ITF သည် မိမိ၏ နောက်ဆုံးအဆင့် ဆက်သွယ်ရမည့်သူများ ကွန်ရက်ကို တည်ထောင်လိုက်ပြီးဖြစ်ပါသည်၊ ဘင်္ဂလာဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ ပါကစ္စတန်၊ ပါပူဝါ နယူးဂီနီ၊ ဆော်လမွန်ကျွန်းများနှင့် ယိုးဒယားနိုင်ငံတို့ကို ခြုံငုံထားပါသည်။
မကြာသေးမီနှစ်များအတွင်း၌ ITF သည် စစ်ဆေးရေးအရာရှိ သို့မဟုတ် ဆက်သွယ်ရမည့်သူ မဲ့လျက်ရှိသည့် နိုင်ငံများမှ ပံ့ပိုးမှု တောင်းခံလျက်ရှိသည့် သင်္ဘောသားများ သိသိသာသာ များပြားလာကြောင်းကို တွေ့ရှိခဲ့ရပါသည်။ ဤတောင်းခံချက်များကို ဖြေရှင်းပေးရန် ဆောင်ရွက်ခြင်းမှာ များသောအားဖြင့် ခက်ခဲပါသည်၊ ဒေသခံ နိုင်ငံရေး အခြေအနေနှင့် ရေကြောင်းဆိုင်ရာ အာဏာပိုင်များ၏ အာဏာထိရောက်မှုတို့အပါအဝင် များပြားသော အကြောင်းခံများကြောင့် ဖြစ်ပါသည်။
ဤပြဿနာကို ဖြေရှင်းရန် ITF သည် 2018 ခုနှစ်တွင် အဆိုပါနိုင်ငံများရှိ ITF နှင့်နှီးနွှယ်မှုရှိသော သမဂ္ဂများ၊ လူမှုဖူလုံရေး အဖွဲ့အစည်းများနှင့် အစိုးရဌာနများမှ ဆက်သွယ်ရမည့်သူများ ကွန်ရက်တစ်ခုကို ဖန်တီးရန်အတွက် စီမံကိန်းတစ်ရပ်ကို အစပျိုးခဲ့ပါသည်။
အကန့်အသတ်ရှိသော လေ့ကျင့်ရေးနှင့် ပညာပေးရေး အချို့ဖြင့် ဤဆက်သွယ်ရမည့်သူများသည် ၎င်းတို့၏ ဆိပ်ကမ်းများရှိ ပံ့ပိုးမှုလိုအပ်လျက်ရှိသော သင်္ဘောသားများအား မြေပြင် အထောက်အပံ့ကိုပေးနိုင်ပြီး ဆိပ်ကမ်းအလုပ်သမားများ၏ စီမံကိန်းများနှင့် လှုံ့ဆော်မှုများအတွက် စည်းလုံးညီညွှတ်မှုဆိုင်ရာ အထောက်အပံ့ကိုပေးနိုင်ပါသည် အထောက်အပံ့အားလုံးကို အတွေ့အကြုံရင့်ကျက်သည့် ITF စစ်ဆေးရေးအရာရှိ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ပေးနိုင်ပါသည်။
ဤနီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်ပေးမှုနှင့် ITF စစ်ဆေးရေးဌာနချုပ် နှစ်ရပ်ပေါင်းတို့နှင့် အကျုံးဝင်သည့် နိုင်ငံ စုစုပေါင်းမှာ ယခုအခါ 90 ဖြစ်သည်၊ အာရတ်ကမ္ဘာနှင့်အီရန်၊ လက်တင်အမေရိကနှင့်ကရီးဘီးယန်းအပြင် အနောက်အာဖရိကတို့တွင် တည်ထောင်ပြီးစီးပြီးဖြစ်သည့် ဆက်သွယ်ရမည့်သူများ ကွန်ရက်တို့နှင့်တကွဖြစ်ပါသည်။
အာရတ်ကမ္ဘာ ကွန်ရက်တွင် ယခုအခါ နိုင်ငံ 14 နိုင်ငံ၌ ဆက်သွယ်ရမည့်သူများရှိနေပြီး ခက်ခဲပြီး စိန်ခေါ်ရမည့် အခြေအနေများ ရှိသည့်တိုင်အောင် သင်္ဘောသားများအား ပံ့ပိုးပေးရာ၌ ထိရောက်မှုမှာ အချိန်အခါ အများအပြားတွင် ပိုမိုတိုးတက်ခဲ့ပါသည်။
ITF ဆက်သွယ်ရမည့်သူများ ကွန်ရက် (ITF Contacts Network) အာရှ ပစိဖိတ် နယ်မြေသို့ တိုးချဲ့
news
ON THE GROUND
news
Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news
Press Release
သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ
ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news
သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်