Skip to main content

COVID-19 ဘေးကပ်ကြီး အတောအတွင်း မိမိ၏ အလုပ်သမားများအား အကာအကွယ်ပေးရန် MAERSK ကို ITF တောင်းဆို

news Press Release 25 Mar 2020

AP Moller Maersk ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကြီး ကျင်းပသည့်နေ့ရက်၌ ITF သည် ကုမ္ပဏီ AGM သို့ ထုတ်ပြန်ချက်တစ်စောင် တင်ပို့လိုက်သည်၊   Covid-19 ကမ္ဘာအနှံ့ရောဂါပျံ့နှံ့ချိန်အတောအတွင်း တိုးချဲ့လုပ်နေသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍများ၌ အရေးယူလုပ်ဆောင်မှုအတွက် မိမိ၏ တောင်းဆိုချက်များ ကိုထောက်ပြရင်း ဖြင့်ဖြစ်သည်။

ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍအတွက် အန္တရာယ်လွန်ကဲသော ဤအချိန်အခါ၌ ၎င်းအပြင် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ သာယာဝပြောရေးအတွက် ITF သည် Maersk အား ပင်လယ်ပြင်နှင့်ကမ်းပေါ် မိမိ၏ ကုန်စည်ဖြန့်ချီရေး တိုးချဲ့လျက်ရှိသော ကွင်းဆက်ရှိ အလုပ်သမားများအတွက် တာဝန်ယူရန် တောင်းဆိုလိုက်သည်။

ITF နှင့် ၎င်း၏ အဖွဲ့ဝင်တို့သည် Maersk လုပ်ငန်းအတွင်းရှိ သင်္ဘောသားများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ သင်္ဘောကြီးကို ဆွဲပေးသည့် ဆွဲသင်္ဘောငယ်အလုပ်သမားများနှင့် ကုန်းတွင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများကို ကိုယ်စားပြုပါသည်။ ကုမ္ပဏီအား သူတို့တွင် Covid-19 ကူးစက်မှု အန္တရာယ်ကို ကာကွယ်ပေးရန် ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာပစ္စည်းကို သွတ်သွင်းထားကြောင်း သေချာစေရန်အတွက် ဆော်သြလိုက်ပါသည်။ ထို့ပြင် အလုပ်သမား တစ်ဦးဦးတွင် ကူးစက်ခံရသည့်ကိစ္စ သို့မဟုတ် အလုပ်သမားတစ်ဦးမှာ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုယ်တိုင် အထီးကျန်နေရန် လုပ်ရသည့်ကိစ္စဖြစ်သည့် ကံမကောင်းအကြောင်းမလှသည့် ကိစ္စများ၌ လစာပြည့်ကို ပေးအပ်ရန် ဖြစ်သည်။

အခရာကျသည့် ကုန်ပစ္စည်းများနှင့် ဆေးဝါးများအား ပြည်ပပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန်ကို သေချာစေရန်အလို့ငှါ သင်္ဘောများ သွားလာနိုင်ရမည်၊ ထို့ပြင် ဤသို့သွားလာနိုင်ရန် သင်္ဘောသား အပြောင်းအလဲများကို ကူးစက်မှုဆိုင်ရာ ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေစဥ်အတွင်း လုပ်ရမည်ဖြစ်သည်။  လက်ရှိ၌ ITF သည် သင်္ဘောသားများအနေဖြင့် သင်္ဘောများဆီသို့ အလုပ်တက်ရန်နှင့် သင်္ဘောများမှထွက်ခွာရန် လွတ်လပ်စွာ မသွားလာနိုင်သည့် အခြေအနေများကို နေ့စဥ်နှင့်အမျှ ဖြေရှင်းပေးနေရသည်။ ဤသို့ဖြစ်ရခြင်းမှာ နိုင်ငံ့အစိုးရများ၏ မိမိနိုင်ငံအတွင်း အဝင်အထွက် သွားလာမှုများ အပေါ် ပိတ်ပင်မှုဆိုင်ရာ ချမှတ်မှုများ များပြားလာခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရများသည် ဤသို့သော အလွန်ထူးခြားသည့် ကပ်ဘေးကြီးအတွင်း သင်္ဘောသားများ၏ အခရာကျမှုကို အသိအမှတ်ပြုရန် လိုအပ်သည်ဖြစ်ပြီး သူတို့အား နိုင်ငံသားကို မသက်ဆိုင်စေဘဲ ‘အဓိက အလုပ်သမားများ’ အဖြစ် ဆက်ဆံပေးရန် လိုအပ်ပါသည်။

ITF နှင့်တကွ သင်္ဘောသားများနှင့် ဆိပ်ကမ်းအလုပ်သမားများကို ကိုယ်စားပြုနေသော ကျွန်ုပ်တို့၏ ပင်လယ်ရေကြောင်း အဖွဲ့ဝင်များသည် အလံအငှါးနိုင်ငံများအား မိမိတို့၏ သင်္ဘောပေါ်ရှိ အားလုံးသော အလုပ်သမားများနှင့် ခရီးသည်များ၏ ကျန်းမာရေးနှင့် သာယာဝပြောရေးကို Covid-19 ကူးစက်မှု တွေ့ရှိသည့်အခါ ထိုက်သင့်သော တာဝန် ယူပေးရန်ကိုလည်း တောင်းဆိုနေပါသည်၊ ၎င်းကိစ္စတွင် အလံအငှါးတင် သင်္ဘောများလည်း ပါဝင်သည်။

Maersk AGM သို့ ထုတ်ပြန်စာ၌ ITF သည် မဲလ်ဘုန်းဆိပ်ကမ်းတွင် Maersk Line လုပ်ငန်းလည်ပတ်မှုများနှင့် ပတ်သက်၍ မိမိ၏ စိုးရိမ်ပူပန်မှုကိုလည်း ထပ်မံတင်ပြလိုက်သည်။ ဤပြဿနာများကို ဖော်ထုတ်ခဲ့ပြီး၊ ITF သည် မိမိတို့အနေဖြင့် ဤပြဿနာကို ဖြေရှင်းပေးရန် အပြုသဘောကောင်းမွန်ကာ တာဝန်သိသိ အဆင်မပြတ် ပြောဆိုဆွေးနွေးမှုကို မျှော်လင့်ကြောင်း ကုမ္ပဏီအား အကြောင်းကြားခဲ့သည်။

ပြီးပြီး။

ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံပေါင်း ၁၅၀ ရှိ အလုပ်သမား သန်း ၂၀ ခန့်ကို ကိုယ်စားပြုနေသည့် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကုန်သွယ်သမဂ္ဂ ၇၀၀ နီးပါး၏ ဒီမိုကရေစီဆန်ဆန် သမဂ္ဂ အဖွဲ့ချုပ်တစ်ခု ဖြစ်ပါသည်။  ITF သည် သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ ဘဝများကို တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်ကောင်းမွန်ရေးအတွက် လုပ်ကိုင်ပေးပါသည်၊ မိမိ၏ အဖွဲ့ဝင် လုပ်ငန်းကွန်ခြာ တစ်ခုလုံးရှိ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွှတ်မှုကို တိုက်တွန်းရင်းနှင့် စီမံပေးရင်းဖြင့်ဖြစ်ပါသည်။ ITF သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်များ၊ အလုပ်အကိုင် အခြေအနေများနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော အဖွဲ့အစည်းများရှိ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ၏ အကျိုးကို ကိုယ်စားပြုပါသည်။

Covid-19 နှင့် ITF တို့နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းများအတွက် ကြည့်ရှုရန် ဝက်ဘ်ဆိုက်- https://www.itfglobal.org/en/focus/covid-19

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်