Skip to main content

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ယူကရိန်းနိုင်ငံတို့ရှိ ITF အဖွဲ့ဝင်များ နိုင်ငံ့အစိုးရများအပေါ် ဖိအားတိုးမြှင့်

news 02 Jun 2020

ကုန်သွယ်သမဂ္ဂ လှုပ်ရှားမှုသည် မိမိ၏ ဖိအားပေးမှုကို အစိုးရများအပေါ် တိုးမြှင့်၍ ဖိအားပေးနေလျက်ရှိသည်၊ ခန့်မှန်းခြေ သင်္ဘောသား အယောက် 200,000 ကိုထိခိုက်နေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်း မြင့်မားနေခြင်းကို ဖြေရှင်းပေးရန် တောင်းဆိုမှုကို တစ်ဆင့်တိုးတောင်းနေခြင်းဖြစ်သည်၊ ဤအပတ်၌ အမေရိကန်နှင့် ယူကရိန်း သမဂ္ဂများသည် အပြောင်းအလဲအတွက် တောင်းဆိုရာ၌ မိမိတို့ သြစတြေးလျန်း ညီအစ်မများနှင့် ညီအစ်ကိုများကို ပူးပေါင်းပါဝင်ခဲ့သည်။

အမေရိကန် ပင်လယ်ရေကြောင်း သမဂ္ဂ ခြောက်ခု၏ ဥက္ကဌများသည် အမေရိကန် ပင်လယ်ရေကြောင်း လုပ်သားများအတွက် နိုင်ငံခြား ကယ်ဆည်ရေးကို ပံ့ပိုးပေးရန် အရေးပေါ် တောင်းဆိုမှုဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးတို့အား ဆက်သွယ်ခဲ့ပါသည်။ အဆိုပါ တောင်းဆိုစာတွင် လက်မှတ်ရေးထိုးကြသူများမှာ SIU ဥက္ကဌဖြစ်သူ Michael SaccoAMO ဥက္ကဌဖြစ်သူ Paul Doell  MEBA ဥက္ကဌဖြစ်သူ Marshall Ainley MM&P ဥက္ကဌဖြစ်သူ Don Marcus SUP ဥက္ကဌဖြစ်သူ Dave Connolly ၊ နှင့် MFOW ဥက္ကဌဖြစ်သူ Anthony Poplawski တို့ဖြစ်ကြသည်။

သမဂ္ဂ ခေါင်းဆောင်များက ပြောကြားသည်မှာ အမေရိကန်ပြည်ထောင်စု ပင်လယ်ရေကြောင်းလုပ်သားများမှာ “Covid-19 လွန်ကဲသော ပိတ်ပင်မှု အရေးယူလုပ်ဆောင်ချက်များကြောင့် ထွက်ခွာမရနိုင် သို့မဟုတ် အိမ်မပြန်နိုင်ဘဲ ကုန်တင်သင်္ဘောများပေါ်၌ ချောင်ပိတ်ခံနေရသည်။” သူတို့က သတိပေးသည်မှာ လူသားချင်းစာနာထောက်ထားရမည့် အကျပ်အတည်း အကယ်၍ အမြန်ဆုံး မဖြေရှင်းပေးလျှင် နိုင်ငံရပ်ခြား၌ ယခု တာဝန်ထမ်းဆောင်နေလျက်ရှိသော အမေရိကန်ပြည်ထောင်စု စစ်ဖက် အရာရှိ အချို့ အယောက် 200,000 အတွက် မရှိမဖြစ် လိုအပ်သည့် ကုန်စည်ဖြန့်ချီရေး ကွင်းဆက်ကို ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်သည်။”

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး တိုင်းပြည်ဖြစ်သည့်အပြင် စစ်ဖက်ဆိုင်ရာ စစ်စခန်းများ၊ လေယာဥ်ပျ့များနှင့် ပံ့ပိုးအဆောင်အယောင်များ တစ်ကမ္ဘာလုံး၌အတူရှိသည့်အမေရိကန်ပြည်ထောင်စုသည် ပင်လယ်ပြင်၌ ချောင်ပိတ်မိခံနေရသည့် မိမိ၏ ပင်လယ်ရေကြောင်းလုပ်သားများကို မကယ်ဆည်နိုင်သည်မှာ လက်ခံ၍ မရနိုင်လောက်အောင် ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိနေ့ရက်အထိ ဤပြဿနာကို ဖြေရှင်းပေးရန် သင်၏ သက်ဆိုင်ရာ ဌာန ဝန်ထမ်းများနှင့်အတူ ကျွန်ုပ်တို့၏ အားထုတ်မှုများမှာ ရလဒ်အဖြေ မပေါ်သေးပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤပြဿနာကို သင်၏ အာရုံစိုက်မှုသို့ ယူဆောင်လာရပါသည်။”

အမေရိကန်ပြည်ထောင်စု သမဂ္ဂ ခြောက်ခုသည် ကြာသပတေးနေ့တွင် ပူးပေါင်းကြပြီး ယူကရိန်းနိုင်ငံ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အလုပ်သမားများ ကုန်သွယ် သမဂ္ဂ  (Marine Transport Workers’ Trade Union of Ukraine (MTWTU))  ဥက္ကဌဖြစ်သူဖြစ်သူ Mykhailo Kirieievto ထံမှ စာတစ်စောင်ကို သူ၏ ဝန်ကြီးချုပ်နှင့် သမ္မတထံသို့ ပို့ပေးခဲ့သည်။ The MTWTU သည် ကမ္ဘာပေါ်၌ အကြီးမားဆုံး သင်္ဘောသားများ သမဂ္ဂများအနက် တစ်ခုဖြစ်ပြီး ITF အဖွဲ့ဝင် သမဂ္ဂ တစ်ခု ဖြစ်သည်။

ယူကရိန်း သင်္ဘောသားများ၏ အခွင့်အရေးများနှင့် တရားဝင် အကျိုးခံစားခွင့်များကို အကာအကွယ်ပေးရန် အားလုံးသော ဖြစ်နိုင်သည့် အရေးယူလုပ်ဆောင်မှုများကို လုပ်ရန်၊ သင်္ဘောသားများနှင့် ပင်လယ်ရေကြောင်း အရာရှိများ၏ လှုပ်ရှားမှုကို ပံ့ပိုးပေးရန်အတွက် ရည်မှန်းထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက တင်ပြထားသော အကြံပြုချက်များကို အသေအချာ သွတ်သွင်းပေးရန်ကို သေချာစေရန်” ITF အထွေထွေ အတွင်းရေးမှူးဖြစ်သူ Steve Cotton နှင့်အတူ MTWTU သည် ယူကရိန်းနိုင်ငံ ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။

သင်္ဘောသားများသည် ပုံမှန်အားဖြင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲများ လုပ်နိုင်ရမည်၊ ဆိုလိုသည်မှာ ယူကရိန်းသည် “ထူးခြားသော စည်းမျဥ်းများ” သွတ်သွင်းရမည်၊ ၎င်းစည်းမျဥ်းများအားဖြင့် ကမ္ဘာ့သင်္ဘောသားများ ယူကရိန်းနယ်စပ်သို့ လာရောက်ရန်နှင့် အိမ်ပြန်ရန်အတွက် လေကြောင်းနှင့် အခြား ခရီးစဥ်ကို သုံးရန် ခွင့်ပြုရလိမ့်မည်။

ယင်းနောက် ITF နှင့် သြစတြေးလျနိုင်ငံ ပင်လယ်ရေကြောင်း သမဂ္ဂ ကိုယ်စား ITF ဥက္ကဌဖြစ်သူ Paddy Crumlin ထံမှ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ထံသို့ ဤပေါ်ပေါက်နေသည့် လူသားချင်းစာနာထောက်ထားသင့်သည့် ဘေးအကျပ်အတည်းကို ဖယ်ရှားပစ်ရန်အတွက် ချက်ချင်းနှင့်တကွ လုံးဝဥဿုံ ခေါင်းဆောင်မှုကို ဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ဆက်လုပ်လာပါသည်။

အမေရိကန်နှင့် ယူကရိန်းတို့သည် အစိုးရများအနေဖြင့် သင်္ဘောသားများ၊ ဆိပ်ကမ်းအလုပ်သမားများနှင့် ငါးဖမ်းသမားများတို့အား 'အဓိက အလုပ်သမားများ' အဖြစ် ဆက်ဆံပေးရန် နှင့် ခက်ခဲသည့် အချိန်ကာလတစ်လျှောက်လုံး ဤအလုပ်သမားများ၏ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှုနှင့်တကွ ပံ့ပိုးပေးမှု အတွက် ဂုဏ်သိက္ခာနှင့်လေးစားမှု ပြသပေးရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ လှုံဆော်မှုကို ထပ်မံ၍ ဖိအားပေးရန် တောင်းဆိုလိုက်ပါသည်။

ပင်လယ်ရေကြောင်း စာချုပ်များအရ၊ အကယ်၍ သင်္ဘောသားများသည် သင်္ဘောများပေါ်၌ လပေါင်းများစွာ ရှိနေလျှင် သင်္ဘောအား ဆိပ်ကမ်း ထိန်းချုပ်မှု အာဏာပိုင်များက ရပ်ဆိုင်းနိုင်ပါသည်။

အဆိုပါကဲ့သို့ လိုက်နာဆောင်ရွက်မှု မရှိခြင်း၏ နောက်ဆက်တွဲ ကြီးမားသော အန္တရာယ်မှာ အစိုးရများအတွက် ကြီးထွားလျက်ရှိပါသည်၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ဘီလီယံနှင့်ချီသောလူများနှင့်တကွ မဲဆန္ဒရှင်များ အားထားနေရသည့် သင်္ဘောများကို ဘေးကင်းလုံခြုံစွာ မောင်းနှင်ပေးနေရစဥ် ချောင်ပိတ်ခံနေရသည့် ပိုမိုများပြားလာလျက်ရှိသော သင်္ဘောသား အရေအတွက် အများအပြားမှာ ပိုမိုဆိုးရွားနေလျက်ရှိသည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် တိုးပွားနေလျက်ရှိသည့် ပင်ပန်းနွမ်းနယ်မှုတို့ဖြင့် ရုန်းကန်နေကြပါသည်။

 

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်