Skip to main content

Covid-19: စည်ရုံးလှုံ့ဆော်ပွဲက ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမားများ၏ အဓိကကျသည့် အခန်းကဏ္ဍကို မီးမောင်းထိုးပြ

news 16 Apr 2020

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (ITF) နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း အလုပ်ရှင်များ ကောင်စီ (International Maritime Employers’ Council (IMEC)) တို့က ထောက်ခံပံ့ပိုးပေးထားသည့်  ယူကရိန်း ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂ (Marine Transport Workers’ Trade Union of Ukraine (MTWTU)) ထံမှ စည်းရုံးလှုံ့ဆော်ပွဲတစ်ခုသည် Covid-19 ကပ်ဘေးကြီး အတောအတွင်း ကမ္ဘာအား ကုန်စည်ဆက်လက်ဖြန့်ချီပေးထားရန်နှင့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ ဆက်လက်ထားရှိပေးရန်အတွက် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမားများ၏ အဓိကကျသော အခန်းကဏ္ဍကို မီးမောင်းထိုးပြနေပါသည်။

အစားအစာ၊ ဆေးဝါးများနှင့် လောင်စာများမှာ ပင်လယ်ရေကြောင်းအားဖြင့် ကမ္ဘာတစ်ဝန်း ပို့ဆောင်ပေးရသည့် အခရာကျသော ကုန်ပစ္စည်းများအနက် အချို့သာဖြစ်ပါသည်။  

MTWTU ၏ပထမ ဒု ဥက္ကဌဖြစ်သူ Oleg Grigoryuk က ပြောကြားခဲ့သည်မှာ- “ကမ္ဘာ့ကုန်သွယ်ရေးကိစ္စတွင် ဒေသတစ်ခုလုံးကူးစက်ပျံ့နှံ့မှု၏ ရှေ့တန်းမျက်နှာပြင်၌ တစ်ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများမှာ မည်သို့ရှိနေကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းက သူတို့၏ လုပ်အားကို မည်သို့ ကြီးကြီးကျယ်ကျယ် ကျေးဇူးတင်ရှိကြောင်း နှင့်တကွ ဤကမ္ဘာရှိ မြို့တိုင်းအတွက်၊ မိသားစုတိုင်းအတွက်၊ လူတစ်ဦးစီအတွက် သူတို့၏အလုပ်မှာ မည်သို့ အရေးကြီးကြောင်း ပြသပေးရန် အရေးပါလှပါသည်။”

MTWTU အနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်သမားများအား မိမိတို့ကိုယ်တိုင်ကို စည်းရုံးလှုံ့ဆော် ကြော်ငြာပို့စ်တာနှင့်အတူ ဓါတ်ပုံတွဲရိုက်၍ လူမှုရေး မီဒီယာပေါ်တွင် hashtag #ISupplyTheWorld နှင့်အတူ တင်ရန်လိုလားပါသည်။

ITF သည် ကမ္ဘာတစ်ဝန်း နိုင်ငံများနှင့် ဆိပ်ကမ်းများတွင်  Covid-19 ကန့်သတ်ချက်များ၏ သက်ရောက်မှုကို ပြသထားသည့် မြေပုံ အားထုတ်ပြန်ပေးခဲ့သည်။

ITF အဆက်အသွယ်ကွန်ခြာ၏ 140 နီးပါး စိစစ်ရေးမှူးများနှင့် အဆက်အသွယ် ကွန်ခြာများထံမှ အချက်အလက်အပေါ် အခြေခံသော် မြေပုံသည် ဘေးကပ်ဆိုးကြီးကြောင့် ပြင်းထန်စွာအထိခံရသည့် ထောင်နှင့်ချီသော သင်္ဘောသားများအတွက် အခရာကျသည့် အရင်းအမြစ်တစ်ခု ဖြစ်ပါလိမ့်မည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်