Skip to main content

COVID-အမျိုးအစားကွဲ အသစ်များကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ခြင်းဖြင့် ဖြစ်ပေါ်သည့် စိုးရိမ်မှုများ သင်္ဘောသားများအကြား ပမာဏ ပိုမိုမြှင့်တက်လာ

news Press Release 22 Mar 2021

သင်္ဘောဝန်ထမ်း အပြောင်းအလဲ အကျပ်အတည်းကြောင့် သက်ရောက်ခံရသည့် သင်္ဘောသား အရေအတွက်သည် ဗိုင်းရပ်စ်ပိုး အမျိုးအစားကွဲ အသစ်များကို တုံ့ပြန်ရာ၌ အစိုးရများက ချမှတ်ထားသော ခရီးသွား ပိတ်ပင် ကန့်သတ်ချက်များအားဖြင့် ပိုမိုတက်မြှင့်နေလျက်ရှိသည်ကို သင်္ဘောလုပ်ငန်းအနေဖြင့် စိုးရိမ်ပူပန်နေကြသည်။

သင်္ဘောဝန်ထမ်း အပြောင်းအလဲ အကျပ်အတည်းကြောင့် သင်္ဘောသား 200,000 လက်ရှိ၌ သက်ရောက်မှု ခံနေရသည်ဖြစ်ကြောင်း စုပေါင်းပြုစုထားသည့် လုပ်ငန်းကဏ္ဍ နောက်ဆုံးပေါ် စူးစမ်းမှုက ပြသထားသည်၊ အယောက်ရေ 400,000 အိမ်ပြန်ပို့ခံရရန် လိုအပ်ခဲ့သည့် အမြင့်မားဆုံးဖြစ်ခဲ့သည့် အကျပ်အတည်းထဲမှ သိသိသာသာ လျော့ကျမှုတစ်ခုဖြစ်ပါသည်။

သို့သော်လည်း COVID-19 အမျိုးအစားကွဲ အသစ်များကြောင့် အစိုးရများ၏ ပိုမိုတင်းကျပ်သည့် နယ်စပ် ထိန်းချုပ်ရေးနှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ သွတ်သွင်းခြင်းမှာ သင်္ဘောဝန်ထမ်းများအတွက် သင်္ဘောများမှ အသွားအပြန် လုပ်ခြင်းကို ပိုမိုခက်ခဲစေပါသည်။

လက်ရှိအချိန်အထိ၊ 55 နိုင်ငံနှင့် IMO အဖွဲ့ဝင် အဖွဲ့အစည်းနှစ်ခုတို့ကသာ သင်္ဘောသားများမှာ အဓိက အလုပ်သမားများ အဖြစ်ထားရှိရေးနှင့် သင်္ဘောဝန်ထမ်းများအနေဖြင့် ရောဂါကပ်ဘေးကြီး၌ မြေဇာပင်အဖြစ် နောက်တစ်ကြိမ် ထပ်မံ မခံစားစေရန် အလုပ်ပိုမို လုပ်ရမည်ဟု ကြေညာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (International Labour Organisation (ILO)) သည် ၂၀၀၆ ခုနှစ် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမား စာချုပ် ၂၀၀၆ ခုနှစ် (Maritime Labour Convention, 2006) အရ အပြည်ပြည်ဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း သင်္ဘောသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် အစိုးရများက ပျက်ကွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ သမိုင်းမှတ်တိုင်အဖြစ်ကျော်ကြားသည့် စီရင်ထုံး တစ်ခုတွင် ဖော််ပြထားသည်။ ကုလသမဂ္ဂ အေဂျင်စီသည် သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် နှောင့်နှေးမှု မရှိစေဘဲအသိအမှတ်ပြုပေးရန် နိုင်ငံများအပေါ် တောင်းဆိုထားပါသည်။

သင်္ဘောသားများအား ကာကွယ်ဆေးထိုးခြင်းအတွက် ဦးစားပေးမှု တင်ပြချက်များကိုလည်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးဖြစ်သည့် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေးကို စဉ်းစားနေသည့် နိုင်ငံများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သင်္ဘောသားများမှာ အစောဆုံးအားဖြင့် ဇူလိုင်လ အထိတိုင်အောင် ကာကွယ်ဆေးထိုးနိုင်မည့် အခွင့်အလမ်း မရှိနိုင်သဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအပေါ် အတားအဆီး အလားအလာတစ်ရပ် ဖြစ်ပေါ်နေသည်။

 သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်တည်းကို ဖြေရှင်း မပေးရသေးသော်လည်း ပိုမို၍ စီမံခဲ့သည့် အခြေအနေတစ်ရပ်ဆီသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော်လည်း ဗိုင်းရပ်စ် အမျိုးအစားကွဲ အသစ်များအား တုံ့ပြန်ရာ၌ အစိုးရများက ချမှတ်သည့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ တိုးမြှင့်လာမှုအပေါ် အကြီးအကျယ် စိုးရိမ်မှု ရှိပါသည်။ သင်္ဘောသားများအား အဓိက အလုပ်သမားများအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ အကျပ်အတည်းမှာ ဆက်လက် ဖြစ်ပေါ်နေသည်၊ ကျွန်ုပ်တို့၏ အားထုတ်မှုများကို အရှိန်လျှော့ပါးရလိမ့်မည် မဟုတ်ပါ။ အစိုးရများအနေဖြင့် သင်္ဘောလုပ်ငန်း ကဏ္ဍ မပါဘဲ သို့မဟုတ် အရေးအကြီးဆုံးအားဖြင့် ကျွန်ုပ်တို့၏ သင်္ဘောသားများ မပါရှိဘဲ ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်ဆေးထိုးပေးနိုင်လိမ့်မည် မဟုတ်ပါ၊ ဟု ICS အတွင်းရေးမှူးချုပ်ဖြစ်သူ Guy Platten က ပြောကြားခဲ့သည်။

 သိသာသည့် အဖြစ်မှန်မှာ လက်တစ်ဆုပ်စာ နိုင်ငံအနည်းငယ်များကသာ သင်္ဘောသားများအား အမှန်တကယ် အဓိက အလုပ်သမား အဆင့်အတန်း သတ်မှတ်ပေးခြင်းအားဖြင့် ၎င်းတို့ ရထိုက်သည့် လေးစားမှုဖြင့် သင်္ဘောသားများအား ဆက်ဆံခဲ့ကြသည်။ အစိုးများ၏ ၎င်းတို့ လွန်ခဲ့သည့် ၁၂ လကျော် လုပ်ခဲ့သည့် ကာကွယ်တားဆီးပေးသူ အနေအထားများမှ ယခု ပြောင်းလဲမှု မရှိပါက ၎င်းပြင် သင်္ဘောသားများအား စစ်မှန်သော လွတ်လပ်စွာ လှုပ်ရှားမှုနှင့် ကာကွယ်ဆေးထိုးခြင်းအတွက် ဦးစားပေးမှုတို့ကို ခွင့်မပြုပါက ဝမ်းနည်းစွာဖြင့် အခြေအနေမှာ ထိန်းချုပ်မှုအောက်မှ လွယ်ကူစွာ နောက်ထပ်တစ်ဖန် လွတ်မြောက်နိုင်မည် မဟုတ်ပါ၊ဟု ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Stephen Cotton က ပြောကြားခဲ့သည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်