Skip to main content

ITF’s new Norwegian Inspector gets crew home, paid stolen wages

news 15 Oct 2020

သြဂုတ်လ၌ ပနားမား အလံတင်ထားသော ဆွဲသင်္ဘောဖြစ်သည့် ‘Diavlos Force’ သည် ရိုမင်နီးယားနိုင်ငံ သင်္ဘောကျဥ်း တစ်ခုမှ သင်္ဘောကိုယ်ထည် တစ်စီးအား စာချုပ်အရ ပင်လယ်နက်အတွင်း ဆွဲယူလာပြီး နော်ဝေးနိုင်ငံသို့ သယ်ဆောင်လာရန်အတွက် ဂရိနိုင်ငံ Piereus မြို့မှ ထွက်ခဲ့သည်။ ၎င်းသင်္ဘောသည် လမ်းကြောင်းပေါ်ရှိနေစဉ် သင်္ဘော ဝန်ထမ်းများ၏ မိသားစုသည် နော်ဝေးနိုင်ငံ ITF စိစစ်ရေးမှူးအား သင်္ဘောပေါ်ရှိဝန်ထမ်းများမှာ သဘောတူထားသည့်အတိုင်း လုပ်ခ မရခဲ့ကြောင်း သတင်းပေးခဲ့သည်။

Bergen, Syver Grepstad တွင် အခြေစိုက်သည့် ITF ၏ စိစစ်ရေးမှူးအသစ်သည် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စတင် လုပ်ကိုင်နေခဲ့သည်။

 “အခြေအနေကို စုံစမ်းနိုင်ရန် ကျွန်ုပ်တို့သည် ဂရိ၊ ရုရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား နိုင်ငံများမှ သင်္ဘောဝန်ထမ်းများနှင့် တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းကို ထူထောင်ခဲ့ပါသည်၊” ဟု သူက ပြောကြားခဲ့သည်။

 “ကျွန်ုပ်တို့ လေ့လာခဲ့ရသည်မှာ သင်္ဘောသည် သင်္ဘောဝန်ထမ်းများအား စုစုပေါင်း ၆ လအတွက် လုပ်ခ မပေးရသေးဘဲ စက်တင်ဘာလ အစဦးပိုင်း၌ နော်ဝေးနိုင်ငံသို့ ရောက်လာခဲ့ရမည်ဖြစ်သည်။ အချို့ သင်္ဘောဝန်ထမ်းများမှာ သင်္ဘောကို ၂၀၁၉ ခုနှစ် ဇွန်လ၌ တက်ခဲ့ပြီး သင်္ဘောပေါ်၌ ၁၅ လ နီးပါး ရှိနေခဲ့ရလိမ့်မည်ဖြစ်သည်။”

အဆိုပါကိစ္စကို ကိုင်တွယ်နေသည့် စိစစ်ရေးမှူးသည် MLC စည်းမျဉ်းများအား အကြီးအကျယ် ဖောက်ဖျက်မှုကို အခြေခံ၍ နော်ဝေးနိုင်ငံ ပင်လယ်ရေကြောင်း အာဏာပိုင် (ဆိပ်ကမ်း နိုင်ငံ ထိန်းချုပ်ရေး) အား အကြောင်းကြားခဲ့သည်။ နော်ဝေးနိုင်ငံသို့ ရောက်ရှိချိန်၌ ITF ကိုယ်စားလှယ်များနှင့် အာဏာပိုင်ထံမှ ပုဂ္ဂိုလ်များသည် ဆိပ်ကမ်းတံတားပေါ်၌ စောင့်ဆိုင်းနေကြသည်။ ဆိပ်ကမ်းနိုင်ငံ ထိန်းချုပ်ရေးသည် သင်္ဘော Diavlos Force ကို လုပ်ခ ကြွေးကျန် USD $238,036 ကြောင့် ဖမ်းဆီးလိုက်ပါသည်။

သင်္ဘော MV Diavlos Force နော်ဝေးသို့ ဆိုက်ရောက်ချိန်၌ ITF စိစစ်ရေးမှူးများမှာ အဆင်သင့် စောင့်ဆိုင်းနေကြသည် | သတင်းရရာဇာစ်မြစ်- ITF
သင်္ဘော MV Diavlos Force ပေါ်သို့ နော်ဝေး ပင်လယ်ရေကြောင်း အာဏာပိုင်က တက်ရောက်နေပုံ | သတင်းရရာ ဇာစ်မြစ်- ITF

 

နောက်ထပ်အပတ်များ၌ စိစစ်ရေးမှူးများအတွက် ဗျာများခဲ့ပါသည်။ သင်္ဘောပေါ်ရှိ တန်ဖိုးရှိရာ တစ်စုံတစ်ရာကို ရယူရန် သင်္ဘောဝန်ထမ်း ကိုယ်စား သင်္ဘောကို ဖမ်းဆီးခဲ့သည်၊ ဖြစ်နိုင်လျှင် ၎င်းတို့၏ မရသေးသော လုပ်ခများကို သင်္ဘော ပြန်လွတ်ပေးခြင်း သို့မဟုတ် ရောင်းချခြင်းမှ ပေးချေရန်ဖြစ်သည်။ လတ်တလော၌ စိစစ်ရေးမှူးများသည် သင်္ဘောဝန်ထမ်းများ လုပ်ခ ရရှိပြီး ၎င်းတို့၏ မိခင်နိုင်ငံများဆီသို့ အိမ်ပြန်ပို့ခံရရန်အတွက် အလွန့်အလွန် ကြိုးပမ်းနေခဲ့ကြရသည်။

ဂရိ ပိုင်ရှင်က ပြောခဲ့သည်မှာ အကယ်၍ သင်္ဘောသားများအနေဖြင့် ၎င်းတို့၏ လုပ်ခအားလုံးကို စွန့်လွတ်လျှင် ၎င်းတို့အား အိမ်ပြန်ပို့ရေးမှာ ဖြစ်နိုင်သည်ဟုဆိုသည်၊ ၎င်းကို ငြင်းပယ်ရန် သင်္ဘောဝန်ထမ်းများအား ကောင်းစွာ အကြံပြုခဲ့ပြီးဖြစ်ပါသည်။ ပိုင်ရှင်က သင်္ဘောဝန်ထမ်းများအား လုပ်ခပေးရန် လိုလားခဲ့သည်ဟု ဆိုခဲ့သည့်တိုင်အောင် ရိုမင်းနီးယားမှ နော်ဝေးသို့ လတ်တလော ချုပ်ဆိုခဲ့သည့်ကန်ထရိုက်စာချုပ်မှ ငွေကြေးသည် သင်္ဘောဝန်ထမ်းသို့ မည်သည့်အခါမျှ ရောက်ရှိမလာခဲ့ပါ။

 “သင်္ဘောပေါ်ရှိ အခြေအနေမှာ ပို၍ ပို၍ပင် အသည်းအသန် ဖြစ်လာခဲ့သည်၊” ဟု Grepstad က ပြောကြားခဲ့သည် “သင်္ဘောတွင် လောင်စာဆီနှင့် ရိက္ခာများ စတင်လျှော့နည်းလာခဲ့သည့်အချိန်က စတင်၍ဖြစ်သည်။”

 

ITF စိစစ်ရေးမှူးတစ်ဉီး သင်္ဘောပေါ်၌ သင်္ဘော၏ စာရွက်စာတမ်းများအား စစ်ဆေးနေပုံ | သတင်းရရာ ဇာစ်မြစ်- ITF

နောက်ထပ်တစ်ဖန်၊ ပိုင်ရှင်သည် အခြေအနေအား ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့သည် သို့သော် နောက်ထပ်တစ်ဖန် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပါ။

၆ လ အတွက် လုပ်ခ ကြွေးကျန်များ၊ သင်္ဘော လောင်စာဆီ ကုန်ခမ်းမှုနှင့် အိမ်ပြန်ပို့ခံရရန်အတွက် အစီအစဉ် လုံးဝ မရှိခြင်းနှင့်အတူ- သင်္ဘော Diavlos Force ကို ပိုင်ရှင်က စွန့်ပစ်ထားခဲ့သည်။ ITF သည် သင်္ဘောအား အာမခံခြင်းအတွက် တာဝန်ရှိသော P&I Club ကို ဆက်သွယ်ခဲ့သည်၊ ဖြေရှင်းချက်ကို ရှာဖွေနိုင်ခဲ့ပါသည်။

နော်ဝေးကမ်းခြေသို့ ရောက်ရှိပြီး လေးပတ်မပြည့်ခင် သင်္ဘောဝန်ထမ်းများသည် နောက်ဆုံး၌ အိမ်အပြန်လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ လေးလစာ လုပ်ခ (USD $139,475) ကို ပြန်ရခဲ့ပြီး ၎င်းတို့၏ ဘဏ်စာရင်းများသို့ လွှဲပေးခဲ့သည်။

နော်ဝေးနိုင်ငံ၌ Syver Grepstad ကပြောကြားခဲ့သည်မှာ စိစစ်ရေးမှူးများသည် သင်္ဘော၏ တန်ဖိုးကို သိရှိစေရန် ဆက်လက်၍ ဆောင်ရွက်ပါလိမ့်မည်။

 “အကယ်၍ ပိုင်ရှင်အနေဖြင့် ကျန်ရှိနေသေးသည့် လုပ်ခများကို မပေးနိုင်လျှင် သင်္ဘောအား ရောင်းချမည်ဖြစ်ပြီး သင်္ဘောဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လစာများကို ပိုရနိုင်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့အတွက် တိုက်ပွဲဝင်ခြင်းကို ရပ်ဆိုင်းမည် မဟုတ်ပါ၊” ဟု သူက ပြောကြားခဲ့သည်။

 

သင်္ဘော MV Diavlos Force ၏ သင်္ဘောဝန်ထမ်းများ ၎င်းတို့ အိမ်ပြန်ရန် သင်္ဘောပေါ်မှ ဆင်းစဉ် အုပ်စုလိုက် ဓါတ်ပုံရိုက်ရန်အတွက် ရပ်နေပုံ | သတင်းရရာ ဇာစ်မြစ်- ITF

 

သင်္ဘော MV Diavlos Force ၏ သင်္ဘောဝန်ထမ်းများ ITF အကူအညီ ရရှိပြီးနောက် အိမ်အပြန် ကုန်တင်ကားပေါ် ပစ္စည်းတင်နေပုံ | သတင်းရရာ ဇာစ်မြစ်- ITF

 

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်