Skip to main content

သင်္ဘောသားများ နိုင်ငံရပ်ခြား၌ ဆက်လက်၍ ချောင်ပိတ်မိခံရနေစဥ် ကမ္ဘာလှည့်အပျော်စီး သင်္ဘော အလုပ်သမား နောက်ထပ် နှစ်ဦး သေဆုံးမှုကို ဝမ်းနည်းကြောင်း ITF ဖွင့်ဟ

news 14 May 2020

ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှု အဖြေကို စောင့်ဆိုင်းနေခိုက် ငယ်ရွယ်သူ ယူကရိန်း သင်္ဘောဝန်ထမ်းမှာ ရော့တာဒန်မြို့ ဆိပ်ကမ်း၌ အိမ်ပြန်ပို့ခံရရန် စောင့်ဆိုင်းနေစဥ် သူမ၏ အသက်ကို အဆုံးစီရင်ခဲ့ပုံပေါက်ပါသည်။  ကျွန်ုပ်တို့သည် Mariner of the Seas သင်္ဘောပေါ်ရှိ အမျိုးသား၏ သေဆုံးမှု အခြေအနေများနှင့်ပတ်သက်သည့် အချက်အလက် အပိုတို့ကို လက်ရှိ၌ ရှာနေလျက်ရှိပါသည်။
 
The Regal Princess
သင်္ဘောသည် ရော့တာဒန်မြို့ (Rotterdam) သို့ မေလ ၆ ရက်နေ့တွင် အိမ်ပြန်ရန် ဖြစ်စဥ် နောက်ဆုံးအဆင့်အတွက် ရောက်ရှိလာခဲ့ပြီး သေဆုံးသူ အမျိုးသမီး အပါအဝင် သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ သောကြာနေ့ မေလ ၈ ရက်နေ့တွင် စင်းလုံးငှါး လေယာဥ်ဖြင့် အိမ်ပြန်ရန် စီစဥ်ထားခဲ့သော်လည်း လေယာဥ်ကို ပယ်ဖျက်ခဲ့သည်။ သင်္ဘောသား ဝန်ထမ်းများကို နောက်တစ်ကြိမ် ရနိုင်မည့် လေယာဥ်မှာ မေလ ၁၂ ရက်နေ့ ဖြစ်သည်ဟု ပြောခဲ့သော်လည်း ဝမ်းနည်းဖွယ်ကောင်းစွာဖြင့် အမျိုးသမီးသည် သူမ၏ အိမ်ပြန်ရန် စင်းလုံးငှါး လေယာဥ် ပယ်ဖျက်ခံရပြီးနောက် သင်္ဘောပေါ်မှ ခုန်ချခဲ့ပြီး သေဆုံးခဲ့ပါသည်။
 
အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဥ် လျှော့နည်းမှုနှင့် အစိုးရ၏ ပိတ်ပင်ကန့်သတ်ချက်များနှင့်တကွ ကမ္ဘာလှည့်အပျော်စီး သင်္ဘောများပေါ် အလုပ်လုပ်ကိုင်သော သင်္ဘောသားများအပေါ် ဆိပ်ကမ်းများက ချမှတ်သည့် ထပ်ဆင့်အပို ပိတ်ပင်ကန့်သတ်ချက်များကြောင့် သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရေးကိစ္စမှာ အလွန် ခက်ခဲနိုင်ပြီး ထောင်နှင့်ချီသော ကမ္ဘာလှည့်အပျော်စီး သင်္ဘော အလုပ်သမားများမှာ မိမိတို့၏ သင်္ဘောများပေါ်၌ ဆက်လက်နေရန် အတင်းအကျပ်လုပ်ခံရပါသည်။
 
သင်္ဘောသားများအတွက် လူမှုရေးဆိုင်ရာ အထီးကျန်နေခြင်းနှင့် ဆက်နွှယ်သည့် စိတ်သာကမှာ ပုံမှန်အချိန်အခါ၌ပင် ခက်ခဲနိုင်ပါသည်၊ သို့သော် Covid-19 ရောဂါကပ်ကြီးအတွင်း ကျွန်ုပ်တို့ မြင်တွေ့နေရသည်မှာ ဝမ်းနည်းကျေကွဲဖွယ် နောက်ဆက်တွဲကိစ္စများဖြစ်ပါသည်၊ ၎င်းက မြှင့်တင်ပေးလိုက်သည့် စိတ်သောကနှင့် မသေချာ မရေရာမှုသည် သင်္ဘောသားများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နေသည်ဟု သင်္ဘောသားများ ဌာနခွဲ ဥက္ကဌဖြစ်သူ David Heindel က ပြောကြားခဲ့သည်။
 
ဗိုင်းရတ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အစိုးရများ၏ ချမှတ်ထားသော တင်းကျပ်သည့် ပိတ်ပင်ကန့်သတ်ချက်များကြောင့်၊ ကမ္ဘာလှည့်အပျော်စီး သင်္ဘောများပေါ်ရှိ သင်္ဘောသားများမှာ အခြားသော အလုပ်သမား အမျိုးအစားများထက် သို့မဟုတ် အများပြည်သူတို့ထက် ပိုမိုကြီးမားသော အန္တရာယ် တစ်ခုခု ဖြစ်ပွားကြောင်း မည်သည့် အကျိုးသင့် အကြောင်းသင့် ရှင်းပြချက်မျှ သို့မဟုတ် မည်သည့် သိပ္ပံနည်းကျ အထောက်အထားမျှ မရှိသော်ငြားလည်း သင်္ဘောသားများမှာ ဒဏ်ခတ်ခံနေရသည်။ဟု သူက ဖြည့်စွက် ပြောခဲ့သည်။
 
ခန့်မှန်းခြေ သင်္ဘောသား အယောက် 150,000 တို့သည် လက်ရှိ၌ သင်္ဘောပေါ်မှ ထွက်ခွာရန် သို့မဟုတ် သင်္ဘောသို့ တက်ရောက်ရန် စောင့်ဆိုင်းနေလျက်ရှိသည်၊ ကမ္ဘာတစ်ဝန်း ထောင်ပေါင်း ဆယ်နှင့်ချီသောသူတို့မှာ လက်ရှိ၌ သင်္ဘောများပေါ်တွင် ဆက်တိုက်ချမှတ်ထားသော ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များကြောင့် ချောင်ပိတ်မိခံနေရပါသည်။
 
သင်္ဘောသားများ၏ သမဂ္ဂများသည် ကမ္ဘာတစ်ဝန်း ကမ္ဘာလှည့်အပျော်စီး သင်္ဘောများမှ ထောင်ပေါင်း ဆယ်နှင့်ချီသော ခရီးသည်များအား ရက်သတ္တပတ်များအတွင်း အိမ်ပြန်ပို့ရန် စီစဥ်ပံ့ပိုးပေးခဲ့သည့် အစိုးရထံမှ တုံ့ပြန်မှုအတူအတူကို တောင်းခံနေလျက်ရှိသည်။
 
သင်္ဘောသားများအား ခရီးသည်များ နည်းတူ လူသားဆန်ဆန် ဆက်ဆံပေးရန် အချိန်ကျရောက်ပါပြီ။ ITF နှင့် ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ ဖက်စပ်လုပ်ကိုင်သူများက ပြီးခဲ့သည့်အပတ်၌ သတိပေးလိုက်သည်မှာ ထိုသို့လုပ်ရန် ပျက်ကွက်မှုအားဖြင့် သင်္ဘောသားများ၏ ကျန်းမာကောင်းမွန်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး တို့အပြင် တစ်ကမ္ဘှာလုံး အားထားနေရသည့် ကုန်စည်ဖြန့်ချီရေး ကွင်းစက်များကိုလည်း အန္တရာယ်နှင့် အရဲစွန့်ရာရောက်သည်။ ကျွန်ုပ်တို့အနေဖြင့် နောက်ထပ်လူများများ သူတို့၏ အသက်များကို အဆုံးမစီရင်မီ ဤ သင်္ဘောသားများအား အိမ်ပြန်ပို့ပေးရန် အချိန်တန်ပြီဖြစ်ပါသည်၊ဟု Heindel က ပြောကြားခဲ့သည်။
 
နှစ်ပတ် အောက် အချိန်ကာလအတွင်း သင်္ဘောဝန်ထမ်း လေးဦးသည် ယခု သတင်းပို့ထားချက်အရ သူတို့၏ အသက်များကို အဆုံးသတ်ခဲ့ပြီးဖြစ်သည်။ မေလ ၉ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံမှ Carnival အဖွဲ့ အဖွဲ့ဝင် တစ်ဦးသည် Carnival Breeze သင်္ဘောပေါ်၌ သေဆုံးခဲ့သည်၊ သူ၏ သင်္ဘောသားများက သူ့အား သူ၏ အခန်းတွင်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းဖြစ်ပြီးနောက် ပိုလန်နိုင်ငံမှ Royal Caribbean သင်္ဘောသား တစ်ဦး ဧပြီလ ၃၀ ရက်နေ့တွင် Jewel of the Seas သင်္ဘောပေါ်မှ ခုန်ချ၍  သေဆုံးမှု ဖြစ်ပွားခဲ့သည်။
 
သင်္ဘောသားများ၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ရေးကို ထောက်ထားပြီး၊ ယခုအခါ လုံးဝ အခရာကျသည်မှာ အစိုးရများနှင့် အလံငှါးနိုင်ငံများအနေဖြင့် လက်ရှိအချိန်၌ ဆိုးရွားသည့် ဒုက္ခကို ခံစားနေရသည့် သင်္ဘောသား အားလုံးအတွက် အိမ်ပြန်ပို့ရေးကို ပံ့ပိုးပေးရန် မိမိတို့၏ အားထုတ်မှုများကို နှစ်ဆလုပ်ရပါမည်။ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ကျွန်ုပ်တို့၏ လုပ်အားဝန်ဆောင်မှုကို အလေးအနက် မထားဘဲ ရယူ၍ မရပါဟု Heindel က ပြောကြားခဲ့သည်။

Post new comment

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်