၎င်းသည် အမြောက်အမြားအား ထိပ်လှန့်စေခဲ့သည့် ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်။ အသည်းအသန်ဖြစ်လျက်ရှိသည့် သင်္ဘောသားများ ၎င်းတို့၏ မျောနေသည့် အကျဥ်းထောင် ဖြစ်လာခဲ့သည့် ရေနံတင်သင်္ဘော တောင်တရုတ်ပင်လယ်၏ နွေးထွေးသည့်ရေတွင် မြင့်ချည်နိမ့်ချည် ဦးတည်ရာမရှိ သွားနေစဥ် အသည်းအသန် အမြန်အဆန် ရေးသားချက်များဖြင့် သင်္ဘောကိုယ်ထည်တစ်လျှောက် ရေးသားခဲ့သည်။
ယခုသော် လေယာဥ်ခရီးစဥ်များနှင့် အစိုးရ ခွင့်ပြုချက်များကို အနည်းဆုံး နှစ်လ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းပြီးနောက် MV Viet Tin 01 သင်္ဘော၏ ဗီယက်နမ် သင်္ဘောသားများသည် သမဂ္ဂ၏ အကူအညီဖြင့် နောက်ဆုံး၌ အိမ်ပြန်ရောက်ကြပါသည်။
Viet Tin 01 သင်္ဘောပေါ်မှ သင်္ဘောသား ၁၂ ဦး၏ ကိစ္စကို အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) နှင့်တကွ ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့ဖြစ်သည့် National Union of Seafarers Peninsular Malaysia (NUSPM) တို့က ဇွန်လ၌ သိရှိခဲ့ကြသည်။
NUSPM ၏ အလုပ်အမှုဆောင် အတွင်းရေးမှုးဖြစ်သူ Ikmal Azam Thanaraj Abdullah က ပြောကြားခဲ့သည်မှာ သင်္ဘောကို ဗီယက်နမ် ပိုင်ရှင်မှ စွန့်ပစ်ခဲ့သည်၊ သင်္ဘောဝန်ထမ်းများကို အစားအစာ၊ ရေနှင့် လောင်စာဆီ မရှိဘဲ မလေးရှားနိုင်ငံ ကမ်းလွန်၌ အားကိုးရာမဲ့ပစ်ထားရင်းဖြစ်ပါသည်။
“လောင်စာဆီ အားနည်းမှု တစ်ခုတည်းကပင် မြင့်တက်နေသည့် နေ့အချိန် အပူချိန်၌ သင်္ဘောဝန်ထမ်းများအား အေးအောင်လုပ်ပေးခြင်း မရှိစေဘဲ ညအချိန်၌ အရေးကြီးသည့် လမ်းကြောင်းပြ မီးများမရှိကြပါ၊” ဟု Ikmal Azam Thanaraj Abdullah က ပြောကြားခဲ့သည်။
Ikmal Azam Thanaraj Abdullah က ပြောကြားခဲ့သည်မှာ NUSPM အနေဖြင့် သင်္ဘောဝန်ထမ်းများ၏ ဒုက္ခကို ကြားသိခဲ့သည့်အခါ အစားအစာနှင့် သောက်ရေသန့်ကို ပေးကမ်းခြင်း စတင်ခဲ့သည့်အပြင် Kuala Lumpur ရှိ ဗီယက်နမ် သံရုံးမှ ပေးကမ်းမှုရှိခဲ့ပါသည်။
“သင်္ဘောဝန်ထမ်းများမှာ အလွန်ဆိုးရွားသည့် အခြေအနေအတွင်း ကျရောက်နေခဲ့ကြသည်။ ၎င်းသူတို့မှာ ရေငတ်နေခဲ့ကြသည်၊ ဗိုက်ဆာနေခဲ့ကြသည့်အပြင် သင်္ဘောပေါ် လျှပ်စစ်မီး မရှိခြင်းကြောင့် ၎င်းတို့ အိပ်နေစဉ် သူတို့အား အခြား သင်္ဘောတစ်စီး ဝင်တိုက်မိခဲ့လျှင် ထိခိုက်ခံရရန် သို့မဟုတ် ရေနှစ်ရန် အလွန် အန္တရာယ်များခဲ့ပါသည်။ ၎င်းမှာ သင်္ဘောပေါ်ရှိ ဒုက္ခရောက်နေသည့် သင်္ဘောဝန်ထမ်းများအတွက် ဖြစ်လာရန် စောင့်ဆိုင်းနေရသည့် မတောတဆဖြစ်ရပ် ဖြစ်ပါသည်။”
“မလေးရှား ပင်လယ်ရေကြောင်း ဌာနနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်တို့နှင့် အတူလုပ်ကိုင်ခြင်းဖြင့် ကျွန်ုပ်တို့သည် သင်္ဘောဝန်ထမ်းများကို ကမ်းသို့ခေါ်ဆောင်လာရန် ခွင့်ပြုချက် ရှိနိုင်ခဲ့ပါသည်။ Covid-19 စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ပြီး အဖြေများမှာ အားလုံးတွင် ရောဂါမရှိကြပါ။”
ITF’s Asia/Pacific Contact Network ညှိနှိုင်းအရာရှိနှင့် Hong Kong-အခြေစိုက် စိစစ်ရေးမှူးဖြစ်သူ Jason Lam က ပြောကြားခဲ့သည်မှာ ITF သည် သင်္ဘောဝန်ထမ်းများ ကမ်းတက်ခဲ့သည့်အခါ ကူညီပေးခဲ့ပါသည်။
“ကျွန်ုပ်တို့ သူတို့အား စက်တင်ဘာလ စောစောပိုင်း၌ ကမ်းတက်ပေးခဲ့သည့်အခါ ကျွန်ုပ်တို့သည် သူတို့၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်၊” ဟု Lam က ပြောကြားခဲ့သည်။
Lam က ပြောကြားခဲ့သည်မှာ ၎င်းတို့၏ အလုပ်ကန်ထရိုက် ကုန်ဆုံးချိန်၌ အိမ်အပြန် လေယာဥ်ပေါ်တက်ရန် သင်္ဘောသားများ စောင့်ဆိုင်းနေစဥ် နေထိုင်စရာနှင့် အစားအစာ အပါအဝင် အိမ်ပြန်ပို့ရေးအတွက် ကုန်ကျစရိတ်ကို သင်္ဘောပိုင်ရှင်သည် ထုံးစံအတိုင်း ကျခံရလိမ့်မည်။ သို့သော်လည်း စွန့်ပစ်ခံရသည့်ကိစ္စများ၌ သင်္ဘောပိုင်ရှင်သည် ဤတာဝန်ကိုယူရန် ကတိပျက်ကွက်ပြီး သင်္ဘောဝန်ထမ်းများသည် ဤ မုချလိုအပ်သော ကုန်ကျစရိတ်များကို ပေးချေရန် လိုအပ်သည့် ငွေကို ရှာရန်လိုပါသည်။ ၎င်းသည် ပို၍ပင် ခက်ခဲစေသည် အဘယ်ကြောင့်ဆိုသော် အလုပ်ရှင်များသည် သင်္ဘောအား သူတို့ နောက်ဆုံး၌ မစွန့်ပစ်မီ လပေါင်းများစွာ သင်္ဘောဝန်ထမ်းများအား ၎င်းတို့၏ လုပ်ခများကို ပေးခြင်းမှ ရပ်စဲလိုက်သောကြောင့် ဖြစ်သည်။
Lam က ရှင်းလင်းပြသည်မှာ- “ပထမ၌ Covid-19 ကမ္ဘာ့ရောဂါကပ်ဘေးကြီးဖြစ်ပြီး သင်္ဘောဝန်ထမ်း အလုပ်ခန့်ခြင်းကို သင်္ဘောပိုင်ရှင် အသစ်၏ ပြဿနာဖြစ်ခဲ့သည်။ နောက်ဆုံး၌ ပြဿနာ ကိုင်တွင်ဖြေရှင်းမှုမှာ အဆင်မပြေဖြစ်ခဲ့ပြီး သင်္ဘောဝန်ထမ်းများမှာ တာဝန်ယူမည့်ပုဂ္ဂိုလ်မရှိဘဲ စွန့်ပစ်ခံခဲ့ရသည်။ အဆိုပါ သင်္ဘောကို ရောင်းရန် ကြော်ငြာခဲ့သော်လည်း ၎င်းမှာလည်း အထမမြောက်ခဲ့ပါ။”
ITF သည် သင်္ဘောသားများ၏ နေထိုင်စရာနှင့် အစားအစာများ၏ ကုန်ကျစရိတ်ကို ကုန်ကျခံခဲ့ပါသည်။
“၎င်းနေရာ၌ ITF သည် အလွန် ကူညီဖော်ရခဲ့ပါသည်၊” ဟု Lam က ပြောကြားခဲ့သည်၊ “ကျွန်ုပ်တို့သည် မလေးရှားနိုင်ငံ၏ တောင်ပိုင်းမြို့ဖြစ်သည့် Johor Bahru မြို့တွင် ဟော်တယ်၌ သင်္ဘောဝန်ထမ်းများအား အပတ်အနည်းငယ် ထားနိုင်ခဲ့ပါသည်၊ သူတို့အား လစာပေးရန်နှင့် အိမ်ပြန်ပို့ပေးရန် ဖြေရှင်းချက်တစ်ခုကို ရှာဖွေရန်အတွက် လူတိုင်းက ကြိုးပမ်းနေစဥ်ဖြစ်ပါသည်။”
သင်္ဘောဝန်ထမ်းများသည် ဗီယက်နမ်နိုင်ငံသို့ ဤလတွင် ပြန်ရောက်ခဲ့သည်။
သူတို့၏ လုပ်ခများနှင့်ပတ်သက်၍ NUSPM မှ Ikmal Azam Thanaraj Abdullah က ပြောကြားခဲ့သည်မှာ - “သင်္ဘောဝန်ထမ်းများသည် အလွန် ပျော်ရွှင်ခဲ့ကြသည်၊ သို့သော် တစ်ခုတည်းမှာ သူတို့သည် သူတို့၏ လစာကို မရရှိသေးပါ။ သင်္ဘောကို သံထည်အမှိုက်အဖြစ် ရောင်းချကောင်း ရောင်းချနိုင်သည်ဖြစ်ပြီး ရရှိငွေများမှ သူတို့သည် သူတို့၏ လစာ တစ်စိတ်တစ်ပိုင်းကို ရကောင်း ရနိုင်ပါသည်။”
Hong Kong မှ ကိစ္စကို သတိရရင်း Lam က ပြောကြားခဲ့သည်မှာ ဗီယက်နမ် သင်္ဘောသား 12 ဦးသည် အဖွဲ့အစည်းက ခေါ်ဝေါသည့် စွန့်ပစ်မှုကိစ္စများ၏ ‘မြင့်တက်နေသော ဒီရေ’ ကို တွေ့ကြုံရန် ကံမကောင်းသည့် အာရှဒေသမှ နောက်ဆုံး အုပ်စုသာဖြစ်သည်။
“၎င်းသည် အာရတ်ကမ္ဘာ၌ ဖြစ်ပျက်နေသည်ဖြစ်ဖြစ်၊ သို့မဟုတ် အိန္ဒိယ သမုဒ္ဒရာ၌ ဖြစ်ပျက်နေသည်ဖြစ်ဖြစ် သို့မဟုတ် ဤ အာရှ၌ ဖြစ်ပျက်နေသည်ဖြစ်ဖြစ် – စွန့်ပစ်ခြင်း ကိစ္စများမှာ ပို၍ပို၍ အဖြစ်များလာကြပါသည် အဘယ်ကြောင့်ဆိုသော် သင်္ဘောပိုင်ရှင်များသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း အတောအတွင်း သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရမည့် ကုန်ကျစရိတ်နှင့် ၎င်းတို့အား သင်္ဘောဝန်ထမ်း အသစ်ဖြင့် အစားထိုးပေးရမည့် ကုန်ကျစရိတ်တို့ကို မပေးလိုသောကြောင့်ဖြစ်သည်။ ‘၎င်းသည် အလွန် ခက်ခဲသည်၊’ ‘၎င်းသည် အလွန် စျေးကြီးသည်၊’ ဟု သူတို့က ပြောကြသည်။ သင်္ဘောဝန်ထမ်းများသည် အဆိုပါ သဘောထားအတွက် ပေးချေနေကြပါသည်။ ဤပိုင်ရှင်များသည် ရှက်ဖို့ကောင်းပါသည်၊” ဟု Lam က ပြောကြားခဲ့သည်။