Skip to main content

Guinea ပင်လယ်ကွေ့တွင် ပင်လယ်ဓါးပြ တိုက်မှုများ တိုးမြှင့်လာမှုအပေါ် တွန်းလှန်ရန် ဒေသဆိုင်ရာ အရေးပေါ်ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေ

news

နိုဝင်ဘာလ 2 ရက်နေ့တွင်  ပင်လယ်ဓါးပြများသည် နော်ဝေးနိုင်ငံ အလှံထူထားသည့် MV Bonita သင်္ဘောပေါ်မှ သင်္ဘောသား ၉ ဦးကို အဆိုပါ သင်္ဘောမှာ အနောက် အာဖရိကရှိ ဘီနင် ကမ်းလွန်တစ်နေရာ၌ ကျောက်ချထားစဥ် ပြန်ပေးဆွဲသွားခဲ့ပြီး နှစ်ရက်အကြာ နိုဝင်ဘာလ ၄ ရက်နေ့တွင် Togo ကမ်းလွန်တစ်နေရာ၌ ဂရိနိုင်ငံ အလှံထူထားသည့် Elka Aristotle သင်္ဘောပေါ်မှ သင်္ဘောသား ၄ ဦးကို ဓါးစားခံလုပ်ဖမ်းဆီးထားခဲ့သည်။

မကြာသေးမီလများတွင်၊ Guinea ပင်လယ်ကွေ့အတွင်း မြောက်မြားစွာသော အခြား ပြန်ပေးဆွဲမှုများ ဖြစ်ခဲ့ကြောင်း သတင်းပို့ခဲ့သည်၊ သြဂုတ်လ၌ Cameroon ကမ်းလွန်တစ်နေရာ၌ သင်္ဘောသား ရှစ်ဦးကို ဓါးစားခံလုပ်ဖမ်းခဲ့ပြီး ဇူလိုင်လ၌ Nigeria ကမ်းလွန်တစ်နေရာတွင် တူရကီ သင်္ဘောသား ၁၀ ဦးကို ဓါးစားခံလုပ်ဖမ်းဆီးခဲ့မှုအပါအဝင်ဖြစ်သည်။

ပင်လယ်ကွေ့တွင် ပင်လယ်ဓါးပြတိုက်မှုနှင့် လက်နက်ကိုင် ဓါးပြတိုက်မှုတို့မှာ ရေရှည်ကြာမြင့်နေသော ပြဿနာများ ဖြစ်နေလျက်ရှိသော်လည်း မကြာသေးမီ နှစ်များနှင့်လများတွင် မကြာခဏ တိုက်ခိုက်မှုအကြိမ်အရေအတွက်မှာ တိုးမြှင့်နေလျက်ရှိသည်။ ဤနှစ်တွင် Nigeria, Guinea, Togo, Benin နှင့် Cameroon ကမ်းလွန်နေရာများ၌ သင်္ဘောသား ခြောက်ဆယ့်နှစ်ဦး ဖမ်းဆီးခံခဲ့ကြောင်း သတင်းပို့ထားသည်။

ယနေ့တွင် ITF သင်္ဘောသားများ ဌာန အကြီးအကဲဖြစ်သူ David Heindel သည် သင်္ဘောကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ၊ အစိုးရများနှင့် သမဂ္ဂများအား Guinea ပင်လယ်ကွေ့တွင် ပင်လယ်ဓါးပြ မျိုးပြုန်းရေးအတွက် ပူးပေါင်းလုပ်ကိုင်ကြရန် ဆော်အော်လိုက်ပါသည်။

“ကြောက်ခမန်းလိလိအားဖြင့်၊ Guinea ပင်လယ်ကွေ့ရှိ သင်္ဘောများအပေါ် တိုက်ခိုက်မှု အရေအတွက်နှင့် ပြင်းထန်မှုမှာ တိုးမြှင့်နေလျက်ရှိသည်၊ မကြာသေးမီက အကြိမ်ကြိမ် ပြန်ပေးဆွဲမှုများနှင့်တကွ မကြာသေးမီ လများအတွင်း ရက်စက်သည့် အကြမ်းဖက်မှုလုပ်ရပ်များနှင့်တကွဖြစ်ပါသည်။ ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍတစ်ရပ်လုံးသည် ပင်လယ်ကွေ့ တစ်လျှောက် ကြိုတင်ကာကွယ်ပေးမှု၊ အစီရင်ခံမှုနှင့် တိုက်ခိုက်မှုများအပေါ် တုံ့ပြန်မှုတို့ကို တိုးတက်မှုရှိအောင်လုပ်ရန် အတွက် အရေးယူဆောင်ရွက်ရန် အရေးပေါ် လိုအပ်ပါသည်။” ဟု Heinde က ပြောကြားခဲ့သည်။

“ပင်လယ်ကွေ့ရှိ ကမ်းခြေနိုင်ငံများသည် လုပ်ငန်းကဏ္ဍနှင့် သမဂ္ဂများတို့နှင့်အတူတကွ အရေးယူမှုများကို သတ်မှတ်ရန် လုပ်ကိုင်ရမည့်အပြင် သင်္ဘောသားများနှင့် သင်္ဘောကုန်သွယ်ရေး အပေါ် ဖြစ်ပွားစေသည့် အန္တရာယ်ကို လျော့ချစေရန် လုံလောက်သော အရင်းအမြစ်များကို ချမှတ်ပေးရမည်ဖြစ်သည်။”

“ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာ စည်းမျဥ်းများဆိုင်ရာ ပြဌာန်းချက်အမျိုးမျိုးကို အသိအမှတ်ပြုသော်လည်း ကျွန်ုပ်တို့သည် စွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်ရမည့်အပြင် အနောက် အာဖရိက ပင်လယ်မှတစ်ဆင့် အသွင်ကူးပြောင်းနေသော လူ့အသက်များ ဆုံးရှုံးစေသည့် ဤတိုက်ခိုက်မှုများကြောင့် လူသား ဆုံးရှုံးမှုနှင့်တကွ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ဖြေရှင်းပေးရမည်ဖြစ်သည်။” ဟု Heindel က ပြောကြားခဲ့သည်။

လွန်ခဲ့သည်လ၌ International Chamber of Commerce International Maritime Bureau (IMB) က သတင်းထုတ်ပြန်ခဲ့သည်မှာ သင်္ဘောသား ဓါးစားခံလုပ်မှု၏ ၈၆ ရာခိုင်နှုန်းနှင့် တစ်ကမ္ဘာလုံး ပြန်ပေးဆွဲခံရမှုများ၏ ၈၂ ရာခိုင်နှုန်းနီးပါးတို့မှာ  Guinea ပင်လယ်ကွေ့တွင် ဖြစ်ပွားသည်ဟုဆိုသည်။

 

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်