Skip to main content

ပင်လယ်နီ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သင်္ဘောသားများ၏ လုံခြုံရေးအတွက် ITF တောင်းဆို

news 21 Dec 2023

ပင်လယ်နီတွင် ကုန်သွယ်သင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် သင်္ဘောသားများ၏ လုံခြုံရေးမှာ ပဓာနကျသည်ဟု တောင်းဆိုလိုက်ပါသည်။

ဦးဆောင်သင်္ဘောကုမ္ပဏီများဖြစ်ကြသည့် Maersk, Hapag Lloyd, နှင့် MSC အပါအဝင်တို့က သင်္ဘောသားများ၏ အသက်အန္တရာယ် ကျရောက်စေခြင်းမှ ရှောင်ရှားရန်အတွက် ပင်လယ်နီ အသုံးပြုခြင်းကို ရှောင်ရှားကြပြီး သင်္ဘောအများအပြားမှာ လမ်းကြောင်းပြောင်းသွားခဲ့ကြသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။

BP နှင့် ရေနံတင်သင်္ဘောအုပ်စုဖြစ်သည့် Frontline က ပင်လယ်နီ ရေလမ်းကြောင်းကို ယာယီ ရပ်ဆိုင်းလိုက်သည့်သတင်းအား ကျွန်ုပ်တို့ ကြိုဆိုပါသည်။

တူးမြောင်း Suez Canal အပါအဝင် ပင်လယ်နီ လမ်းကြောင်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ကျွန်ုပ်တို့ သိပါသည်၊ ထို့ပြင် Cape of Good Hope အနီးတစ်ဝိုက်လမ်းကြောင်း ပြောင်းလဲအသုံးပြုခြင်းမှာ ရေမိုင် သုံးထောင် (3,000) ကျော် ခရီး ပို၍သွားရသည်ကိုလည်း ကျွန်ုပ်တို့ သိပါသည်သင်္ဘောသားများအဖို့ ပင်လယ်ပြင်၌ အချိန်အားဖြင့် ရက်သတ္တပတ်များစွာ တိုး၍နေပေးရပါသည်။

လမ်းကြောင်းပြောင်း၍သွားခြင်းမှာ ကမ္ဘာ့ကုန်စည်ဖြန့်ချီရေး ကွင်းဆက်များ၌ တာဝန်လှည့်ပတ် ဆောင်ရွက်ရသည့်အပေါ် သိသိသာသာ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း ၎င်းသည် အရေးအကြီးဆုံးအားဖြင့် ပင်လယ်နီကြောင့် လက်ရှိဖြစ်ပျက်နေသည့် အန္တရာယ်ကို သင်္ဘောသားများ အပေါ် လျှော့ချပေးရာရောက်ပါမည်။ 

‘ITF ရဲ့ အဓိက စိုးရိမ်ပူပန်မှုဟာဆိုရင် သင်္ဘောသားတွေရဲ့ လုံခြုံရေးဖြစ်ပါတယ်၊ ဒီစိုးရိမ်ပူပန်မှုတွေကို သင်္ဘောလုပ်ငန်း ကုမ္ပဏီတွေက မျှဝေခံယူဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဟု Stephen Cotton, ITF အထွေထွေအတွင်းရေးမှူးက ပြောလိုက်သည်။ သင်္ဘောသားတွေဟာ ကမ္ဘာကြီးရဲ့ အရွှေ့ကို လုပ်ဆောင်ပေးပါတယ်။ သင်္ဘောတွေကို ရေလမ်းကြောင်းပြောင်း အသုံးပြုနေတဲ့ သင်္ဘောကုမ္ပဏီတွေကို ကျွန်တော်တို့ ချီးမွမ်းပါတယ်။ ခုချိန်မှာ အလေးထားဖို့ လိုအပ်တာက သင်္ဘောသားတွေရဲ့ ကျန်းမာရေးနှင့် လုံခြုံရေးဖြစ်ပြီးတော့ စက်ဆီနှင့် သယ်ယူပို့ဆောင်ရေး စရိတ်နှင့်ပတ်သက်ပြီး အလေးပေးမှု နည်းပါးဖို့ လိုအပ်ပါတယ်။”


ပြီးပြီး


မီဒီယာ အဆက်အသွယ်- ITF: media@itf.org.uk


ITF အကြောင်း- အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers’ Federation (ITF)) သည် ကမ္ဘာ့ဦးဆောင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့် ဒီမိုကရေစီဆန်ဆန် အဖွဲ့ဝင်-ဦးဆောင်သည့် စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်ကိုင်ရာ ဘဝများကို ပိုမိုတက်တက်အောင်လုပ်ရန် ဇောက်ချ၍ တိုက်ပွဲဝင်ပါသည် - နိုင်ငံပေါင်း 150 နိုင်ငံမှ ကုန်သွယ် သမဂ္ဂများကို ၎င်းတို့၏ အဖွဲ့ဝင်များအတွက် အခွင့်အရေးများ၊ တန်းတူရှိမှုနှင့် တရားမျှတမှု ရရှိရေးအတွက် ဆက်စပ်ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်လုပ်ကိုင်သည့် အမျိုးသမီး အမျိုးသားပေါင်း သန်း 20 နီးပါးအတွက် ပြောဆိုသံဖြစ်ပါသည်။

ON THE GROUND

news 23 May 2024

Gabon နှင့် Eswatini နိုင်ငံတို့ကို သင်္ဘောအလံငှါးများအဖြစ် စာရင်းသွင်း

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် နိုင်ငံသစ် နှစ်နိုင်ငံကို ၎င်း၏ရှည်လျားလှသော သင်္ဘောအလံငှါးများ စာရင်းတွင်
news Press Release 21 May 2024

သင်္ဘောနိုင်ငံ၏ ညစ်ပတ်ယုတ်ညံ့သော စီးပွားရေးကြောင့် သင်္ဘောသားများ အနစ်နာခံကြရ

ပင်လယ်နီ၌ ဖြစ်ပွားသောဖြစ်ရပ်များက ‘ အလံငှါး သင်္ဘော ’ ပိုမိုတိုးပွားလာမှုအား အခွင့်သာပေးနေသည့် အန္တရာယ်ကို ပြသလျက်ရှိသည်။ Jacqueline Smith , အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ
news 16 May 2024

သြစတြေးလျနိုင်ငံ နည်းဗျူဟာကျသော သင်္ဘောအုပ်စုသည် သင်္ဘောလုပ်ငန်းအား ကျောထောက်နောက်ခံပြုမည်

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ် (International Transport Workers' Federation (ITF)) သည် အဲလ်ဘနစီ အစိုးရ၏ တတိယအကြိမ် နိုင်ငံ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်