Skip to main content

Covid-19 မြေပုံကို တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသားများအား ပံ့ပိုးပေးရန်အတွက် ထုတ်ပြန်

news

ITF သည် ကမ္ဘာတစ်ဝန်း နိုင်ငံများနှင့် ဆိပ်ကမ်းများတွင်  Covid-19 ကန့်သတ်ချက်များ၏ သက်ရောက်မှုကို ပြသထားသည့် မြေပုံ အားထုတ်ပြန်ပေးလိုက်သည်။

ITF အဆက်အသွယ်ကွန်ခြာ၏ 140 နီးပါး စိစစ်ရေးမှူးများနှင့် အဆက်အသွယ် ကွန်ခြာများထံမှ အချက်အလက်အပေါ် အခြေခံသော် မြေပုံသည် ဘေးကပ်ဆိုးကြီးကြောင့် ပြင်းထန်စွာအထိခံရသည့် ထောင်နှင့်ချီသော သင်္ဘောသားများအတွက် အခရာကျသည့် အရင်းအမြစ်တစ်ခု ဖြစ်ပါလိမ့်မည်။

အစိုးရများသည် သင်္ဘောများနှင့် သင်္ဘောဝန်ထမ်းများအပေါ် အမျိုးမျိုးသော ကန့်သတ်ပိတ်ပင်မှုများကို ချမှတ်နေကြပြီး ဤမြေပုံအားဖြင့် အသုံးပြုသူအား နောက်ဆုံးသတင်းများကို ရှာဖွေနိုင်စေပါလိမ့်မည်။  

ITF စိစစ်ရေးမှူး အဖွဲ့ ညှိနှိုင်းရေးအရာရှိဖြစ်သူ Steve Trowsdale က ပြောကြားခဲ့သည်မှာ- “ကမ္ဘာ့ သင်္ဘောသားတွေဟာ ဒီဘေးကပ်ကြီးကြောင့် ထူးခြားတဲ့ ထိခိုက်လွယ်တဲ့နေရာမှာ ကျရောက်စေခဲ့တယ်။ သူတို့တတွေဟာ အသုံးဝင်တဲ့ ဒါမှမဟုတ် အထောက်အကူပြုတဲ့ သတင်းအချက်အလက် နည်းနည်းလေးနှင့်အတူ အိမ်ကနေ မိုင်ပေါင်းများစွာ အဝေးမှာ ရှိနေကြတယ်။

“ဒီမြေပုံဟာဆိုလိုရှိရင် ဒီဘေးကပ်ကြီးမှာ ချောင်ပိတ်မိနေတဲ့ သင်္ဘောသားတိုင်းအတွက် ရရှိစေဖို့ ITF က နောက်ထပ် နည်းလမ်းတစ်ခုအားဖြင့် သူလုပ်နိုင်သမျှ အားလုံးကို အသုံးချပြီးလုပ်ပေးနေခြင်းဘဲ ဖြစ်ပါတယ်။  ပြင်းပြင်းထန်ထန် ပြဿနာရှိတဲ့ ဘယ်သင်္ဘောသားကမဆို အနီးဆုံး စိစစ်ရေးမှူး ဒါမှမဟုတ် အဆက်အသွယ်ကွန်ခြာ ညှိနှိုင်းရေးအရာရှိ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ ထက်ထက်သန်သန်လုပ်ပေးတဲ့ သင်္ဘောသားများ ပံ့ပိုးရေး အဖွဲ့ကို ဆက်သွယ်ဖို့အတွက် ဒီမြေပုံကို သုံးသင့်ပါတယ်။”

သင်္ဘောသားများ ပံ့ပိုးရေး အဖွဲ့ကို  seafsupport@itf.org.uk, WhatsApp/Viber +44 7523 515097 သို့မဟုတ် Facebook @itfseafarerssupport တို့မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်