Skip to main content

ယူကရိန်း (Ukrainian) သင်္ဘောသားများအတွက် အသိရှိမှုမြှင့်တင်ပေးသည့် နှီးနှောဖလှယ်ပွဲ MTWTU သမဂ္ဂ ကျင်းပပေး

news 04 Dec 2019

ITF-ထောက်ခံထားသည့် ပွဲလမ်းဖြစ်သော၊ Union Week - New Generation, သည် Odessa, Ukraine ၌ လေးနှစ်အတွင်း MTWTU ကကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ် အသိရှိမှု မြှင့်တင်ပေးသည့် နှီးနှောဖလှယ်ပွဲ ဖြစ်ပါသည်။ ၎င်းသည် ယူကရိန်းနိုင်ငံသား 150 ကျော် လှုပ်ရှားစေရန်နှင့် အနာဂတ် သင်္ဘောသားများအား ဆွဲဆောင်ခဲ့ပါသည်။

နှီးနှောပွဲ အစီအစဉ် အကြောင်းခေါင်းစဉ်များမှာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် သမဂ္ဂ လှုပ်ရှားမှု၊ ITF နှင့် ITF စစ်ဆေးရေးမှူးချုပ်၏ အခန်းကဏ္ဍ၊ သင်္ဘောသားများ၏ ကျန်းမာကောင်းမွန်ရေးတို့အပြင် သင်္ဘောသားများ၏ အလုပ်အကိုင် ကန်ထရိုက်စာချုပ်များနှင့် စုပေါင်း အလုပ်အကိုင်လုပ်ခ သဘောတူစာချုပ်များ၊ ပင်လယ်ရေကြောင်း အလုပ်သမားစာချုပ်တို့ဖြစ်ပြီး ဒေသတွင်းရှိ လုပ်ငန်းကဏ္ဍအပေါ် နောက်ဆုံးသတင်းတို့ ပါဝင်ပါသည်။ ပါဝင်လုပ်ဆောင်ကြသည့် သင်္ဘောသားများသည် ဘေးကင်းလုံခြုံရေးနှင့် သင်္ဘော မောင်းနှင်လည်ပတ်ရေးနှင့် ပတ်သက်သည့် အမှန်စင်စစ်နီးပါး လေ့ကျင့်သင်တန်းများတွင်လည်း တက်ရောက်လုပ်ဆောင်ခဲ့ကြပါသည်။

Croatia မှ ITF ညှိနှိုင်းဆောင်ရွက်ပေးသူအရာရှိ Romano Peric နှင့် Spain မှ ITF စစ်ဆေးရေးမှူး Gonzalo Galan တို့သည် ITF စစ်ဆေးရေးမှူးချုပ်ကို ကိုယ်စားပြု၍ နှီးနှောပွဲကို တက်ရောက်ပေးခဲ့သည်။

"ကျွန်ုပ်တို့ ကျွန်ုပ်တို့ရဲ့ အလျင်အမြန်ကြီးထွားနေတဲ့ သမဂ္ဂအပေါ် ITF က ထားရှိတဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ အဲဒါဟာ ကျွန်ုပ်တို့ကို ဖွံ့ဖြိုးဖို့၊ တိုးချဲ့ဖို့ အပြင် ဟုတ်ပါတယ် ကျွန်ုပ်တို့ရဲ့ သင်္ဘောသားတွေကို မိမိတို့ရဲ့ အလုပ်သမားအခွင့်အရေးများကို ပညာပေးဖို့အတွက် အခွင့်သာစေပါတယ်။ ဤလှုပ်ရှားမှုတွေဟာ ကျွန်ုပ်တို့ရဲ့ သင်္ဘောသားတွေကို ကူညီသတင်းပေးစေပြီး မိမိတို့ရဲ့ အခွင့်အရေးတွေကို သိရှိရင်း သူတို့တွေကို နောက်ဆုံးသတင်းသိစေခဲ့ပြီး အကာအကွယ်ပေးစေခဲ့ကြောင်း သေချာစေပါတယ်" ဟု သမဂ္ဂ အပတ်ကို စီစဉ်ပေးခဲ့သူ MTWTU ပထမ ဒု-ဥက္ကဌဖြစ်သူ Oleg Grygoriuk က ပြောကြားခဲ့ပါသည်။

"အရေးကြီးဆုံးအားဖြင့် ဤနှီးနှောပွဲတွေဟာ ကျွန်ုပ်တို့ရဲ့ သင်္ဘောသားတွေကို သင်္ဘောပေါ်မှာ သူတို့ရဲ့ အလုပ်သမား အခွင့်အရေးတွေ့နဲ့ ကြုံတွေ့လာတဲ့အခါ ပိုမိုပြီး အသိရှိထက်သန်လာစေဖို့ အခွင့်သာစေပါတယ်။ သမဂ္ဂ အပတ် နှီးနှောဖလှယ်ပွဲတွေဟာ အမြဲတမ်းလိုလို အောင်မြင်မှုရှိခဲ့တယ်၊ ကြီးမားတဲ့ စိတ်ဝင်စားမှုရှိပြီး၊ ယူကရိန်းနိုင်ငံ သင်္ဘောသားတွေရဲ့ ပါဝင်လှုပ်ရှားမှု ရှိခဲ့တယ်၊ အဲ့ဒါအပြင် ယူကရိန်းမှာရှိတဲ့ MTWTU ရဲ့ သိက္ခာနှင့် တစ်ကမ္ဘာလုံးဆိုင်ရာအားဖြင့် ITF သမဂ္ဂတွေရဲ့ သိက္ခာတွေကို ကောင်းမွန်စွာ ပံ့ပိုးမြှင့်ပေးလျက်ရှိပါတယ် ဟု Grygoriuk က ဖြည့်စွက်ပြောကြားခဲ့သည်။

နှီးနှောဖလှယ်ပွဲလုပ်နေစဉ်အတွင်း သင်္ဘောသားများသည် HIV ၊ အသည်းရောင်ရောဂါ နှင့် C ၊ ဆစ်ပလစ်ကာလသားရောဂါ အပြင် သွေးသကြားဓါတ်အခြေအနေများကို စစ်ဆေးရန်အတွက် အခမဲ့ ဆေးစစ်ဆေးမှုများကိုလည်း စစ်ဆေးခံယူခဲ့ပါသည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်