Skip to main content

ICS နှင့် ITF သည် သင်္ဘောများအား "ကမ္ဘာ့ကုန်သွယ်ရေး၏ တိမ်မြှုပ်နေသော သူရဲကောင်းများ" ကို ထောက်ခံသောအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့တွင် ဟွန်းတီးကြရန် တောင်းဆို

news Press Release

အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့အစည်း (The International Chamber of Shipping) နှင့် ၎င်း၏ နိုင်ငံလုံးဆိုင်ရာ အဖွဲ့ဝင် အသင်းအဖွဲ့များ၏ ကမ္ဘာ့ အဆက်အသွယ်ကွန်ခြာ နှင့်တကွ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation) နှင့် ၎င်း၏ သင်္ဘောသားများတို့၏ သမဂ္ဂ 215 ခုသည် ကမ္ဘာတစ်ဝန်းရှိ သင်္ဘောသားများအား ၂၀၂၀ ခုနှစ် မေလ ၁ ရက်နေ့၌ ဆိပ်ကမ်းသို့ရောက်စဥ် ဒေသစံတော်ချိန် ၁၂.၀၀ နာရီ၌ မိမိတို့၏ သင်္ဘောများကို ဟွန်းတီးပေးကြရန် တောင်းဆိုနေလျက်ရှိသည်။
 
အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (International Workers' Day) – သို့မဟုတ် အလုပ်သမားများနေ့ (Workers' Day)၊ မေဒေး (May Day) သို့မဟုတ် လေဘာဒေး – ကို အသိအမှတ်ပြုထားသည်၊ ကမ္ဘာအနှံ့ နိုင်ငံအများအပြားတွင် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများ၏ ပံ့ပိုးပေးမှုကို အောင်ပွဲခံရန်နှင့် ဂုဏ်ပြုရန်ဖြစ်သည်။
 
ICS နှင့် ITF တို့သည် ကမ္ဘာ့ကုန်သွယ်ရေး၏ တိမ်မြှုပ်နေသော သူရဲကောင်းများဖြစ်ကြသည့် ကမ္ဘာတစ်ဝန်း ၁.၆ သန်းကျော် သင်္ဘောသားများအား အသိအမှတ်ပြုရန်အတွက် စည်းလုံးညီညွှတ်မှု ပြသရန် တိုက်တွန်းနေပါသည်၊ အဆိုပါ သင်္ဘောသားများသည် နိုင်ငံများအား အစားအစာ၊ လောင်စာနှင့် Covid-19 ရောဂါကပ်ကြီးအတွင်းသာမက နေ့စဥ်နေ့တိုင်း အခရာကျသည့် ဆေးဝါးကိရိယာ ပစ္စည်းကဲ့သို့ အရေးကြီးသော ဖြန့်ချီပစ္စည်းများကို ဆက်လက်၍ ဖြန့်ချီပေးလျက်ရှိသည်။  ဟွန်း မတီးမီတွင် သင်္ဘောများသည် လိုအပ်သည့်ကိစ္စ၌ ထိုက်သင့်သော ခွင့်ပြုချက်ကို တောင်းခံကြောင်း သေချာရလိမ့်မည်။
 
အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း အဖွဲ့ (International Chamber of Shipping) အတွင်းရေးမှူးဖြစ်သူ Guy Platten ကပြောကြားခဲ့သည်မှာ "ကျနော်တို့ရဲ့ သင်္ဘောသားတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ တိမ်မြှုပ်နေသော သူရဲကောင်းများ ဖြစ်ကြပြီး ကျနော်တို့ရဲ့ နိုင်ငံတွေကို နေ့တိုင်း ကျနော်တို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ချီပေးနေတဲ့ သူတို့ရဲ့ ပံ့ပိုးမှုကို ကျနော်တို့ မမေ့ရပါဘူး။  အဆိုပါနေ့ ဆိပ်ကမ်းတွေမှာ သင်္ဘောတွေရဲ့ ဟွန်းသံပေးမှုဟာ အလုပ်သမားများရဲ့ ပံ့ပိုးပေးမှုကို ကမ္ဘာက အသိအမှတ်ပြုတာဟာ သူတို့ရဲ့ စွန့်လွတ်မှု အားလုံးကို ကျနော်တို့အား သတိပေးတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါဘဲ။  သူတို့တွေ အားလုံးဟာ ပင်လယ်ပြင်ရဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။”
 
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် ( International Transport Workers' Federation (ITF)) အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်မှာ "ITF အနေနဲ့ ဒီလုပ်ရပ်ကို ကြိုဆိုပါတယ်၊ ကမ္ဘာတစ်ဝန်း စည်းလုံးညီညွှတ်မှုကို ပြသတဲ့အနေနဲ့ မိမိတို့ရဲ့ သင်္ဘောများရဲ့ ဟွန်းကို တီးကြဖို့ သင်္ဘောသားများကို တောင်းဆိုပါတယ်၊ သို့သော်လည်း ဒီရောဂါကပ်ကြီး အတောအတွင်းမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝန်း ဆက်လက် သယ်ယူပို့ဆောင်ပေးတာကို သေချာစေဖို့က သင်္ဘောသားတွေဟာ ဘယ်လောက် အခရာကျတယ်ဆိုတာကိုလည်း အရေးတကြီး မီးမောင်းထိုးပြနေဆဲဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ ဒီဟာကို သင်္ဘောသားဝန်ထမ်း အပြောင်းအလဲလုပ်ရေးတွေနှင့် သင်္ဘောသားတွေရဲ့ ကင်းကင်းရှင်းရှင်း လှုပ်ရှားသွားလာမှုကို ပံ့ပိုးပေးဖို့ လုပ်ရပ်အဖြစ် မြင်သင့်ကြောင်း သို့မှသာ သူတို့တွေအနေနဲ့ ယခုလို မကြုံဘူးသေးတဲ့ အချိန်အခါမှာ ဖြန့်ချီပစ္စည်း ကွင်းဆက်တွေ ဆက်လက် စီးဆင်းပေးနိုင်မှာ ဖြစ်ပါတယ်။”
 
သင်္ဘောလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချီပစ္စည်း ကွင်းဆက်များ၏ အခြေခံကျသော အစိတ်အပိုင်းဖြစ်သော်လည်း သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ပြဿနာသည် ပင်လယ်ရေကြောင်းဆိုင်ရာ ကုန်သွယ်ရေး ဘေးကင်းစွာ လည်ပတ်ရေးအပေါ် အဓိက ခြိမ်းခြောက်မှု ဖြစ်နေလျက်ရှိပါသည်။  COVID-19 နှင့် ဆက်နွှယ်သည့် ခရီးသွား ကန့်သတ်ပိတ်ပင်မှုများကြောင့် သင်္ဘောသားများမှာ ပင်လယ်ပြင်၌ တာရှည်သော ကာလများနေခဲ့ပြီးနောက် သင်္ဘောများပေါ်တွင် ဆက်လက်၍ နေပေးနေရပါသေးကြောင်း လုပ်ငန်းကဏ္ဍတွင် မြင်တွေ့နေရပါသည်။ လက်ရှိ အခြေအနေသည် သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အကန့်အသတ်မရှိ တာရှည်ခံနိုင်မည် မဟုတ်ပါ။
 
ITF နှင့် ICS တို့သည်လည်း အစိုးရများအပေါ် သင်္ဘောသားများအတွက် ကင်းကင်းရှင်းရှင်း သွားလာလှုပ်ရှားမှုအား ပံ့ပိုးပေးစေရန် တစ်ဖန်တလည်လည် တောင်းဆိုခဲ့ကြပြီးနောက် ဧပြီလ ၇ ရက်နေ့၌ ICS နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်းအဖွဲ့  (IATA) တို့ထံမှ ပူးတွဲစာတစ်စောင် ထုတ်ပြန်ပေးခဲ့ပါသည်။  
 
ပူးတွဲစွာဖြင့် ITF နှင့် ICS တို့သည် အစိုးရများအား တောင်းဆိုလျက်ရှိသည်မှာ -

  1. သင်္ဘောသားဝန်ထမ်းများ၏ ဘေးကင်းစွာ သွားလာလှုပ်ရှားမှုနှင့် အိမ်ပြန်ရေးအတွက် သီးခြားဖြစ်ပြီး အကန့်အသတ်ရှိသော လေယာဥ်ကွင်းများ သတ်မှတ်ပေးရန်
  2. ခရီးသည်များနှင့် မရှိမဖြစ် လိုအပ်သည်- မဟုတ်သော ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် နိုင်ငံလုံးဆိုင်ရာ ကန့်သတ်ပိတ်ပင်ချက်များကို ဖယ်ရှားပေးခြင်းဖြင့် Covid-19 ကမ္ဘာအနှံ့ရောဂါကပ်ကြီးအတွင်း မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေသော အရေးပါသော အလုပ်သမားများအဖြစ် သင်္ဘောသားများအား ပြန်လည်သတ်မှတ်ပေးရန်
  3. အခက်အခဲကို အရေးပေါ် အရေးယူလုပ်ဆောင်ပေးခြင်းအားဖြင့် ဖြန့်ချီရေး ကွင်းဆက်များကို ဆက်လက် ဖွင့်ထားပေးရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပေးရန်။

 
ICS နှင့် ITF တို့သည် သင်္ဘောသားများနှင့် အာဏာပိုင်များအနေဖြင့် တရားဝင် လုပ်ပိုင်ခွင့်အရ လုပ်ကိုင်နေသော သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အရေးပါသော အလုပ်သမား အဆင့်အတန်းကို အသိအမှတ်ပြုရန်အတွက် အထောက်အကူပြုစေရန် အခွင့်အာဏာပေးအပ်သည့်စာလွှာများကိုလည်း ထုတ်ပေးခဲ့ပါသည်။ သင်္ဘောလုပ်ငန်း ကုမ္ပဏီများသည် အဆိုပါ ချီးမြှင့်စာလွှာပုံစံကို အသုံးပြုနိုင်သည်၊ ကုမ္ပဏီခေါင်စည်းစာတန်းပါ စာရွက်ပေါ်တွင် စာသားကို ကူးယူနိုင်သည်၊ သင်္ဘောသား၏ တစ်ကိုယ်ရေ ကိုယ်ရေးအသေးစိတ်ကို ဖြည့်ရေးပြီး မိမိတို့၏ သက်ဆိုင်ရာ သင်္ဘောသားများ တစ်ဦးချင်းအား ဖြည့်စွက်ထားသည့်လက်မှတ်ကို ပေးနိုင်သည်၊ သို့သော် သူတို့သည် လိုအပ်သည့် ဆေးစစ်ဆေးမှုကို ခံယူပြီးဖြစ်ရမည်။  စာလွှာတွင် ရေးသားထားသည်မှာ "ဤချီးမြှင့်စာသည် ဤသင်္ဘောသားမှာ သူ၏အိမ်နှင့် သူ၏ သင်္ဘောအကြား ခရီးကို ကင်းကင်းရှင်းရှင်း လမ်းကြောင်း ခွင့်ပြုသင့်ကြောင်းနှင့် သူသည် ဆေးစစ်ဆေးမှု ခံယူပြီးကြောင်း ထောက်ခံပါသည်။" အဆိုပါ စာကို ဤနေရာ တွင် ဒေါင်းလုဒ်ဆွဲယူနိုင်သည်။
 
ပိုမိုသိလိုသော အချက်အလက်များအတွက် ကျေးဇူးပြု၍ ဆက်သွယ်ပါ-
ITF: media@itf.org.uk
ICS: ICS@woodrowcommunications.com

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်