Skip to main content

ကုန်စည်မရွေ့အောင်နေရာတကျထားသိုချည်နှောင်ရေးအလုပ်အား ကမ်းခြေ -အခြေစိုက် ဆိပ်ကမ်း အလုပ်သမားများကလုပ်စေရန်အတွက် သင်္ဘောလုပ်ကိုင်သူများအနေဖြင့် ပြန်လွှဲပေးရန် ITF နှင့် ETF တို့က တောင်းဆိုလိုက်သည်။

news 20 Feb 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (The International Transport Workers’ Federation (ITF)) နှင့် ဥရောပ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (European Transport Workers’ Federation (ETF)) တို့သည် ယနေ့၌ ကုန်စည်မရွေ့အောင်နေရာတကျထားသိုချည်နှောင်ရေး အလုပ်အား ကမ်းခြေ-အခြေစိုက် ဆိပ်ကမ်းအလုပ်သမားများကလုပ်စေရန်အတွက် သင်္ဘောလုပ်ကိုင်သူများအနေဖြင့် ပြန်လွှဲပေးစေရန် တောင်းဆိုလိုက်သည်။ 

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့၌ Dutch နိုင်ငံ မှတ်ပုံတင်ထားသည့် ကုန်သေတ္တာတင် သင်္ဘော OOCL Rauma သည် Finland နိုင်ငံ Kotka မှ Netherlands နိုင်ငံ Rotterdam သို့ မုန်တိုင်းထန်သည့် ခရီးစဥ် အတောအတွင်း သင်္ဘောပေါ်၌ ကုန်သေတ္တာ ခုနှစ်လုံး ဖိတ်ကျခဲ့သည်။ 

သင်္ဘောလုပ်ငန်း ထောက်လှမ်းရေး အရင်းအမြစ်များက ဆိုသည်မှာ သင်္ဘောကို ဟောင်ကောင်-အခြေစိုက် Orient Overseas Container Lines နှင့် Netherlands နိုင်ငံ JR Shipping BV တို့က ပူးတွဲပိုင်ဆိုင်ကြသည်။ 1425 TEU သင်္ဘောပေါ်ရှိ ကုန်သေတ္တာများကို များသောအားဖြင့် အနောက်ဥရောပ ရေယာဥ်ငယ် ကုန်စည် သယ်ယူပို့ဆောင်ရေးတွင် သင်္ဘောရှိ သင်္ဘောသားများက နေရာချသည် သို့မဟုတ် ချည်နှောင်သည်။ 

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ၇က်နေ့တွင် သင်္ဘောပေါ် အလုပ်အကိုင် သဘောတူစာချုပ်ပါ စည်းမျဥ်းအသစ်တို့ ဥရောပ၌ အာဏာသက်ရောက်ရန် ပေါ်ထွက်လာခဲ့သည်၊ ကုန်သေတ္တာများကို ကမ်းခြေ-အခြေစိုက် ဆိပ်ကမ်း အလုပ်သမားများက ကုန်တင်ချည်နှောင်နေရာချရန် သတ်မှတ်ထားသည်။ 

ကုန်စည်ကို အသေအချာ နေရာတကျချည်နှောင်မထားတဲ့ သင်္ဘောတွေဟာ သင်္ဘောရဲ့ သင်္ဘောသားတွေ အပေါ်သာ အန္တရာယ် ကျရောက်စေတာ မဟုတ်ဘဲ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ကိုလည်း အန္တရာယ် ကျရောက်စေပါတယ်။ ယနေ့ သင်္ဘောတွေဟာ သင်္ဘောသား အမှုထမ်း-နည်းနေပြီးဖြစ်ပြီးတော့ သင်္ဘောသားတွေမှာ သင်္ဘောတွေကို ဆိပ်ကမ်းတစ်ခုနှင့်တစ်ခုအကြား သွားလာပေးဖို့အလုပ်နဲ့ လုံလောက်နေပါတယ်။ သင်္ဘောပေါ်မှာ ပင်ပန်းနွမ်းနယ်မှုဟာ ဘဝရဲ့ အန္တရာယ်ကြီးတဲ့ ဖြစ်ရပ်မှန် ဖြစ်နေလျက်ရှိပြီးဖြစ်ပါတယ်။” ဟု ITF ဆိပ်ကမ်း အလုပ်သမားများ ဌာနခွဲ ဒု-ဥက္ကဌဖြစ်သူ Niek Stam က ပြောကြားခဲ့သည်။ 

ITF နှင့် ETF တို့က ရှင်းရှင်းလင်းလင်း ပြောသည်မှာ ကုန်သေတ္တာတင် သင်္ဘောပေါ်တွင် နေရာချချည်နှောင်ရေး အလုပ်ကို ဆိပ်ကမ်း အလုပ်သမားများက လုပ်ရလိမ့်မည်ဖြစ်ပါသည်။ နေရာချချည်နှောင်ရေးအလုပ် များလာသည့်အခါ သင်္ဘောများ၏ ဘေးကင်းလုံခြုံရေးကို သေချာစေနိုင်အောင် အာမခံပေးနိုင်သည့်အထိ ဥရောပကမ်းခြေ တစ်လျှောက် ကူးသန်းသွားလာသော သင်္ဘောများတွင် လုံလောက်သော သင်္ဘောသား အမှုထမ်းများကို ခန့်ထားခြင်း မရှိကြပါ။ 

သင်္ဘောလုပ်ကိုင်သူများက သင်္ဘောသားများအပေါ် ခိုင်းစေမှုများမှာ မမျှတဘဲ အနားပေးချိန်များအတွက် လိုအပ်ချက်များကို ထည့်သွင်း မစဥ်းစားကြပါ။ ပင်ပန်းနွမ်းနယ်နေသည့် သင်္ဘောသား အမှုထမ်းများ အမှားအယွင်း လုပ်ကြသည်ဖြစ်ပြီး ကုန်သေတ္တာများကို အသေအချာ ချည်နှောင်မထားသည့်အခါ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်ကာ ရေလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာပတ်ဝန်းကျင်နှင့်တကွ အသက်ကို ဘေးအန္တရာယ်များ ဖြစ်ပွားပါသည်။ 

တာဝန်ယူတတ်သော- သင်္ဘောပိုင်ရှင်များဟု ခေါ်ဝေါ်သူတွေအနေနဲ့ ကျွန်တော်တို့ အားလုံးအပေါ် အန္တရာယ်ကျရောက်စေတဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ပြန်စဥ်းစားဖို့ လိုအပ်ပါတယ်။ သင်္ဘောလုပ်ငန်းဟာ ညံ့ဖျင်းတဲ့ ဂုဏ်သတင်းတွေနဲ့ ခံနေရပြီးသားပါ၊ ပြီးတော့ ဒီလိုဖြစ်ရပ်တွေဟာ အများပြည်သူရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေသာ ဖြစ်စေပါတယ်။ ကုန်စည်နေရာချချည်နှောင်ရေးအလုပ်ဟာ အန္တရာယ်ရှိတဲ့ အလုပ်ပါ၊ လေ့ကျင့်ခံထားရတဲ့ ဆိပ်ကမ်းအလုပ်သားတွေက လုပ်သင့်ပါတယ်။” ဟု Stam ကဖြည့်စွက်ပြောကြားခဲ့သည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်