ လုပ်ငန်းကဏ္ဍရှိ ကုမ္ပဏီတစ်ခုခုသည် မည်သည့်အတွက်ကြောင့် ဤကြေညာချက်ကို လက်မှတ်မထိုးသနည်းဟု မေးမြန်းခြင်းဖြစ်သည်၊ဟု Cotton က ပြောကြားခဲ့သည်။

နက်ဗ်ကျွန်း ကြေညာချက် (Neptune Declaration)  လက်မှတ်ရေးထိုးသူများသည် လုပ်ငန်းကဏ္ဍရှိ လုပ်ဖော်ကိုင်ဖက်များနှင့် အစိုးရများအား တောင်းဆိုခြင်းအပါအဝင် အောက်ပါတို့ လုပ်ရန် ကတိကဝတ်ပြုခဲ့ကြသည်-

  • သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ပေးရန်နှင့် ၎င်းတို့အား Covid-19 ကာကွယ်ဆေးများ ထိုးပေးရန်အတွက် ဉီးစားပေးရန်
  • ရှိရင်းစွဲ အကောင်းဆုံး လုပ်ကိုင်ပုံအပေါ် အခြေခံထားသည့် ရွှေအဆင့် ကျန်းမာရေး လုပ်ထုံးလုပ်နည်းများကို ထူထောင်၍ အကောင်အထည်ဖော်ပေးရန်
  • သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအား လွယ်ကူချောမွေ့စေရန် သင်္ဘော လုပ်ကိုင်သူများနှင့် သင်္ဘောစင်းလုံးငှါးရမ်းသူများအကြား ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်ပေးစေရန်
  • သင်္ဘောသားများအတွက် အဓိကကျသည့် ပင်လယ်ရေကြောင်း ဆုံရပ်နေရာများအကြား လေယာဥ် ပျံသန်းမှု အဆက်အသွယ်ကို သေချာစေရန်တို့ဖြစ်သည်။

 

နက်ဗ်ကျွန်း ကြေညာချက် (Neptune Declaration) နှင့် လက်မှတ်ရေးထိုးသူ စာရင်းအပြည့်အစုံကို ဒေါင်းလုဒ်ဆွဲရန် ဤနေရာတွင် ကလစ်နှိပ်ပါ-

ပိုမိုသော အချက်အလက်များအတွက်- ITF ဆက်သွယ်ရေးများ media@itf.org.uk သို့မဟုတ် ဖုန်း +44 20 7940 9282

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်