Skip to main content

လာမည့်ရွေးကောက်ပွဲတွင် ကနေဒါနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး အလုပ်သမားများနှင့်အတူ စည်းလုံးညီညွှတ်မှု

news Press Release 21 Oct 2019

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ကနေဒါနိုင်ငံ၊ ကီးဘက်၊ မွန်ထရီရယ်၌ မိမိ၏ အထွေထွေ ညီလာခံအတွက် စုဝေးစဉ် နိုင်ငံတစ်ဝန်း အလုပ်သမားများသည် ဗဟိုရွေးကောက်ပွဲအတွက် အောက်တိုဘာလ 21 ရက်၌ မဲရုံများဆီသို့ ဦးတည်သွားရန် ပြင်ဆင်နေလျက်ရှိပါသည်။ ITF သည် တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အဖွဲ့ချုပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း 147 နိုင်ငံမှ အလုပ်လုပ်ကိုင်သော အမျိုးသား အမျိုးသမီး အယောက် 18.5 သန်းကျော်ကို ကိုယ်စားပြုလျက်ရှိသော အဖွဲ့ဝင် သမဂ္ဂများနှင့် ဆက်စပ်ပေးထားပါသည်။

အဖွဲ့ဝင် သမဂ္ဂများမှ ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ITF အလုပ်အမှုဆောင် ဘုတ်အဖွဲ့သည် လာမည့်အပတ် ရွေးကောက်ပွဲ၏ ရလဒ်ကို မိမိတို့၏မဲပြားများဖြင့် ပုံဖော်ပေးမည်ဖြစ်သည့် ကနေဒါနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍရှိ ထောင်ပေါင်းများစွာသော အလုပ်သမားများထံ စည်းလုံးညီညွှတ်ရေး အမှာစာ တစ်စောင်ကို ပေးပို့ပါသည်။ ကမ္ဘာတစ်ဝန်း လက်ယာယိမ်းသော အစိုးရများသည် ကမ္ဘာတစ်ဝန်းအလုပ်သမားများအတွက် အလုပ်သမား အခွင့်အရေးများနှင့် လူမှုရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ဖျက်ဆီးနေသည့်အလျောက် ဤလာမည့် ရွေးကောက်ပွဲတွင် မည်သည်က အန္တရာယ်ရှိနေကြောင်း သတိပေးရန် ၎င်းသည် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်တွင် ဆက်လက် စည်းလုံးညီညွတ်နေရမည် – ကမ္ဘာအနှံ့ ကုန်သွယ်ရေး သမဂ္ဂ နှင့် လူ့အခွင့်အရေးများအပေါ် လေးစားမှု တိုးမြှင့်ပေးရန်နှင့် လုပ်ငန်းကဏ္ဍအားလုံးရှိ အလုပ်သမားများအတွက် တန်းတူရှိမှု၊  ချမ်းသာကြွယ်ဝမှုနှင့် သာနာညီမျှမှုတို့ကို တိုးချဲ့ပေးစေမည့် နိုင်ငံရေးဆိုင်ရာ ရလဒ်များနှင့် မူဝါဒကို ထောက်ခံပေးရန်အတွက် ကျွန်ုပ်တို့၏ စုပေါင်းပြောရေးဆိုခွင့်ကို အသုံးပြုရန် ဖြစ်သည်။  

လာမည့်အပတ်တွင် ကနေဒါနိုင်ငံ အလုပ်သမားများသည် မဲရုံများဆီသို့ ဦးတည်သွားမည်ဖြစ်သည့်အလျောက် အလုပ်သမား လူတန်းစားအပေါ် လုပ်ပိုင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုပေးမည်ဖြစ်ပြီး လူအားလုံးအတွက် လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် လေးစားမှုအပေါ် ရပ်တည်ပေးမည့် အမတ်လောင်းများအား ထောက်ခံပေးရန် အလုပ်သမားများအတွက် မဖြစ်မနေ လိုအပ်ပါလိမ့်မည်။

အလုပ်သမားများအတွက် ရွေးချယ်မှုမှာ ရှင်းပါသည်။ Andrew Sheer နှင့် ကနေဒါနိုင်ငံ၏ ကွန်ဆာဗေးတစ်ပါတီသည် အလုပ်သမားများနှင့် သမဂ္ဂများ၏ အခွင့်အရေးများကို ဖိနှိပ်ရန် ခေတ်နောက်ပြန်ဆွဲသော မူဝါဒများကို သွတ်သွင်းမည်၊ သန်းပေါင်းများစွာသော လူလတ်အတန်းအစားတို့ ထိခိုက်စေရန် လူမှုရေးဆိုင်ရာ အစီအစဉ်များ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေတို့ကို ဖြတ်တောက်မည့်အပြင် ကနေဒါနိုင်ငံကဲ့သို့သော ခေတ်ရှေ့ပြေးနေသည့် နိုင်ငံ၌  လူဝင်မှုကြီးကြပ်ရေးနှင့် အခြား လူမှုရေးဆိုင်ရာ ပြဿများအပေါ် ခေတ်စားနေသည့် ရှိရန်မလိုသည့် လက်ယာယိမ်း မူဝါဒကို ဆက်လက် တိုးချဲ့အောင်လုပ်မည်ဖြစ်သည်။  

အထူးသဖြင့် သယ်ယူပို့ဆောင်ရး လုပ်ငန်းကဏ္ဍတွင် ကွန်ဆာဗေးတစ်ပါတီသည် ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၊ ပြည်တွင်း ရေကြောင်း ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေး၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ လမ်း၊ ရထားနှင့် မြို့ပြသယ်ယူပို့ဆောင်ရေးတို့ကို အကာအကွယ်ပေးထားသည့် ဥပဒေပြဌာန်းချက်ကို လျှော့ပေါ့ပေးပြီး ဖျက်သိမ်းရန်အတွက် သူတို့၏ ဖြေရှင်းချက်ကို လစ်ဟဖော်ပြပြီးဖြစ်ပါသည်၊ ဖြေရှင်းချက်အားလုံးမှာ ထိခိုက်လွယ်သည့် အလုပ်သမားများကို ခေါင်းပုံဖြတ်ရန်နှင့် မတော်မတရားပြုရန် အပြင် လုပ်ခများနှင့်အလုပ်ရုံတွင်း အလုပ်လုပ်ကိုင်သည့် အခြေအနေများကို လျှော့ချပစ်ရန်အတွက် ဈေးကွက်ဖွင့်ပေးမှုကို ရှာဖွေနေသည့် ကြီးမားသော ကော်ပိုရေးရှင်းများ အကျိုးဖြစ်ထွန်းရန်ဖြစ်သည်။  ရေကြောင်း ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတစ်ခုတည်းတွင် ကနေဒါနိုင်ငံ၌ တိုက်ရိုက်အလုပ်အကိုင် တစ်သိန်းကျော် ရှိပါသည်။  

ITF အလုပ်အမှုဆောင်ဘုတ်အဖွဲ့ မွန်ထရီရယ်မြို့၌ ညီလာခံကျင်းပနေသည်မှာ မှားယွင်းမှု မရှိပါ၊ ၎င်းမှာ ခိုင်မာတောင့်တင်းသော စည်းလုံးညီညွှတ်မှုကို ပြသပြီး ကွန်ဆာဗေးတစ်ပါတီက ခြိမ်းခြောက်နေသည့် လစ်ဘရယ်လက်သစ် ခြိမ်းခြောက်မှုများကို တိုက်ရိုက်တုံ့ပြန်ရာ၌ ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေး အလုပ်သမားများအား ထောက်ခံမှုကို ပြသပါသည်။

အောက်တိုဘာလ 21 ရက်နေ့တွင် ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေး သမဂ္ဂများ၏ အမှာစာမှာ စည်းလုံးညီညွှတ်မည်၊ မြန်ဆန်မည်ဖြစ်ပြီး ရှင်းလင်းမည်ဖြစ်ပါသည် – ဤနိုင်ငံရှိ အလုပ်လုပ်သူလူတန်းစား အမျိုးသား အမျိုးသမီးတို့သည် ကွန်ဆာဗေးတစ်ပါတီ၏ ခွဲခြားသည့် နိုင်ငံရေးကို ဆန့်ကျင်သည်ဖြစ်ပြီး အလုပ်သမားအားလုံးအား အခွင့်အလမ်း၊ တန်းတူရှိမှုနှင့် သာနာမျှတမှုကို ပေးကမ်းမည့် အစိုးရအား ရွေးချယ်ရန် ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို ဆုံးဖြတ်ပါမည်။  

ITF အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကိုယ်စား ကျွန်ုပ်သည် ကနေဒါနိုင်ငံ အလုပ်သမားများထံသို့ သူတို့အနေဖြင့် လာမည့်အပတ် 43 ကြိမ်မြောက် ကနေဒါနိုင်ငံ ပါလီမန်ကို ရွေးချယ်စဉ် အောင်မြင်သော ရွေးကောက်ပွဲ ရလဒ်အတွက် ကျွန်ုပ်တို့၏ တောင့်တင်းအခိုင်မာဆုံး စည်းလုံးညီညွတ်ရေး အမှာစာနှင့် ထောက်ခံမှုကို ပေးပို့ပါသည်။

Unifor အတွင်းရေးမှူး-ဘဏ္ဍာရေးမှူးနှင့် ITF အလုပ်အမှုဆောင် ဘုတ်အဖွဲ့ဝင် Lana Payne က မတ်တပ်ရပ် တစ်ခဲနက် သြဘာပေးခြင်းခံရသည့် ထုတ်ပြန်ချက်ကို ကြေညာနေသည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်