Skip to main content

ILO, IMO နှင့် ICAO တို့သည် အစိုးရများအား သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ‘အဓိက အလုပ်သမား’ အဆင့်အတန်းအဖြစ် ဆော်သြ

news 29 May 2020

ကမ္ဘာ့အမြင့်မားဆုံး ပင်လယ်ရေကြောင်း၊ လေကြောင်းဆိုင်ရာ ခေါင်းဆောင်များနှင့် အလုပ်သမား အာဏာပိုင်များသည် ပူးတွဲ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်၊ ၎င်းထုတ်ပြန်ချက်အားဖြင့် ပင်လယ်ရေကြောင်း သင်္ဘောဝန်ထမ်း အပြောင်းလဲလုပ်ရေးကို ပံ့ပိုးပေးရန်နှင့် အခရာကျသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ သန်းနှင့်ချီသော အလုပ်သမားများအား လက်ရှိ ကမ္ဘာ့ရောဂါကပ်ဘေးကြီးအတောအတွင်း ‘အဓိက အလုပ်သမားများ’ အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုနေပါသည်။

Fang Liu (အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့အစည်း (International Civil Aviation Organization)), Kitack Lim (အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အဖွဲ့အစည်း (International Maritime Organization)) နှင့် Guy Ryder (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organization)) တို့က ပြောဆိုသည်မှာ ငါးဖမ်းလုပ်ငန်းကဏ္ဍနှင့်အတူ လေကြောင်းနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍများသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် ခရီးသွားလာရေးကို ဟန့်တားသည့် အစိုးရ ပိတ်ပင်ကန့်သတ်ချက်များကြောင့် အဆက်ဖြတ်တောက်မှု တစ်ခုခုရှိနေရန်မှာ  ကမ္ဘာ့ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များအတွက် အလွန်အရေးကြီးပါသည်။

“ကျနော်တို့ အဖွဲ့အစည်း သုံးရပ်က တောင်းဆိုနေတာဟာ လေယာဥ်ပျံကွင်းတွေနှင့် ဆိပ်ကမ်းတွေမှာရှိတဲ့ သင်္ဘာသားတွေ၊ ပင်လယ်ရေကြောင်း ဝန်ထမ်းတွေ၊ ငါးဖမ်းသင်္ဘော ဝန်ထမ်းတွေ၊ ကမ်းလွန် လောင်စာ လုပ်ငန်း ဝန်ထမ်းတွေ၊ လေကြောင်း ဝန်ထမ်းတွေ၊ လေကြောင်း ကုန်စည် ဖြန့်ချီရေး ကွင်းဆက် ဝန်ထမ်းတွေ၊ ဝန်ဆောင်မှု ဖြန့်ချီ ဝန်ထမ်းတွေကို ‘အဓိက အလုပ်သမားများ’ အဖြစ်သတ်မှတ်ပေးဖို့ဖြစ်ပါတယ်၊ နိုင်ငံသားဖြစ်မှုကို မသက်ဆိုင်စေဘဲ၊ သူတို့ကို ခရီးသွား ပိတ်ပင်ကန့်သတ်ချက်တွေကနေ ခြွင်းချက်ပေးဖို့၊ သူတို့တတွေ အရေးပေါ် ဆေးဝါးကုမှု ခံယူနိုင်ဖို့၊ နှင့် လိုအပ်ရင် အရေးပေါ် အိမ်ပြန်ပို့ဖိုကိစ္စကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။”ဟု ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ဆိပ်ကမ်းများ၌ သင်္ဘောဝန်ထမ်းများအား သင်္ဘောပေါ်မှ မဆင်းနိုင်အောင် တားမြစ်ထားသည့် ပိတ်ပင် ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည်လည်း အစိုးရများကို ဆော်သြခဲ့ပါသည်။ လက်ရှိအခြေအနေ၌ များစွာသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အတွက်နှင့် အိမ်ပြန်ရေးတို့အတွက် နယ်မြေများမှတစ်ဆင့် လေယာဥ်ကွင်းများသို့ သို့မဟုတ် သယ်ယူပို့ဆောင်ရေးစခန်းသို့ ကူးပြောင်းဖြတ်သန်း၍ မသွားနိုင်ပါ။ သူတို့က ပြောသည်မှာ အိမ်ပြန်ပို့မည့် လေယာဥ်များကို မြန်ဆန်အောင်လုပ်ရမည်။

“ကျနော်တို့ အစိုးရတွေထံမှ အကူအညီကို တောင်းခံနေပါတယ်၊ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ဖို့၊ ကမ္ဘာ့ကုန်စည် ဖြန့်ချီရေး ကွင်းဆက်များ ထိန်းသိမ်းထားရန် လိုအပ်တဲ့ လုပ်ငန်းလည်ပတ်မှုတွေအပြင် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ပတ်သက်တဲ့ လုပ်ငန်းလည်ပတ်မှုတွေအတွက် ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ လူသားချင်းစာနာသည့်အကြောင်းရင်းများအတွက် – နှင့်တကွ အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့် အလုပ်အကိုင် စည်းမျဥ်းများနှင့်ညီညွှတ်ရန် လိုအပ်ချက် အတွက် – သင်္ဘောဝန်ထမ်းများ အပြောင်းအလဲလုပ်ရေးများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း၍ မရနိုင်ပါ၊” ဟု သူတို့က ပြောကြားခဲ့သည်။

အားလုံးသော သင်္ဘောသားများ၊ ငါးဖမ်းသမားများ၊ ကမ်းလွန် လောင်စာ အလုပ်သမားများ၊ နှင့် လေကြောင်းနှင့် လေယာဥ်ကွင်း အလုပ်သမားများကို နိုင်ငံတွင်း ခရီးသွားပိတ်ပင်ကန့်သတ်ချက်များ- နှင့် ကျန်းမာရေး-ဆက်စပ်သည့် ပိတ်ပင်ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်များပေးရန် အစိုးရများကို တိုက်တွန်းပါသည်၊ သင်္ဘောများနှင့် လေယာဥ်၊ နှင့် လေယာဥ်ကွင်းများနှင့် ကုန်စည် အတင်အချနေရာများရှိ ဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပြန်လည်လုပ်ရန်အတွက် ပံ့ပိုးပေးရန်ဖြစ်ပါသည်။

တောင်းဆိုချက်အားဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ အရေးပေါ် ဆောင်ရွက်ပေးရန် အစိုးရများအပေါ် ဖိအား တိုးပေးလိုက်ပါသည်။ ခန့်မှန်းခြေ သင်္ဘောသား အယောက် 200,000 မှာ ကမ္ဘာတစ်ဝန်း သင်္ဘောများပေါ်တွင် လက်ရှိ၌ ချောင်ပိတ်ခံနေရပြီး ကမ္ဘာတစ်ဝန်း အစိုးရများ ချမှတ်ထားသည့် Covid-19 ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောဝန်ထမ်း လူစားလဲလှယ်၍ မရနိုင်ပါ။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရန် ဖြစ်နိုင်မည့် IMO လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန် အစိုးရများအား  ITF နှင့် ပင်လယ်ရေကြောင်း အလုပ်ရှင်များက ပေးထားသည့် နောက်ဆုံးရက်ဖြစ်သည့် ဇွန်လ ၁၆ ရက်နေ့မှာ နီးကပ်လာနေပြီဖြစ်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေး ပိတ်သိမ်းခြင်း တစ်ခုခုကို ရှောင်ရှားရန်အတွက် ပိတ်ပင်ကန့်သတ်ချက်များကို ဖယ်ရှားရမည်ဖြစ်ကြောင်း ITF က သတိပေးလိုက်သည်။

အစိုးရများ အနေဖြင့် လုပ်ရန်လိုအပ်သည့် သီးခြားလုပ်ရပ်များနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ်များ ပါဝင်သည့် ပူးတွဲ ထုတ်ပြန်ချက် အပြည့်အစုံကို ဖတ်ရှုရန် ဤနေရာ ကို ကလစ်နှိပ်ပါ။

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် ဤလှုံ့ဆော်မှုကို ထောက်ခံရန် သင်္ဘောသားများ ကိစ္စ အသနားခံစာကို ဤနေရာတွင် သင် လက်မှတ်ထိုးနိုင်သည်- seafarersmatter.com

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်